လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ မြန်မာလုပ်သားနှစ်ဦးရဲ့ နောက်ဆုံးအယူခံရှုံးနိမ့်
လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ မြန်မာလုပ်သားနှစ်ဦးရဲ့ နောက်ဆုံးအယူခံကို ထိုင်းနိုင်ငံ အထက်တရားရုံးချုပ်က ပယ်ချခဲ့ပြီး သေဒဏ်ကို အတည်ပြုခဲ့ပါတယ်။ ထိုင်းနိုင်ငံ အထက်တရားရုံးချုပ် တရားသူကြီးက မြန်မာလုပ်သားနှစ်ဦးဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ ရှေ့မှောက်မှာ ဖတ်ကြားမှုလုပ်ခဲ့တယ်လို့ လိပ်ကျွန်းလူသတ်မှုအရေးဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံးအထူးအဖွဲ့မှဦးထူးချစ်က ပြောပါတယ်။…

