iphone1103.jpg

လူအများအပြားစိတ်ဝင်စားခဲ့ကြတဲ့ iPhone 11 နဲ့ပတ်သက်တဲ့ You Tube ဗီဒီယို

၂၀၁၉ ထုတ် iPhone တွေကို ဘယ်အချိန်မိတ်ဆက်မလဲဆိုတာ Apple ကတောင် မသေချာသေးချိန်မှာ iPhone နဲ့ပတ်သက်တဲ့ကောလာဟလတွေကတော့ ပလူပျံနေပါပြီ။ ဒါလည်း ထုံးစံလိုဖြစ်နေခဲ့တာကြောင့် သိပ်ထူးခြားလွန်းနေတဲ့ကိစ္စမျိုးတော့မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ အခုနောက်ဆုံးပေါက်ကြားထားခဲ့မှုတစ်ခုကတော့ iPhone 11 နဲ့ iPhone…

fruit03.jpg

လူမှုကွန်ယက်အသုံးပြုသူတွေကို ဘာအသီးလဲလို့ ဝေခွဲရခက်စေတဲ့ အသီး

ရုတ်တရက်ကြည့်လိုက်ရင် အစေ့နုနုလေးတွေနဲ့ပြောင်းဖူးနဲ့ တူတယ်လို့ ထင်ရပေမဲ့ သေချာကြည့်လိုက်ရင် ဘာအသီးမှန်းမသိဖြစ်ရမှာ။ အဲဒီအသီးပုံကို လူမှုကွန်ယက်အသုံးပြုသူတွေက ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ပေးခဲ့ပြီးတဲ့နောက်မှာ တစ်စတစ်စနဲ့ လူပြောများလာခဲ့ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက နာနတ်သီးလား၊ ငှက်ပျောသီးလားဆိုပြီး ခန့်မှန်းရင်းနဲ့ သူူတို့ကို ဝေခွဲရခက်စေခဲ့ပါတယ်။ အဲဒီအသီးကို မြင်လိုက်ရင်ကိုပဲ…

water01.jpg

ကလေးတွေကိုအန္တရာယ်ဖြစ်စေနိုင်တာကြောင့် Contigo ရေဗူးသန်းချီကိုပြန်လည်သိမ်းဆည်း

ရေဗူးမှာတပ်ဆင်ထားတဲ့ ဆီလီကွန်နှုတ်သီးက ကျွတ်ထွက်လွယ်နေတဲ့အတွက် ကလေးရဲ့လည်မျိုမှာဆို့ပြီးအသက်ရှုကြပ်စေမယ့်အန္တရာယ်ရှိနေတာကြောင့် သန်းနဲ့ချီတဲ့ Contigo အမှတ်တံဆိပ်ကလေးသုံးရေဗူးတွေကို ကုမ္ပဏီက ပြန်သိမ်းဆည်းလိုက်ပြီလို့ အမေရိကန်နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် (CPSC) က အဂါင်္နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ချီကာဂိုအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Contigo ဟာ ဖောက်သည်တွေဆီက တိုင်စာပေါင်း (၁၄၉)…

davidwright03.jpg

လုပ်သက်ရင့်ကျောင်းကားမောင်းသမားကြီးရဲ့ဈာပနအတွက် ထူးခြားတဲ့စီစဉ်မှု

ဒေးဗစ် ရိုက် (David Wright) ဆိုသူ အမျိုးသားဟာ နှစ်ပေါင်း (၅၀) နီးပါးလောက် Wilson Contry Schools မှာ ကျောင်းကားမောင်းရင်း သူ့ဘဝကို မြှပ်နှံထားခဲ့တာပါ။ လက်ဘနွန်နိုင်ငံ (Lebanon) က လူတိုင်းနီးပါးက…

kindheard01.jpg

(၈) နှစ်သားကလေးငယ်တစ်ဦးရဲ့ လှပတဲ့နှလုံးသား

မေတ္တာအကြင်နာတရားဆိုတာ လူတိုင်းရဲ့စိတ်နှလုံးကို ငြိမ်းချမ်းစေတဲ့အရာပါ။ ဖေးမကူညီခြင်းဆိုတာကလည်း လူတိုင်းမှာ ရှိသင့်ရှိအပ်တဲ့အပြုအမူတစ်ခုဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ပြောပြချင်တဲ့အဖြစ်အပျက်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ ဖေးမကူညီမှုလေးတစ်ခုကြောင့် ငယ်ရွယ်ပေမဲ့အကြင်နာတရားကြီးမားတဲ့သူ လို့ ချီးမွမ်းမှုတွေရလိုက်တဲ့ မူလတန်းကျောင်းသားလေးတစ်ဦးရဲ့အကြောင်းပါ။ အသက် (၈) နှစ်အရွယ် ခရစ္စရှန် မော်ရ် (Christian…

28aug1911.jpg

ပျားရည်လာခိုးသောက်တဲ့ဝက်ဝံတွေဆီကနေ အကြံကောင်းတစ်ခုရခဲ့တဲ့ ပျားမွေးမြူရေးသမား

ဝက်ဝံတွေက ပျားရည်ကြိုက်ကြတာကို စာဖတ်ပရိသတ်တွေ ကြားဖူးကြမှာပါ။ သူတို့လေးတွေက ပျားရည်မြင်ရရင်ကိုပဲ မသောက်ဘဲမနေနိုင်ကြသူလေးတွေပါ။ အဲဒီလို ကြိုက်လွန်းတဲ့သူတို့တွေေကြောင့် ပျားမွေးမြူတဲ့သူတွေတောင် ခေါင်းကိုက်နေရပါတယ်။ ချစ်စရာကောင်းတဲ့သူတို့တွေက ပျားမွေးမြူရေးခြံကို လာဖြစ်တဲ့ဧည့်သည်လေးတွေပေါ့။ ဒါပေမဲ့ တစ်ခါတရံ သူတို့လုပ်လိုက်တဲ့ ပျက်စီးမှုတွေက ထောင်ပေါင်းများစွာတန်တာကြောင့် သူတို့ကို…

28aug1907.jpg

MacBook Pro တွေသယ်ဆောင်လာခြင်းကိုတားမြစ်လိုက်တဲ့ စင်္ကာပူလေကြောင်းလိုင်း

စင်္ကာပူလေကြောင်းလိုင်း (SIA) က ခရီးသည်တွေအနေနဲ့ ဘက်ထရီချွတ်ယွင်းချက်ရှိနေတဲ့ (၁၅) လက်မ MacBook Pro တွေကို လေယာဉ်ခရီးစဉ်မှာသယ်ဆောင်မလာကြဖို့ SIA ရဲ့ဝက်ဘ်ဆိုက်ကနေ တရားဝင်အသိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ ဥရောပသမဂ္ဂလေကြောင်းလုံခြုံရေးဌာန (EASA) နဲ့ အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲမှုအဖွဲ့ (FAA)…

69916159_2234286766697235_841390282334273536_n.jpg

Guiness စံချိန်ဝင်ခဲ့တဲ့ မက္ကဆီကန်အကသမားများရဲ့ Folk အကပွဲ

ပြီးခဲ့တဲ့ သြဂုတ်လ (၂၄) ရက်က မက္ကဆီကန်အမျိုးသား၊ အမျိုးသမီးအကသမား (၈၈၂) ဦးပါဝင်တဲ့ အကအဖွဲ့ဟာ မက္ကဆီကိုနိုင်ငံ၊ ဂွာဒါလာဂျာရာမြို့မှာ Mariachi ဂီတသံစဉ်တွေနဲ့ ကပြဖျော်ဖြေပြီး ကမ္ဘာ့စံချိန်တစ်ခုကို ရရှိခဲ့ပါတယ်။ စံချိန်တင်မှတ်တမ်းဝင်နိုင်ဖို့အတွက် အကသမားတွေအနေနဲ့ ကကွက်အစီအစဉ်အမှားအယွင်း လုံးဝမရှိစေဘဲ…

cancer01.jpg

ကင်ဆာရောဂါသည်နဲ့ သူ့ရဲ့သစ္စာရှိခွေးလေးတို့ရဲ့ ဝမ်းနည်းစရာဖြစ်ရပ်

စကော့တလန်နိုင်ငံက စတောက်တ် ဟတ်ချီဆန် (Stuart Hutchison) ဆိုတဲ့အမျိုးသားဟာ ၂၀၁၁ခုနှစ်မှာ ဦးနှောက်အကြိတ်ကင်ဆာကို ခံစားခဲ့ရပြီး ၂၀၁၄ခုနှစ်မှာ ရောဂါပြင်းထန်လာခဲ့ပါတယ်။ ၂၀၁၈ခုနှစ်မှာ ကင်ဆာဆဲလ်တွေက သူ့အရိုးထဲရောက်သွားတဲ့အခါမှာ နောက်ထပ်ရောဂါအခြေအနေဆိုးရွာလာခဲ့ပါတယ်။ အသက် (၂၅) နှစ်သာရှိသေးတဲ့ စတောက်တ်က ဇနီးဖြစ်သူ…

fb04.jpg

အဓိပ္ပာယ်မဲ့ပြီး စိတ်အနှောက်အယှက်ဖြစ်စေတဲ့ပို့စ်မှန်သမျှကို News Feed မှာမပေါ်အောင်ဖျောက်ပစ်တော့မယ့် Facebook

Clickbait တွေ၊ ထိတ်လန့်ခြောက်ခြားစရာပို့စ်တွေနဲ့ မှတ်သားလောက်စရာတစ်ခုတလေမပါတဲ့ပို့စ်မှန်သမျှကို အသုံးပြုသူတွေရဲ့ News Feed မှာပေါ်မလာအောင် ဖျောက်ထားတော့မယ်လို့ Facebook က ကြေညာလိုက်ပါပြီ။ အသုံးပြုသူတွေအနေနဲ့ အသုံးမဝင်၊ မလိုလားအပ်တဲ့အကြောင်းအရာ (Spam) တွေကို News Feed မှာမမြင်ရတော့စေဖို့…