yyl-007-19.jpg

ပလတ်စတစ်ဘူးခွံထည့်လိုက်တိုင်း ခွေးတွေအတွက် အစားအစာထုတ်ပေးတဲ့စက်

ကုမ္ပဏီတော်တော်များများက ပတ်ဝန်းကျင်ကာကွယ်ဖို့နဲ့ လေလွင့်ခွေးတွေကို ကူညီပေးဖို့အတွက် စဉ်းစားပေးတတ်ကြပါတယ်။ ပလတ်စတစ်အမှိုက်တွေက ပတ်ဝန်းကျင်နဲ့ ပင်လယ်နေသတ္တဝါတွေ ထိခိုက်နေကြတာကို ကျွန်တော်သိရှိပြီးသားပါ။ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းမှာ လေလွင့်ခွေး သန်း(၂၀၀) လောက်ရှိနေပါတယ်။ အဲဒီခွေးတွေကို ကူညီပေးဖို့အတွက် တူရကီနိုင်ငံက ကုမ္ပဏီတစ်ခုက အစားအစာထုတ်ပေးတဲ့စက်ကို…

yyl-042-7.jpg

လူငယ်တွေထက်တောင် ဖက်ရှင်ကျလွန်းတဲ့ ဆယ်လီဘွားဘွား

အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုသာဖြစ်တယ်ဆိုတာကို အသက် (၉၂) နှစ်အရွယ် ဆယ်လီဘွားဘွားတစ်ယောက်ကလည်း သက်သေပြလို့နေပါတယ်။ အဲဒီဘွားဘွားဟာ ဟယ်လင် ရက်သ် ဗန် ဝပ်ကယ် ဆိုသူဖြစ်ပြီး follower (၃) သန်းရှိတဲ့ အင်စတာဂရမ်ဆယ်လီတစ်ယောက်ပါ။ သူ့ရဲ့follower တွေထဲမှာ နိုင်ငံတကာက…

yyl-031-16.jpg

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဖော်ထုတ်နိုင်ဖို့အတွက် ယွမ် သန်း(၁၀၀) လှူဒါန်းခဲ့တဲ့ ဂျက်မား

လက်ရှိအချိန်ထိတော့ ကိုရိုနာဗိုင်းရပ်စ်က နိုင်ငံအနှံ့အပြားမှာ ပျံ့နှံ့နေပြီး သေဆုံးသူဦးရေနဲ့ ကူးစက်ခံရသူဦးရေတွေဟာ မြင့်တတ်လျက်ရှိပါတယ်။ သုတေသနပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဖော်ထုတ်နိုင်ဖို့အတွက် တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးအမျိုးသား ဂျက်မားက ယွမ် သန်း(၁၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီဂျစ်တယ်စီးပွားရေးကုမ္ပဏီ အလီဘာဘာထည်ထောင်သူ…

yyl-026-17.jpg

အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ မူးယစ်ဆေးဝါးခိုးသွင်းဖို့ ဖောက်ထားတဲ့ အရှည်ဆုံးဥမင်လိုဏ်ခေါင်း တွေ့ရှိ

အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ မူးယစ်ဆေးဝါး ခိုးသွင်းဖို့ ဖောက်ထားတဲ့ အရှည်တကာ့ အရှည်ဆုံး ဥမင်လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။ မြေအောက် အနက် ပေ(၇၀)အကွာမှာ ဖောက်ထားပြီး အမြင့်(၅)ပေခွဲ၊ အကျယ်(၂)ပေရှိတဲ့ ဥမင်လိုဏ်ခေါင်းဟာ (၄၃၀၉)ပေ ရှည်လျားပါတယ်။ ဥမင်လိုဏ်ခေါင်းထဲမှာ…

yyl-001-20.jpg

ကလေးတွေရဲ့ခွဲစိတ်ဒဏ်ရာတွေကို ကာတွန်းဇာတ်ကောင်တွေအဖြစ် ပြောင်းလဲခြင်းဖြင့် နာကျင်မှုကိုဖြေဖျောက်ပေးခဲ့တဲ့ ခွဲစိတ်ဆရာဝန်

အိုဟိုင်းယိုးပြည်နယ်ရဲ့ Akron Children Hospital က ဒေါက်တာရောဘတ် ပယ်ရီဟာ ကလေးတွေ ခွဲစိတ်ကုသမှုခံယူပြီးတိုင်း သူတို့ရဲ့ခွဲစိတ်ဒဏ်ရာအမာရွတ်ကို ကလေးတွေ အာရုံမစိုက်မိအောင် အမြဲတမ်းလုပ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် သူက ကလေးတွေရဲ့ပတ်တီးပေါ်မှာ ကာတွန်းဇာတ်ကောင်ပုံတွေ ရေးဆွဲပေးပြီး နာကျင်မှုတွေ ဖြေဖျောက်ပေးခဲ့ပါတယ်။…

yyl-028-14.jpg

ဟာလာဟင်းလင်းဖြစ်နေတဲ့ အဆောက်အအုံကို (၂)ရက်အတွင်း ခုတင်(၁၀၀၀)ဆေးရုံအဖြစ် ပြောင်းလဲ

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် တရုတ်နိုင်ငံရဲ့ပထမဆုံးအရေးပေါ်ကုသဆေးရုံကြီးကို (၂) ရက်တည်းနဲ့ ပြင်ဆင်မွမ်းမံပြီး ဖွင့်လှစ်နေပြီလို့ သိရပါတယ်။ ဟွမ်ကန်မြို့က အလုပ်သမားတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ကိုရိုနာဗိုင်းရပ်စ်လူနာ (၁၀၀၀) ဝန်းကျင်ကို ကုသပေးနိုင်မယ့် ဆေးရုံကြီးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ပါဝင်ဆောက်လုပ်ပေးခဲ့ကြတာပါ။ သူတို့တွေက အဆောက်အဦးအလွတ်ကြီးကနေ…

yyl-012-18.jpg

မန်ယူပရိသတ်တွေက အသင်းအမှုဆောင်ချုပ် အက်ဝုဒ်ဝက်ရဲ့စံအိမ်ကို တိုက်ခိုက်

မန်ယူအသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ဒေါသထွက်နေတဲ့ ပရိသတ်တစ်စုက ချက်ရှိုင်းယားဒေသမှာရှိတဲ့ မန်ယူအသင်း အမှုဆောင်ချုပ် အက်ဝုဒ်ဝက်ရဲ့ ပေါင်(၂)သန်းတန် စံအိမ်ကို မီးရှူးမီးပန်းတွေ၊ မီးခိုးဗုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ရာသီတစ်ဝက်ကျော်လွန်လာတဲ့အထိ ရုန်းကန်နေရသလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ပိုင်းနေရာနဲ့ အလှမ်းဝေးနေဆဲဖြစ်လို့ မန်ယူအသင်း ပရိသတ်တွေက…

yyl-011-17.jpg

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ဒေါ်နယ်ထရမ့် ထုတ်ပြန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ သူ့ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ထုတ်ပြန်လိုက်ပါပြီ။ ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်အရ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ဖို့ အဆိုပြုထားသလို အနောက်ကမ်းပါး အိမ်ရာစခန်းတွေမှာ အစ္စရေးနိုင်ငံရဲ့ အချုပ်အခြာအာဏာသက်ရောက်တယ်ဆိုတာကိုလည်း အသိအမှတ်ပြုထားပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်မှာ…

yyl-010-15.jpg

သွားဆေးခန်းကနေ ထွက်ပြေးသွားတဲ့ ကိုလံဘီယာလွှတ်တော်အမတ်ဟောင်းကို ဗင်နီဇွဲလားနိုင်ငံမှာ ဖမ်းမိ

ထွက်ပြေးတိမ်းရှောင်နေတဲ့ ကိုလံဘီယာလွှတ်တော်အမတ်ဟောင်း မာလာနိုကို ဗင်နီဇွဲလားအထူးတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ မဲဝယ်ခဲ့လို့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံခဲ့ရတဲ့ မာလာနိုဟာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အကျဉ်းထောင်အစောင့်အကြပ်တွေကို လှည့်စားပြီး ထွက်ပြေးလွတ်မြောက်သွားသူပါ။ မာလာနိုဟာ ပုဂ္ဂလိက သွားဆေးခန်းတစ်ခုမှာ သွားညှိကုသမှုခံယူဖို့…

yyl-009-18.jpg

ကာရေဘီယံပင်လယ်မှာ ပြင်းအား ၇.၇ မဂ္ဂနီကျူ့စ်ငလျင် လှုပ်ခတ်

ကာရေဘီယံပင်လယ်ကို ဗဟိုပြုပြီး ပြင်းအား ၇.၇ မဂ္ဂနီကျူ့စ်ငလျင် လှုပ်ခတ်ခဲ့လို့ ဆူနာမီသတိပေးချက်တွေ ထွက်ပေါ်ခဲ့ပြီး မိုင်ယာမီမြို့မှာ အရေးပေါ်ဖယ်ရှားမှုတွေ လုပ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က ဂျမေကာ၊ ကေးမန်းကျွန်းနဲ့ ကျူးဘားနိုင်ငံကြားမှာ မြေအောက်အနက် ၆.၂ မိုင်အကွာကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့တာလို့…