yyl-026-6.jpg

နယူးဇီလန်လေကြောင်းလိုင်းက ဝါးစားလို့ရတဲ့ ကော်ဖီခွက်ကို စမ်းသပ်အသုံးပြု

လေယာဉ်ပေါ်က စွန့်ပစ်အမှိုက်ပမာဏကို လျှော့ချဖို့အတွက် သူတို့လေကြောင်းလိုင်းရဲ့ လေယာဉ်တွေပေါ်မှာ ဝါးစားလို့ရတဲ့ ကော်ဖီခွက်ကို စမ်းသပ်အသုံးပြုနေတယ်လို့ နယူးဇီလန်လေကြောင်းလိုင်းက ပြောပါတယ်။ နယူးဇီလန်နိုင်ငံအခြေစိုက် Twiice ကုမ္ပဏီက ထုတ်လုပ်တဲ့ အဲဒီခွက်တွေဟာ ဗနီလာအရသာ ဘီစကွတ်ချပ်တွေနဲ့ လုပ်ထားတာဖြစ်ပြီး အရည်စိမ့်ထွက်မှု မရှိဘူးလို့…

yyl-037-3.jpg

လေယာဉ်ပေါ်ယူခွင့်မရှိတဲ့ အရာတွေကို မီးမောင်းထိုးပြနေတဲ့ ခရစ်စမတ်သစ်ပင်

ခရစ်စမတ်အချိန်အခါလည်း နီးလာပြီးဆိုတော့ နိုင်ငံတော်တော်များများ၊ နေရာတော်တော်များများမှာ ခရစ်စမတ်ရာသီအမှတ်အသားတစ်ခုဖြစ်တဲ့ ခရစ်စမတ်သစ်ပင်တွေကို တွေ့မြင်နေရပါပြီ။ ကျွန်တော်တို့ မြင်တွေ့ခဲ့ဖူးတဲ့ ခရစ်စမတ်သစ်ပင်တွေကတော့ ပုံစံအမျိုးမျိုးပါပဲ။ သဘာဝဆန်တာကော၊ ခေတ်နဲ့အညီဖန်တီးထားတွေပါ တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ လစ်သူယေးနီးယားနိုင်ငံက ဗွီနီးယက်စ်လေဆိပ် (Vilnius Airport) မှာ…

yyl-042.jpg

လေယာဉ်မယ်နဲ့ လူငယ်လေးတို့ကြားက ဆန်းကြယ်တဲ့ကံကြမ္မာ

ရှုရန်ဖန် (Xu Yang Feng) ဆိုတဲ့ အသက် (၂၀) အရွယ်လူငယ်လေးဟာ ၂၀၀၄ခုနှစ် သူ့အသက် (၅) နှစ်မှာ လေယာဉ်ပထမဆုံးစီးခဲ့တာပါ။ တချို့လူတွေကတော့ လေယာဉ်စစီးတဲ့အချိန်မှာ စိတ်လှုပ်ရှားကြပေမဲ့ ရှုရန်ဖန်ကတော့ လေယာဉ်စီးတဲ့တစ်လျှောက်လုံး ပျော်ရွှင်ခဲ့ရပြီး လေယာဉ်မယ်ချောချောလေးနဲ့တောင်…

yyl-035-1.jpg

အသက် (၈၀) ကျော်အဘိုးအိုလို ဟန်ဆောင်ပြီး လေယာဉ်ပေါ်တက်ဖို့ကြိုးစားသူကို အိန္ဒိယအာဏာပိုင်တွေ ဖမ်းဆီး

အသက် (၈၁)နှစ်အရွယ် အဘိုးအိုလိုဟန်ဆောင်ပြီး နိုင်ငံကူးလက်မှတ်အတုနဲ့ လေယာဉ်ပေါ်တက်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ယောက်ကို အိန္ဒိယနိုင်ငံ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ဂျာယက်ရှ်ပါတယ်လို့ အမည်ရတဲ့ (၃၂)နှစ်အရွယ် အမျိုးသားဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နယူးဒေလီမြို့မှာရှိတဲ့ အင်ဒီရာဂန္ဒီလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ မုတ်ဆိတ်မွေးတွေကို အဖြူရောင်ဖြစ်အောင်…

img1-8.jpg

လေယာဉ်နဲ့သွားတဲ့ခရီးအတွက် အဝတ်အစားနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်များ

ခရီးသွားတဲ့အခါ လေယာဉ်နဲ့သွားမယ်ဆိုရင် မိမိဝတ်ဆင်တဲ့အဝတ်အစားကလည်း အရေးကြီးပါတယ်။ လေကြောင်းခရီးနဲ့ သင့်တော်တဲ့အဝတ်အစားကို ဝတ်ဆင်တာက ခရီးစဉ်တစ်လျှောက်လုံး သင့်ကို သက်တောင့်သက်သာဖြစ်စေမှာပါ။ လေယာဉ်စီးတဲ့အခါ ထိုင်ရတာက ကျဉ်းကျဉ်းကျုတ်ကျုတ်ဖြစ်၊ အပူချိန်ကလည်း ပြောင်းလဲ၊ အဲဒီလိုတွေကြောင့် အချိန်အကြာကြီးစီးရတဲ့ခရီးစဉ်ဆိုရင် မလွယ်ကူလှပါဘူး။ ဒါကြောင့် လေယာဉ်စီးရတာ…

airplane.jpg

ငှက်အုပ်နဲ့တိုးလို့ ပြောင်းခင်းထဲ ဆင်းသက်ခဲ့ရတဲ့ ခရီးသည်တင်လေယာဉ်

ရုရှားခရီးသည်တင် လေယာဉ်တစ်စင်းဟာ ငှက်အုပ်နဲ့ ထိပ်တိုက်တိုးခဲ့လို့ မော်စကိုမြို့နားက ပြောင်းဖူးခင်းထဲကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ အူရယ်လေကြောင်းလိုင်းရဲ့ Airbus 321 လေယာဉ်ဟာ ခရိုင်းမီးယားဒေသမှာရှိတဲ့ ဆင်ဖာရိုပိုလ်မြို့ကို ပျံသန်းဖို့ မော်စကိုမြို့လေဆိပ်ကနေ ထွက်ခွာခဲ့ပေမဲ့ မကြာခင်အချိန်အတွင်း ဇင်ယော်ငှက်အုပ်နဲ့ ထိပ်တိုက်တိုးခဲ့လို့ အင်ဂျင်ရပ်သွားခဲ့ပါတယ်။…

65121408_2451199858244253_6063304008636825600_n.jpg

အိပ်ပျော်ပြီးလိုက်ပါလာတဲ့အမျိုးသမီး လေယာဉ်ပေါ်မှာတစ်ယောက်တည်းပိတ်မိနေ

ကနေဒါလေကြောင်းလိုင်းရဲ့ ခရီးစဉ်မှာ အိပ်ပျော်ပြီးလိုက်ပါလာတဲ့ အမျိုးသမီးတစ်ယောက်ဟာ အိပ်ရာနိုးလာချိန်မှာ လေယာဉ်တစ်စင်းလုံးမှောင်မဲနေပြီး သူတစ်ယောက်တည်း ပိတ်မိနေလို့ ထိတ်လန့်တကြား ဖြစ်ခဲ့ရပါတယ်။ တစ်ဖနီအဒမ်ဟာ ဇွန်လ (၉) ရက်နေ့က ကနေဒါနိုင်ငံ၊ ကူဘတ်မြို့ကနေ တိုရွန်တိုမြို့ကို ပျံသန်းနေတဲ့လေယာဉ်ပေါ်မှာ အိပ်ပျော်နေခဲ့ပါတယ်။ အိပ်ရာကနိုးလာချိန်မှာတော့…

61858044_2403436573020582_3505354407787102208_n.jpg

ကိုကင်းအိတ် (၂၄၆) လုံး မြိုချထားတဲ့ အမျိုးသားတစ်ဦး လေယာဉ်ပေါ်မှာ သေဆုံး

ကိုကင်းအိတ် (၂၄၆) လုံး မြိုချထားတဲ့ ဂျပန်အမျိုးသားတစ်ယောက်ဟာ မက္ကဆီကိုစီးတီးမြို့ကနေ ပျံသန်းလာတဲ့ လေကြောင်းခရီးစဉ်ပေါ်မှာ သေဆုံးခဲ့ပါတယ်။ ယူဒိုအန်လို့ အမည်ရတဲ့ အမျိုးသားက လေယာဉ်ပေါ်မှာ အတက်ဝေဒနာခံစားခဲ့ရလို့ ဂျပန်နိုင်ငံ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဦးတည်ပျံသန်းနေတဲ့ လေယာဉ်ကို မက္ကဆီကိုနိုင်ငံ ဆိုနိုရာပြည်နယ်မှာ…

ce980e0f-bf2d-4e88-a5fa-ea8858ccdd2a-large16x9_aloneonflighttoitalyapbluebackground.png

မမျှော်လင့်ဘဲနဲ့ VIP ဖြစ်သွားခဲ့တဲ့ လေယာဉ်စီးခရီးသည်

အီတလီနိုင်ငံမြောက်ပိုင်းကိုသွားမယ့်ခရီးစဉ်အတွက် လေယာဉ်တစ်စင်းလုံးမှာ တစ်ဦးတည်းစီးနင်းခွင့်ရသွားသူကတော့ စခရီမန်တက်စ် စထရီမိုင်တစ် (Skirmantas Strimaitis) ဖြစ်ပါတယ်။ လစ်သူရေးနီးယား (Lithuania) နိုင်ငံသား စခရီမန်တက်စ် က အီတလီနိုင်ငံ၊ ဘာဂါမို (Bergamo) မြို့ဆီ နှင်းလျှောစီးဖို့လာခဲ့တာဖြစ်ပြီး ဘိုးအင်း ၇၃၇…

p2.jpg

လမ်းကြောင်းစာရွက်အမှားကြောင့် မြို့မှားပြီးဆင်းသက်ခဲ့တဲ့လေယာဉ်

မှားယွင်းနေတဲ့ ခရီးစဉ်လမ်းကြောင်းစာရွက်ကြောင့် ဗြိတိန်လေကြောင်းလိုင်းက လေယာဉ်တစ်စီးဟာ ဂျာမနီနိုင်ငံ၊ ဒပ်ဆဲလ်ဒေါ့ဖ်မြို့ (Dusseldorf) မှာ ဆင်းသက်ရမဲ့အစား စကော့တလန်နိုင်ငံ၊ အီဒင်ဘာ့ဂ်မြို့မှာ မှားယွင်းဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်ဆင်းသက်နေတုန်းမှာ “အီဒင်ဘာ့ဂ်မြို့မှ ကြိုဆိုပါ၏”လို့ ကြေညာသံကြားလိုက်ကတည်းက တစ်ခုခုတော့မှားနေပြီဆိုတာ ခရီးသည်တွေက နားလည်လိုက်ကြပါတယ်။…