Iran.jpg

အီရန်နိုင်ငံရဲ့ ရေနံအကြွေးကို လက်ဖက်နဲ့ ပြန်ဆပ်ဖို့ သီရိလင်္ကာ စီစဉ်နေ

အီရန်နိုင်ငံရဲ့ ရေနံကြွေးကို လက်ဖက်နဲ့ ပြန်ဆပ်ဖို့ စီစဉ်နေတယ်လို့ သီရိလင်္ကာစိုက်ပျိုးရေးဝန်ကြီး ပါသီရာနာက ပြောပါတယ်။ အီရန်နိုင်ငံရဲ့ရေနံကြွေး အမေရိကန်ဒေါ်လာ ၂၅၁ သန်းကို ပေးဆပ်နိုင်ဖို့အတွက် လစဉ်လတိုင်း အမေရိကန်ဒေါ်လာ ၅ သန်းဖိုး လက်ဖက်တင်ပို့နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သူက…

23-7-2020-yyl-025.jpg

အစ္စရေးတိုက်လေယာဉ်တွေက အနားကပ်ပျံသန်းခဲ့လို့ အီရန်ခရီးသည်တင်လေယာဉ်ပေါ်က ခရီးသည်တွေ ဒဏ်ရာရ

ဆီးရီးယားနိုင်ငံ လေပိုင်နက်ထဲမှာ အစ္စရေးတိုက်လေယာဉ်တွေက အီရန်ခရီးသည် တင်လေယာဉ်တစ်စင်းနဲ့ အန္တရာယ်ဖြစ်လောက်အောင် အနားကပ်ပျံသန်းခဲ့တယ်လို့ အီရန်အစိုးရပိုင် Irib သတင်းဌာနက ဖော်ပြပါတယ်။ မာဟန်လေကြောင်းလိုင်း(Mahan Air)ရဲ့ လေယာဉ်မှူးက ခရီးသည်တင်လေယာဉ်ကို ရုတ်တရက် အမြင့်ပေ နိမ့်ချခဲ့လို့ ခရီးသည်တော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။…

1-7-2020-yyl-010.jpg

အီရန်ပုဂ္ဂလိကဆေးရုံ ပေါက်ကွဲမှု ဖြစ်ပွားလို့ အနည်းဆုံး လူ ၁၉ ယောက် သေဆုံး

အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့ရဲ့ ပုဂ္ဂလိကဆေးရုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၉ ယောက် သေဆုံးခဲ့တယ်လို့ အီရန်အရာရှိတွေက ပြောပါတယ်။ ဆိုင်နာအေသာဆေးရုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ လူတော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာမလားဆိုတာ စိုးရိမ်ပူပန်နေကြပါတယ်။ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့…

26-6-2020-yyl-029.jpg

အင်စတာဂရမ်ပေါ်ကနေ ကလေးတွေ ရောင်းနေတယ်ဆိုတဲ့ အမျိုးသား ၃ ယောက်ကို ဖမ်းဆီး

အင်စတာဂရမ် လူမှုကွန်ရက်ပေါ်ကနေ ကလေးတွေ ရောင်းစားဖို့ ကြိုးစားနေတယ်ဆိုတဲ့ အမျိုးသား သုံးယောက်ကို အီရန်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ အီရန်အစိုးရရဲ့ ISNA သတင်းဌာနက ဖော်ပြပါတယ်။ ရက် ၂၀ အရွယ် ကလေးငယ်နဲ့ နှစ်လသားအရွယ် ကလေးငယ်တွေကို ကလေးရောင်းစားတဲ့ဂိုဏ်းရဲ့…

students.jpg

မိုးပေါ်ကနေ ဟင်းသီးဟင်းရွက်တွေ ပြုတ်ကျလာတဲ့ ဗီဒီယိုဖန်တီးမိလို့ အီရန်ကျောင်းသား ၅ ယောက် အဖမ်းခံရ

တီဟီရန်မြို့ကောင်းကင်ကနေ ဟင်းသီးဟင်းရွက်တွေ ပြုတ်ကျလာတဲ့ ဗီဒီယိုဖန်တီးမိခဲ့လို့ အီရန်ကျောင်းသားငါးယောက် အဖမ်းခံခဲ့ရပါတယ်။ လူတွေရဲ့ခေါင်းပေါ်နဲ့ ကားတွေပေါ်ကို ဟင်းသီးဟင်းရွက်တွေ ကျလာတဲ့ ဗီဒီယိုဟာ ပါရှန်းဘာသာစကား အသုံးပြုတဲ့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လူထုကို မငြိမ်မသက်ဖြစ်အောင် လုပ်လို့ ကျောင်းသားငါးယောက်ကို…

yyl-035-4.jpg

အမှားနည်းနည်းလုပ်မိရင် အမေရိကန်နဲ့ အစ္စရေးနိုင်ငံကို ပစ်ခတ်တိုက်ခိုက်မယ်လို့ အီရန် သတိပေး

အမေရိကန်နဲ့ အစ္စရေးနိုင်ငံတွေဘက်က အမှားနည်းနည်းလောက်လုပ်မိတာနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ အသင့်ပဲလို့ အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။ အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့ရဲ့ ကွက်တပ်ဖွဲ့(Quds)ခေါင်းဆောင် ဆိုလေမာနီ လုပ်ကြံခံရတဲ့ ရက် ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် အီရန်နိုင်ငံပိုင်ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ရာမှာ တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်…

iran01.jpg

အဝေးပြေးလမ်းပေါ် ရောက်သွားတဲ့ အီရန်ခရီးသည်တင်လေယာဉ်

အီရန်ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ဆင်းသက်ရာမှာ ပြေးလမ်းချော်သွားလို့ အဝေးပြေးလမ်းပေါ်မှာ ရပ်နားခဲ့ရပါတယ်။ မာရှာဟာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီမတော်တဆမှုမှာ လေယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် ၁၃၆ ယောက်အနက် နှစ်ဦးကတော့ ခြေထောက်ဒဏ်ရာတွေ ရခဲ့ပါတယ်။ ကက်စ်ပီယန် လေကြောင်းလိုင်းရဲ့ McDonnell Douglas…

yyl-038-3.jpg

အီရန် လေပိုင်နက်အတွင်း မှားယွင်း တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စင်ကာပူလေကြောင်းလိုင်း လမ်းကြောင်းပြောင်းပြေးဆွဲ

စင်ကာပူ အမျိုးသား လေကြောင်းလိုင်းသည် ဥရောပသို့ ပျံသန်းသည့် ခရီးစဉ်များကို အီရန် လေပိုင်နက်အတွင်း ယူကရိန်းခရီးသည်တင်လေယာဉ် မှားယွင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်တွင် လမ်းကြောင်းပြောင်း ပြေးဆွဲနေခဲ့သည်။ အမျိုးသား လေကြောင်းလိုင်းပိုင် လေယာဉ်များအားလုံးကို အီရန် လေပိုင်နက်မှ ရှောင်ဖယ်၍…

111202001.jpg

ကမ္ဘာ့သမိုင်းတစ်လျှောက် မှားယွင်းပစ်ချခံခဲ့ရတဲ့ အရပ်ဘက်ဆိုင်ရာလေယာဉ်များ

လူ ၁၇၆ ယောက်လိုက်ပါလာတဲ့ ယူကရိန်းခရီးသည်တင်လေယာဉ်ကို မှားယွင်းပစ်ချမိခဲ့တယ်လို့ အီရန်နိုင်ငံက ဝန်ခံလိုက်ပါပြီ။ အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ မြင့်မားနေချိန်မှာ ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်းရဲ့ ခရီးသည်တင်လေယာဉ် ပစ်ချခံခဲ့ရတာပါ။ အရင်တုန်းကလည်း ပဋိပက္ခတွေ၊ တင်းမာမှုတွေ ဖြစ်ပွားနေချိန်မှာ အရပ်ဘက်ဆိုင်ရာ လေယာဉ်တွေ…

intl0111012020.jpg

ယူကရိန်းလေယာဉ်ကို ပစ်ချမိတယ်လို့ အီရန်အစိုးရပိုင် ရုပ်သံလိုင်း ဖော်ပြ

ယူကရိန်းခရီးသည်တင်လေယာဉ်ကို အထင်မှားပြီး ပစ်ချမိခဲ့တယ်လို့ အီရန်စစ်တပ်က ဝန်ခံခဲ့ကြောင်း အီရန်အစိုးရပိုင် ရုပ်သံလိုင်းက ဖော်ပြပါတယ်။ အီရန်နိုင်ငံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ထိလွယ်ရှလွယ်တဲ့နေရာနား ကပ်ပြီး ပျံသန်းလာခဲ့တဲ့ အဲဒီလေယာဉ်ကို လူသားအမှားကြောင့် ပစ်ချမိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်အတွက် အပြစ်ရှိသူတွေကို အရေးယူသွားမယ်လို့…