လေထုညစ်ညမ်းမှုကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သားတွေ ချောင်းဆိုးသွေးပါဝေဒနာခံစားနေရ
ထိုင်းနိုင်ငံမှာတော့ လူတွေချောင်းဆိုးပြီး သွေးပါတဲ့အထိဖြစ်စေတဲ့ အရမ်းဆိုးရွားတဲ့ လေထုညစ်ညမ်းမှုကြီး ဖြစ်ပွားနေပါတယ်။ အခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မှာနေထိုင်သူတွေရဲ့ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့ ညစ်ညမ်းတဲ့မီးခိုးငွေ့ထုကြီး ဖြစ်ပေါ်နေခဲ့တာပါ။ ဒီအဆိပ်ငွေ့ထုကြီးက လူတွေရဲ့အဆုတ်ကိုထိခိုက်စေနိုင်တဲ့အထိ အန္တရာယ်များလှတဲ့ PM2.5 အမှုန့်တွေပါဝင်နေပြီး ဘန်ကောက်မြို့တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တာဖြစ်ပါတယ်။ ထိုင်းအလုပ်သမားတစ်ယောက်ဟာဆိုရင်…