yyl-006-1.jpg

အီရန်နိုင်ငံမှာ Covid-19 ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ဖို့ အကျဉ်းသား ၅၄,၀၀၀ ကို ယာယီလွှတ်ပေး

လူအပြည့်အသိပ်ရှိနေတဲ့ အကျဉ်းထောင်တွေထဲမှာ Covid-19(ကိုရိုနာဗိုင်းရပ်စ်သစ်)ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ဖို့အတွက် အီရန်နိုင်ငံက အကျဉ်းသား ၅၄,၀၀၀ ကျော်ကို ယာယီလွှတ်ပေးခဲ့ပါတယ်။ စစ်ဆေးမှုတွေပြုလုပ်ရာမှာ Covid-19 ကူးစက်ခံရခြင်းမရှိတဲ့ အကျဉ်းသားတွေကို အာမခံကြေး ပေးခိုင်းပြီး အကျဉ်းထောင်ကနေ ယာယီလွှတ်ပေးခဲ့တာလို့ တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစမိုင်လီက…

yyl-003-1.jpg

ထိုင်းနိုင်ငံက စက်ရုံတစ်ရုံဟာ အသုံးပြုပြီးသား mask အဟောင်းတွေကို မီးပူတိုက်ပြီး ပြန်လည်ရောင်းချနေ

COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဟာ နိုင်ငံ (၈၀) အထိရှိနေပြီး (၉) သောင်းကျော်နေပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက လူတွေက အဲဒီဗိုင်းရပ်စ်ကနေ ကာကွယ်ဖို့အတွက် လက်ကို သန့်စင်အောင်ထားပြီး mask ဝတ်ဆင်ဖို့ အရေးကြီးပါတယ်။ စက်ရုံတွေက maskတွေကို အကန့်အသတ်နဲ့ ထုတ်လုပ်ရတဲ့အတွက်…

yyl-00၃.jpg

အမေရိကန်နဲ့ သဘောတူစာချုပ် ချုပ်ဆိုပြီး ရက်ပိုင်းအကြာမှာ တာလီဘန်အဖွဲ့က အာဖဂန်တပ်ဖွဲ့တွေကို တိုက်ခိုက်မှုလုပ်ဖို့ ပြင်ဆင်

အာဖဂန်နစ္စတန်နိုင်ငံမှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး အမေရိကန်နိုင်ငံနဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ တာလီဘန်အဖွဲ့က အာဖဂန်နစ္စတန်အစိုးရတပ်ဖွဲ့တွေကို တစ်ကျော့ပြန် တိုက်ခိုက်မှုလုပ်ဖို့ စီစဉ်နေပါတယ်။ အမေရိကန်နိုင်ငံနဲ့ သဘောတူစာချုပ် မချုပ်ဆိုခင် သီတင်းပတ်မှာ တာလီဘန်အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုတွေကို လျှော့ချခဲ့ပါတယ်။ အဲဒီစာချုပ်မှာ…

yyl-002-1.jpg

မဲရုံအထွက် စစ်တမ်းကောက်ယူမှုအရ အစ္စရေးရွေးကောက်ပွဲမှာ နေတန်ယာဟု အနိုင်ရဖွယ်ရှိ

အစ္စရေးနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ မဲရုံအထွက် စစ်တမ်းကောက်ယူမှုအရ ဝန်ကြီးချုပ် နေတန်ယာဟုက အဓိကပြိုင်ဘက် ဘင်နီဂန့်ဇ်ထက် မဲရလဒ် အသာရနေပြီး ရွေးကောက်ပွဲ အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။ စစ်တမ်းကောက်ယူမှု ၃ ခုအရ နေတန်ယာဟုရဲ့ လက်ယာဝါဒရှိတဲ့ လီကုဒ်(Likud)ပါတီဟာ အမတ်နေရာ…

yyl-001-1.jpg

Covid-19 ကြောင့် အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၆ ယောက်ရှိလာ

Covid-19 ကြောင့် အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၆ ယောက်ရှိလာပြီး သေဆုံးသူအားလုံးက ဝါရှင်တန်ပြည်နယ်မှာ နေထိုင်သူတွေဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Covid-19 ကူးစက်ခံထားရတဲ့ နိုင်ငံ ၆၂ နိုင်ငံအထိ ရှိနေပြီး အဲဒီနိုင်ငံတွေထဲမှာ ၃၈ နိုင်ငံကတော့ ကူးစက်ခံရသူ…

yyl-007.jpg

Covid-19 ကူးစက်ပျံ့နှံ့မှုကို တားဆီးရာမှာ အထောက်အကူဖြစ်စေဖို့ တွစ်တာကုမ္ပဏီက ဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ခိုင်း

Covid-19(ကိုရိုနာဗိုင်းရပ်စ်သစ်)ကူးစက်ပျံ့နှံ့မှုကို တားဆီးရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် တွစ်တာကုမ္ပဏီက ဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဟောင်ကောင်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာရှိတဲ့ ဝန်ထမ်းတွေဟာ သူတို့လုပ်စရာရှိတဲ့ အလုပ်တွေကို အိမ်ကနေပဲ လုပ်ကြရမယ်လို့ တွစ်တာကုမ္ပဏီရဲ့ ဘလော့စာမျက်နှာမှာ ဖော်ပြပါတယ်။…

yyl-001.jpg

ဖိလစ်ပိုင်စျေးဝယ်စင်တာကို စီးနင်းသူ လက်နက်ချ အညံ့ခံ၊ ဓားစာခံအားလုံး ဘေးမသီရန်မခ ပြန်လွတ်မြောက်လာ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က V-Mall စျေးဝယ်စင်တာမှာ ၁၀ နာရီကြာ ဖမ်းဆီးခံခဲ့ရတဲ့ ဓားစာခံတွေ ပြန်လွတ်မြောက်လာပြီး သေနတ်သမားကလည်း လက်နက်ချ အည့ံခံလိုက်ပါပြီ။ သေနတ်သမားဟာ အသက် ၃၂ နှစ်အရွယ်ရှိပြီး အာချီပါရေးလို့ အမည်ရပါတယ်။ သူဟာ Safeguard…

intl05.jpg

သူရှိရာနေရာကို အမှန်မပြောလို့ Covid-19 ကူးစက်ခံရသူတစ်ယောက်ကို စင်ကာပူနိုင်ငံက ထောင် ၆ လချမှတ်ဖွယ်ရှိ

Covid-19 (ကိုရိုနာဗိုင်းရပ်စ်သစ်)ကူးစက်ခံခဲ့ရတဲ့ တရုတ်နိုင်ငံသားတစ်ယောက်ဟာ သူ ရောက်ရှိနေတဲ့ နေရာနဲ့ပတ်သက်ပြီး သတင်းမှားပေးခဲ့တဲ့အတွက် စင်ကာပူနိုင်ငံမှာ ထောင်ဒဏ် ၆ လအထိ ချမှတ်ခံရဖွယ်ရှိနေပါတယ်။ အသက် ၃၈ နှစ်ရှိတဲ့ အဲဒီအမျိုးသားဟာ Covid-19 စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ တရုတ် နိုင်ငံအလယ်ပိုင်း…

intl04.jpg

သေနတ်နဲ့ဆယ်လ်ဖီရိုက်ရင်း ကလေးကို ပစ်မိခဲ့လို့ ကလေးထိန်းအမျိုးသမီး ဖမ်းဆီးခံရ

ကလေးထိန်း အမျိုးသမီးတစ်ယောက်က သေနတ်ကိုင်ပြီး ဆယ်လ်ဖီရိုက်ခဲ့လို့ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ယောက် သေနတ်ထိမှန်ခဲ့တယ်လို့ ဟူစတန်မြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကိုက်တလင်းစမစ်က သေနတ်မောင်းမတင်ထားဘူးထင်ပြီး ခလုပ်ပေါ် လက်တင်လိုက်ရာမှာ ကျည်ထွက်သွားခဲ့တာလို့ ယူဆထား ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က…

intl03.jpg

ပါကစ္စတန်နိုင်ငံက ကျိုင်းကောင်တွေကို ရှင်းလင်းဖယ်ရှားဖို့ တရုတ်နိုင်ငံက ဘဲအကောင်ရေ ၁၀၀,၀၀၀ ပို့ပေးမယ်

ကောက်ပဲသီးနှံတွေကို ကိုက်ဖြတ်စားသောက်တတ်တဲ့ ကျိုင်းကောင်တွေကို ရှင်းလင်းဖယ်ရှားရာမှာ အထောက်အပံ့ဖြစ်စေဖို့အတွက် တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံကို ဘဲအကောင်ရေ ၁၀၀၀၀၀ စေလွှတ်ဖို့ စီစဉ်နေပါတယ်။ အရွယ်ရောက်ပြီးသား ဘဲတစ်ကောင်က တစ်နေ့ကို ကျိုင်းကောင် ၂၀၀ ကျော် ကိုက်ဖြတ်စားသောက်နိုင်လို့ ဘဲတွေကို စေလွှတ်တာဟာ…