24-11-2020-yyl-022.jpg

ခွေးလေးကို ကယ်တင်ဖို့ မိကျောင်းခေါင်းတိုနဲ့ နပန်းလုံးခဲ့တဲ့ အသက် ၇၄ နှစ်အမျိုးသား

မကြာသေးခင်ကမှ ဖလော်ရီဒါနိုင်ငံက အသက် ၇၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ မိကျောင်းခေါင်းတိုရဲ့ပါးစပ်ထဲ ရောက်နေတဲ့ သူ့ခွေးလေးရဲ့အသက်ကို ကယ်တင်ဖို့အတွက် မိကျောင်းခေါင်းတိုနဲ့ နပန်းလုံးခဲ့တဲ့ဖြစ်ရပ်လေးရှိခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကို မှတ်တမ်းတင်ထားတဲ့ဗီဒီယိုကဆိုရင် လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပြီး လူတွေက သူ့ရဲ့လုပ်ရပ်အတွက် ချီးမွှမ်းစကားဆိုခဲ့ကြပါတယ်။ အဲဒီအမျိုးသားဟာ…

14-8-2020-yyl-015.jpg

လေဆိပ်မှာ ခရီးသည်တွေ တရားမဝင် သယ်လာတဲ့ငွေတွေကို အနံ့ခံကောင်းတဲ့ ခွေးလေးကဖော်ထုတ်

အနံ့ခံကောင်းတဲ့ ခွေးတစ်ကောင်က ဖရန့်ဖတ်လေဆိပ်မှာ ခရီးသည်တွေ တရားဝင်မဖော်ပြဘဲ သယ်လာတဲ့ ယူရိုငွေ ၂၄၇,၂၈၀ ကို ရှာဖွေဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ အက်ကီလို့ အမည်ပေးထားတဲ့ ဂျာမန်သိုးထိန်းခွေးဟာ ပြီးခဲ့တဲ့ဇွန်လနှောင်းပိုင်းနဲ့ ဇူလိုင်လ အစောပိုင်းကာလမှာ လူ ၁၂ ယောက် လျှို့ဝှက်သယ်လာတဲ့…

6-8-2002-yyl-001.jpg

ကားအရောင်းပြခန်းမှာနေရင်း ကားအရောင်းစာရေးအဖြစ် ရာထူးတိုးသွားခဲ့တဲ့ ခွေးလေး

အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ခွေးတွေက သစ္စာအရှိဆုံးနဲ့ စွန့်လွှတ်အနစ်နာခံဆုံး တိရစ္ဆာန်တွေဖြစ်တဲ့အပြင် လူသားတွေကို အကူအညီပေးနိုင်တဲ့ မိတ်ဆွေသူငယ်ချင်း လည်းဖြစ်ပါတယ်။ ခွေးတွေ ဘယ်လောက်တော်ကြောင်း၊ လူသားတွေပေါ် ဘယ်လောက်သစ္စာရှိကြောင်းပြသခဲ့တဲ့ ဇာတ်လမ်းတွေကိုလည်း စာဖတ်ပရိသတ်တွေ မြင်ဖူးဖတ်ဖူးကြမှာပါ။ ဘရာဇီးနိုင်ငံက Tucson Prime ဆိုတဲ့…

25-6-2020-yyl-004.jpg

ကလေးတွေ ဘေးကင်းစွာ လမ်းကူးနိုင်ဖို့ ကားတွေကို ရပ်တန့်စေခဲ့တဲ့ ခွေးလေး

တိရစ္ဆာန်လေးတွေဟာ ကျွန်တော်တို့လူသားတွေကို နည်းအမျိုးမျိုးနဲ့ အံ့အားသင့်အောင် လုပ်နိုင်စွမ်းရှိကြပါတယ်။ လူသားတွေကို ပိုပြီး အံ့အားသင့်အောင်လုပ်နိုင်တဲ့ တိရစ္ဆာန်ကတော့ ခွေးတွေပါပဲ။ ခွေးတွေက လူသားတွေအတွက် အဖော်ပြုပေးနိုင်တဲ့၊ ကာကွယ်ပေးနိုင်တဲ့ မိတ်ဆွေပါပဲ။ လူတွေအပေါ်မှာလည်း နောက်ဆုံးထွက်သက်အထိ သစ္စာရှိနိုင်တာလည်း ခွေးတွေပါပဲ။ သူတို့လောက်…

26-5-2020-yyl-014.jpg

ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးခဲ့တဲ့သခင်ကို ဆေးရုံမှာ (၃) လကြာတဲ့အထိ စောင့်ဆိုင်းနေခဲ့တဲ့ ခွေးလေး

ခွေးတွေက လူသားတွေရဲ့အကောင်းဆုံးမိတ်ဆွေသူငယ်ချင်းဆိုတာကို လူတိုင်းသိကြပါတယ်။ ခွေးတွေက အခြားတိရစ္ဆာန်တွေနဲ့ ယှဉ်ရင် သခင်တွေအပေါ် အရမ်းသစ္စာရှိကြပါတယ်။ ခွေးတွေက သခင်တွေကို အဖော်ပြုပေးတာ၊ သခင်တွေရဲ့လုံခြုံရေးကို စောင့်ကြည်ပေးတာ၊ နောက်ဆုံးထွက်သက်အထိ သစ္စာရှိရှိနေပေးတဲ့ မရေတွက်နိုင်လောက်တဲ့ ဇာတ်လမ်းတွေရှိပါတယ်။ အခုလည်း တရုတ်နိုင်ငံက ခွေးလေးက…

yyl-022-13.jpg

သခင်ရုံးဆင်းလာတဲ့အထိ ရုံးအပြင်ဘက်မှာ နေတိုင်းစောင့်နေတဲ့ ခွေးလေး

ရှရှားနိုင်ငံ၊ ကာလီနင်ဂရဒ် မြို့က Mega ဈေးဝယ်စင်တာရဲ့ဈေးဝယ်သူတွေနဲ့ လမ်းသွားလမ်းလာသူတွေက နေရာတစ်နေရာတည်းမှာပဲ စောင့်နေတဲ့ အပြာရောင်မျက်လုံးလေးနဲ့ ဟပ်စကီခွေးလေးကို နေ့တိုင်းမြင်တွေ့နေရပါတယ်။ အဲဒီခွေးလေးက အမြဲတမ်း အပြာရောင်ဆွယ်တာအင်္ကျီလေးကို ဝတ်ဆင်ပြီး သူ့ရဲ့သခင် ရုံးအလုပ်တွေပြီးတဲ့အချိန်ထိ ရုံးအပြင်ဘက်ကနေ (၈) နာရီကြာ…

yyl-027-6.jpg

တစ်ခါတည်းနဲ့ တင်းနစ်ဘောလုံး(၆) လုံးကို ပါးစပ်ထဲထည့်ပြနိုင်ခဲ့တဲ့ ခွေးလေး

ခွေးတော်တော်များများက ဘောလုံးတွေနဲ့ ဆော့ကစားရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမဲ့ တချို့ကတော့ သာမန်ထက်ကို ဘောလုံးနဲ့ ဆော့ကစားနိုင်ပါတယ်။ အဲဒီခွေးတွေထဲက ဖိုင်းလေး (Finley) ဆိုတဲ့ ဂိုးလ်ဒင်း ရီထရီဗာ အမျိုးအစားခွေးလေးက သာမန်ခွေးတစ်ကောင်တော့မဟုတ်ပါဘူး။ သူ့မှာ ဘယ်သူမှမသိတဲ့ အရည်ချင်းတစ်ခုရှိပါတယ်။…

yyl-025-12.jpg

ဝူဟန်သွားမယ့် သခင်ရဲ့ပတ်စပို့ကို ဖျက်စီးပစ်ခဲ့တဲ့ ခွေးလေး

တိရစ္ဆာန်လေးတွေက သူတို့သခင်အတွက် ဘာလုပ်ရင်မလုံခြုံဘူး၊ ဘယ်အရာက မလုံခြုံဘူးဆိုတာကို စိတ်ကအလိုလိုသိကြပါတယ်။ တစ်ခါတလေ သူတို့မှာ စက္ခုအာရုံရှိပြီး အနာဂတ်ကို ကြိုမြင်နိုင်တယ်လို့တောင် ခံစားလို့ရပါတယ်။ သူတို့တွေက သခင်တွေရဲ့ဘဝကို ကယ်တင်ပေးတဲ့ တိုက်ဆိုင်မှုတွေရှိပါတယ်။ အခုလည်း ထိုင်ဝမ်မှာ ကီမီ ဆိုတဲ့…

yyl-026-1.jpg

လောင်ကျွမ်းနေတဲ့ တောမီးအန္တရာယ်ကနေ သိုးအုပ်ကြီးကို ကယ်တင်ပေးခဲ့တဲ့ ခွေးလေး

သြစတြေးလျနိုင်ငံမှာ တောမီးက ဆက်လက်လောင်ကျွမ်းလို့နေပါတယ်။ စက်တင်ဘာလကစပြီး တောမီးလောင်ကျွမ်းမှုကြောင့် တိရစ္ဆာန် သန်း (၅၀၀) ကျော် သေဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းတွေက အတူတူပူပေါင်းပြီး မီးငြိမ်းသတ်မှုတွေပြုလုပ်ပေးနေကြသလို တိရစ္ဆာန်တွေကိုလည်း ကယ်တင်ပေးနေကြပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းက အဖွဲ့အစည်းတွေ၊ လူတွေကလည်း…

yyl-016-11.jpg

ကားတိုက်ခံရတဲ့သူငယ်ချင်းအနားကနေ ထွက်မသွားဘဲရှိနေပေးခဲ့တဲ့ ခွေးလေး

ခွေးလေးနှစ်ကောင်အတူတူဆော့နေကြတဲ့အချိန်မှာ အဲဒီထဲကခွေးတစ်ကောင်ကို ကားတစ်စီးက တိုက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အခြားခွေးလေးက လမ်းမပေါ်မှာလဲကျနေတဲ့သူငယ်ချင်း ရဲ့ဘေးကနေထွက်မသွားဘဲ စိတ်ရှည်ရှည်နဲ့ ရှိနေပေးခဲ့တဲ့မြင်ကွင်းက အင်တာနက်အသုံးပြုသူတွေကို ဂရုဏာသက်မိစေခဲ့ပါတယ်။ ဒီဖြစ်ရပ်လေးက တရုတ်နိုင်ငံရဲ့ချင်တုံနန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ ခွေးလေးတစ်ကောင်က မလှုပ်မရပ်နဲ့လဲနေတဲ့ အဖြူစွတ်စွတ်ခွေးလေးနားမှာ ထွက်မသွားဘဲနေပေးတဲ့မြင်ကွင်းက တကယ့်ကို…