yyl-039-1.jpg

လူမှုကွန်ရက်ပေါ်မှာ လိင်ပိုင်းဆိုင်ရာဗီဒီယိုပေါက်ကြားပြီးနောက် မာလာဂါအသင်းက နည်းပြကို ရာထူးက ဆိုင်းငံ့

လူမှုကွန်ရက်ပေါ်မှာ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုပေါက်ကြားခဲ့ပြီးနောက်မှာတော့ စပိန်ဒုတိယတန်းကလပ် မာလာဂါအသင်းက နည်းပြဖြစ်သူ ဗစ်တာဆန်းချက်ဇ်ကို ရာထူးကနေ ဆိုင်းငံ့လိုက်ပါတယ်။ အသက် ၄၃ နှစ်ရှိတဲ့ စပိန်ကွင်းလယ်လူဟောင်း ဗစ်တာဆန်းချက်ဇ်ဟာ ၂၀၁၉ ခုနှစ် ဧပြီလကမှ မာလာဂါအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူပါ။ သူ့အနေနဲ့…

yyl-005-10.jpg

ဒီယွန်တေးဝှိုက်ဒါနဲ့ပွဲမတိုင်ခင် နည်းပြနဲ့လမ်းခွဲလိုက်တဲ့ တိုင်ဆန်ဖျူရီ

ဒီယွန်တေးဝှိုက်ဒါနဲ့ တစ်ကျော့ပြန် ထိုးသတ်မယ့်ပွဲစဉ်မတိုင်ခင် ၂ လအလိုမှာ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက သူ့ရဲ့နည်းပြဖြစ်သူ ဒေးဗစ်ဆန်နဲ့ လမ်းခွဲလိုက်ပါတယ်။ ဒေးဗစ်ဆန်ဟာ ပြီးခဲ့တဲ့(၂)နှစ်လုံးလုံး တိုင်ဆန်ဖျူရီရဲ့ နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူပါ။ တိုင်ဆန်ဖျူရီဟာ လာမယ့်ဖေဖော်ဝါရီလကျရင် WBC ဟဲဗီးဝိတ်ချန်ပီယံ ဒီယွန်တေးဝှိုက်ဒါနဲ့…

67642742_2521773621186876_4064906213148590080_n.jpg

ပရီးမီးယားလိဂ်နည်းပြတွေထဲမှာ အဝါကတ်ပထမဆုံးပြခံရတဲ့ ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ပရီးမီးယားလိဂ်နည်းပြတွေထဲမှာ အဝါကတ်ပထမဆုံးပြခံရတဲ့ နည်းပြဖြစ်လာခဲ့ပါတယ်။ လီဗာပူးနဲ့ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ပထမပိုင်းမှာ ဂျိုးဂိုမက်ဇ်ရဲ့ ဘောလုံးဖျက်ထုတ်မှုကြောင့် ဒေးဗစ်ဆေးလ်ဗား ဒဏ်ရာရခဲ့လို့ ဂွာဒီယိုလာက စတုတ္ထဒိုင်ကို ဒေါသတကြီး စောဒကတက်ခဲ့ပါတယ်။ ဂျိုးဂိုမက်ဇ်က ခြေထောက်မြှောက်ပြီးဘောလုံးလုခဲ့တဲ့ပုံစံကိုပါ ဂွာဒီယိုလာက လုပ်ပြခဲ့ပါတယ်။…

61402224_2400236136673959_984146705966432256_n-2.jpg

ဗီလာဘိုအက်စ်ကို နည်းပြခန့်လိုက်တဲ့ မာဆေးအသင်း

ချဲလ်ဆီးနဲ့ စပါးနည်းပြဟောင်း ဗီလာဘိုအက်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီလို့ မာဆေးအသင်းက အတည်ပြုခဲ့ပါတယ်။ အသက် (၄၁) နှစ်ရှိတဲ့ ပေါ်တူဂီနိုင်ငံသား ဗီလာဘိုအက်စ်ဟာ ရိုးမားနည်းပြဟောင်း ရူဒီဂါစီယာနေရာကို အစားထိုးတာဝန်ယူမှာဖြစ်ပါတယ်။ ရူဒီဂါစီယာလက်ထက်မှာတော့ မာဆေးအသင်းက အဆင့် (၅) နေရာနဲ့…

61532761_2400236640007242_8995889484864159744_n.jpg

အေစီမီလန်နည်းပြရာထူးကနေ ဂတ်တူဆို နုတ်ထွက်

အေစီမီလန်အသင်း နည်းပြရာထူးကနေ နုတ်ထွက်လိုက်ပြီလို့ ဂတ်တူဆိုက ကြေညာခဲ့ပါတယ်။ အေစီမီလန်ဟာ ရာသီသိမ်းပွဲစဉ်မှာ စပဲလ်အသင်းကို (၂-၃) ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ပြီး အဆင့် (၅) နေရာနဲ့ပဲ ရာသီသိမ်းခဲ့ရပါတယ်။ အေစီမီလန်အသင်းရဲ့ အထင်ကရကွင်းလယ်လူဟောင်းဖြစ်တဲ့ ဂတ်တူဆိုဟာ…

59301461_2355078064523100_6752623148425805824_n.jpg

သားလေးကို နည်းပြနာမည်မှည့်ခေါ်ခဲ့တဲ့ နော်ဝစ်ချ်ပရိသတ်ဇနီးမောင်နှံ

နော်ဝစ်ချ်အသင်းကို အရူးအမူးအားပေးတဲ့ ရှောင်တိုမီနဲ့ မိုင်ကိုတိုမီတို့ ဇနီးမောင်နှံဟာ နော်ဝစ်ချ်အသင်းကို ပရီးမီးယားလိဂ်အထိ တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ဒန်နီယယ်ဖာကီကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့သားလေးကို နည်းပြနာမည်ပေးခဲ့ပါတယ်။

bb5.jpg

ဘယ်လိုအသင်းကို နည်းပြမလဲဆိုတာ ထုတ်ပြောလိုက်တဲ့ မော်ရင်ဟို

လာမယ့်ရာသီမှာ နည်းပြလောကကို ပြန်ဝင်လာဖို့ စီစဉ်နေတဲ့ မန်ယူနည်းပြဟောင်း မော်ရင်ဟိုက သူ ကိုင်တွယ်မယ့်အသင်းက ဘယ်လိုအနေအထားမျိုးလဲဆိုတာ ထုတ်ပြောလိုက်ပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ မန်ယူအသင်း နည်းပြရာထူးက ထုတ်ပယ်ခံရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူပါ။ ‘လာမယ့်ရာသီ မစမချင်း နည်းပြမလုပ်ဘူးလို့…

ss1-2.jpg

ဆိုးလ်ရှားကို မန်ယူက (၃) နှစ်စာချုပ်နဲ့ တရားဝင်နည်းပြ ခန့်အပ်

မန်ယူအသင်းကတော့ ယာယီနည်းပြ ဆိုးလ်ရှားကို (၃) နှစ်စာချုပ်နဲ့ တရားဝင်နည်းပြအဖြစ် ခန့်အပ်လိုက်ပါပြီ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ မော်ရင်ဟိုနေရာ အစားထိုးဝင်ရောက်လာတဲ့ ဆိုးလ်ရှားဟာ မန်ယူအသင်းကို (၁၉) ပွဲ ကိုင်တွယ်ရာမှာ (၁၄) ပွဲ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။…

s4-e1551857749556.jpg

ရီးရဲလ်နည်းပြရာထူးကနေ နုတ်ထွက်မှာမဟုတ်ဘူးလို့ ဆိုလာရီ ပြော

(Unicode) ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ အေဂျက်စ်ကို ၁-၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၃-၅ ဂိုးနဲ့ ရီးရဲလ်အသင်း ပြိုင်ပွဲက ထွက်ခဲ့ရပေမဲ့ နည်းပြရာထူးကနေ နုတ်ထွက်မှာမဟုတ်ဘူးလို့ ဆိုလာရီက ပြောပါတယ်။ ချန်ပီယံလိဂ်ဖလားကို…

hh5.jpg

နည်းပြနဲ့ လမ်းခွဲလိုက်တဲ့ ကမ္ဘာ့အဆင့်(၁) ဂျပန်တင်းနစ်မယ်

ကမ္ဘာ့အဆင့်(၁) ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာဟာ သြစတြေးလျအိုးပင်းဖလား ဆွတ်ခူးပြီးနောက် သီတင်းပတ်(၂)ပတ်ကျော် အကြာမှာပဲ နည်းပြဖြစ်သူ ဆာချာဘာဂျင်နဲ့ လမ်းခွဲလိုက်ပါပြီ။ ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ်ရဲ့ ၂၀၁၈ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး နည်းပြဆု ရခဲ့သူ ဆာချာဘာဂျင်ဟာ နာအိုမီအိုဆာကာကို ဂရန်းစလင်းဆုဖလား (၂)လုံးဆက်တိုက်…