62404656_2414361555261417_6301033953163739136_n-1.jpg

ခရီးသည်တွေရဲ့ ညီညွတ်မှုကြောင့် ကာဇက်စတန်လေဆိပ်မှာ ထိုင်ခုံတွေ ပြန်လည်တပ်ဆင်

ခရီးသည်တွေက တက်ညီလက်ညီတိုက်တွန်းခဲ့ကြလို့ ကာဇက်စတန်နိုင်ငံ လေဆိပ်ရဲ့ အများပြည်သူဝင်ထွက်သွားလာနိုင်တဲ့နေရာမှာ ထိုင်ခုံတွေ ပြန်လည်တပ်ဆင်လိုက်ပါပြီ။ ကာဇက်စတန်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဆမာနိုဗာက အယ်လ်မာတီလေဆိပ်ရဲ့အခြေအနေကို ဖေ့ဘွတ်ခ်ပေါ်မှာ ရေးသားဖော်ပြခဲ့ပြီးနောက် သတင်းပျံ့နှံ့သွားခဲ့တာပါ။ လေဆိပ်မှာ ခရီးသည်တွေက ကိုယ့်ခရီးဆောင်အိတ်ကို ဖင်ခုထိုင်နေရတဲ့ဓာတ်ပုံကိုလည်း ဆမာနိုဗာက ဖော်ပြခဲ့ပါတယ်။ အစောပိုင်းက…

61959429_2414369965260576_7527247232135856128_n.jpg

ရုရှားခရီးစဉ်အတွက် တရုတ်သမ္မတရဲ့လက်ဆောင် ပန်ဒါနှစ်ကောင်

အရင်ခေတ်ကတည်းက နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ရွှေလမ်းငွေလမ်းခင်းရင် လက်ဆောင်ပဏ္ဍာတွေ ပေးအပ်လေ့ရှိပါတယ်။ တချို့ကလည်း သမီးကညာပါဆက်သပြီး ချစ်ကြည်ရေးတည်ဆောက်ကြပါတယ်။ ရုရှားနိုင်ငံကို (၃) ရက်ကြာခရီးစဉ်သွားရောက်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ ပန်ဒါဝက်ဝံနှစ်ကောင် ယူသွားပြီး ချစ်ကြည်ရေးတည်ဆောက်ခဲ့ပါတယ်။ ဒါကြောင့်လည်း မီဒီယာတွေက တရုတ်နိုင်ငံရဲ့ ”panda…

62520865_2414369861927253_3425015756025233408_n.jpg

ဖခင်က ငါးမန်းကိုလက်သီးနဲ့ထိုးပြီး သမီးကိုကယ်တင်

အမေရိကန်နိုင်ငံ မြောက်ပိုင်းကာရိုလိုင်းနားပြည်နယ်က အမျိုးသားတစ်ယောက်ဟာ ငါးမန်းကို လက်သီးနဲ့ ငါးချက်ထိုးပြီး သမီးဖြစ်သူကို ကယ်တင်ခဲ့ပါတယ်။ အသက် (၁၇) နှစ်ရှိတဲ့ ပိုင်ဂျီဝင်တာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အတ္တလန ္တိတ်ကမ်းခြေမှာ ငါးမန်းကိုက်ခံခဲ့ရပါတယ်။ ငါးမန်းက သူ့သမီးကို…

62100758_2414370435260529_9165052217835651072_n.jpg

နှလုံးထိခိုက်မှုတွေကိုပြင်ဆင်ပေးမယ့် နှလုံးပန့်အပိုင်းအစ

ပင်မဆဲလ်အရှင် သန်းနဲ့ချီပါဝင်တဲ့ နှလုံးပန့်အပိုင်းအစ(Pumping Heart Patch)ဟာ နှလုံးရောဂါဖောက်လို့ ဖြစ်ပေါ်လာတဲ့ ထိခိုက်ပျက်စီးမှုတွေကို ပြင်ဆင်ပေးနိုင်လိမ့်မယ်လို့ သုတေသီတွေက ပြောပါတယ်။ လူနာရဲ့ ဆဲလ်နမူနာယူပြီး ဓာတ်ခွဲခန်းမှာ မွေးမြူဖန်တီးရမယ့် နှလုံးပန့်အပိုင်းအစဟာ အလျား (၃) စင်တီမီတာ၊ အနံ…

61947627_2414361875261385_8511285739286167552_n.jpg

ရုရှားနိုင်ငံမှာ ရထားလမ်းဖောက်ထားတဲ့တံတားကို ဖြတ်ခိုး

ရုရှားနိုင်ငံမှာ သံထည်ပစ္စည်းခိုးယူသူတွေက ရထားလမ်းဖောက်ထားတဲ့တံတားတစ်စိတ်တစ်ပိုင်းကို ခိုးသွားလို့ ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။ သူခိုးတွေဟာ တံတားရဲ့ပင်မအစိတ်အပိုင်းဖြစ်ပြီး အရှည် (၂၃) မီတာ၊ အလေးချိန် (၅၆) တန်ရှိတဲ့ သံထည်ကို ဖြတ်ခိုးသွားတာပါ။ ရထားလမ်းဖောက်ထားတဲ့တံတားဟာ ရုရှားနိုင်ငံရဲ့ အာတိတ်ဒေသဖြစ်တဲ့ မာမန့်စ်မြို့တောင်ဘက်…

62255051_2414369811927258_7529575546791919616_n.jpg

လူသားတွေရဲ့ အဆုံးစွန်ခံနိုင်ရည်ကို သိပ္ပံပညာရှင်တွေ တွက်ထုတ်

လူသားတွေရဲ့ အန္တိမခံနိုင်ရည်က ဘယ်အတိုင်းအတာအထိရှိမလဲဆိုတာကို သိပ္ပံပညာရှင်တွေက တွက်ထုတ်ခဲ့ကြပါတယ်။ မိုင် (၃၀၀၀) ကျော် ကွာဝေးတဲ့ အပြေးပြိုင်ပွဲ၊ Tour de France စက်ဘီးစီးပြိုင်ပွဲနဲ့ တခြားထိပ်တန်းအဆင့် ပြိုင်ပွဲတွေရဲ့ အချက်အလက်တွေကို လေ့လာသုံးသပ်ပြီး သိပ္ပံပညာရှင်တွေက နောက်ဆုံးအဆင့်ခံနိုင်ရည်ကို…

14370024-0-image-a-8_1559677047057.jpg

တိရိစ္ဆာန်အစစ်တွေအစား သုံးဖက်မြင်ရုပ်ကြွတွေသုံးပြီးပြသတဲ့ဆပ်ကပ်ပွဲ

ဂျာမန်ဆပ်ကပ်အဖွဲ့တစ်ခုကတော့ သက်ရှိတိရိစ္ဆာန်တွေနေရာမှာ သုံးဖက်မြင်ရုပ်ကြွသုံးပြီးပြသတဲ့ ကမ္ဘာ့ပထမဆုံး ဆပ်ကပ်အဖွဲ့ဖြစ်လာပါတယ်။ (၁၉၉၀) ခုနှစ်တွေကလိုမျိုး ဖျော်ဖြေရေးအတွက် တိရိစ္ဆာန်တွေကိုမသုံးတော့ဘဲ ရေရှည်အကျိုးမျှော်ကိုးတဲ့အနေနဲ့ တခြားနည်းလမ်းပြောင်းဖို့ ရွန်ကာလီဆပ်ကပ်က စတင်ဖန်တီးခဲ့တာပါ။ (၁၉၇၆) ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဒီဆပ်ကပ်မှာ တကယ့်တိရိစ္ဆာန်ကောင်ရေကို လျှော့ချခဲ့သလို ဆင်၊…

11911588-6891265-image-a-18_1554483943876.jpg

လမ်းဘေးမီးတိုင်အောက်မှာ အိမ်စာလုပ်နေရတဲ့ကောင်လေးကို အကူအညီပေးခဲ့တဲ့ မီလျံနာ

ပီရူးနိုင်ငံက ဗစ်တာ အန်ဂူလို ကော်ဒိုဘာ (Víctor Martín Angulo Córdoba) ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ အိမ်မှာလျှပ်စစ်မီးမရှိလို့ လမ်းမီးတိုင်အောက်ကိုသွားပြီး သူ့ရဲ့အိမ်စာတွေကို ပြီးစီးအောင်လုပ်နေခဲ့ပါတယ်။ သူ့ပုံစံကို မြင်လိုက်ရတဲ့လူတစ်ယောက်က ဓာတ်ပုံရိုက်ကူးပြီး လူမှုကွန်ရက်မှာတင်ပြီး မျှဝေလိုက်ပါတယ်။ သူ့ရဲ့…

62038951_1353748478110228_605846343017037824_n.jpg

ဒေါ်လာသောင်းချီတန်ကြေးရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဒူးရင်းသီး

ဒူးရင်းသီးတွေလှိုင်လှိုင်ပေါပြီး ဈေးကောင်းရနေတဲ့အချိန်မှာ ကမ္ဘာ့ဈေးအကြီးဆုံးဒူးရင်းသီးကတော့ ထိုင်းနိုင်ငံမှာ ပေါ်လာပါပြီ။ ထိုင်းနိုင်ငံ၊ နွန်သာဘူရီ ပြည်နယ်က စိုက်ပျိုးရေးရုံးကနေကြီးမှူးကျင်းပတဲ့ “King of Durian 2019” အခမ်းအနားမှာ ကမ္ဘာ့ဈေးအကြီးဆုံး ဒူးရင်းသီး (၉) လုံးကို လေလံတင်ရောင်းချခဲ့ပါတယ်။ အဲဒီအထဲမှာမှ…

DSC02654.0.jpg

Apple ရဲ့ Mac Pro ဝယ်သုံးမလား ကားအသစ်ဝယ်စီးမလား

Apple ကတော့ သုံးစွဲသူတွေအံ့အားသင့်လောက်စရာ စနစ်သုံးမှတ်ဉာဏ်ပမာဏ 1.5 Terabytes ပါဝင်လာတဲ့ နည်းပညာမြင့် Mac Pro ကွန်ပျူတာမော်ဒယ်အသစ်ကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာ စတင်မိတ်ဆက်ခဲ့ပါပြီ။ မှတ်ဉာဏ်ပမာပမာဏနည်းတူ အံ့အားသင့်စရာကောင်းနေတဲ့ နောက်ထပ်ကိန်းဂဏန်းတစ်ခုကတော့ ဒီကွန်ပျူတာရဲ့ ရောင်းဈေးဖြစ်ပါတယ်။ The…