yyl-009-10.jpg

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၅၂၀၀ ကျော်ကို ထပ်မံဆောက်လုပ်သွားမယ့်သတင်း

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ၎င်းတို့၏ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာနေရာ ဒေသများတွင် နေထိုင်ရေးအဆင်ပြေစေရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၅၂၂၀ ကို ထပ်မံဆောက်လုပ်သွားမည်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အတည်ပြု ပြောကြားလိုက်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက…

yyl-016-7.jpg

ခန္ဓာကိုယ်မှာ ဒီလက္ခဏာရပ်တွေဖြစ်လာရင် လျစ်လျူ ရှုမထားသင့်ပါ

ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဘာလက္ခဏာမှမပြသရွေ့တော့ ကျွန်တော်တို့ ကျန်းမာရေးကောင်းတယ်လို့ ပြောလို့ရနိုင်ပါတယ်။ ခြေထောက် ပန်းရောင်သမ်းတာတွေက ရိုးရိုးသာမန်လို့ ထင်နေကြပေမဲ့ တကယ်တော့ ကျန်းမာရေးကောင်းတယ်ဆိုတဲ့ လက္ခဏာရပ်တော့မဟုတ်ပါဘူး။ ကျွန်တော်တို့ခန္ဓာကိုယ်က ပြောဖို့ကြိုးစားနေတဲ့ အရာတွေကို နားလည်ဖို့ အရေးကြီးလာပါပြီ။ သာမန်ပါပဲလို့ထင်နေရတဲ့ တချို့လက္ခဏာရပ်တွေက ဆိုးရွားတဲ့ကိစ္စတွေဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။…

yyl-001-6.jpg

Bubble Tea ၏ ကျန်းမာရေး ကောင်းကျိုးနှင့် ဆိုးကျိုးများ

ယခုဆိုလျှင် bubble tea (သို့မဟုတ်) milk tea ဆိုင်များ ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာများတွင် တွေ့မြင်နေရပြီ ဖြစ်သည်။ ပူပြင်းလှသော ရာသီဥတုကတစ်ကြောင်း၊ စိတ်ကိုလန်းဆန်းစေသော ခံစားချက် ကတစ်ကြောင်း၊ ချိုမြိန် အေးမြသည့် နှစ်လိုဖွယ်…

yyl-024-1.jpg

နှလုံးကျန်းမာရေးအတွက် အိပ်ငိုက်တတ်ပါစေ

အိပ်မငိုက်ဖူးတဲ့သူကိုရှာဖို့ဆိုတာ ကောက်ရိုးပုံထဲမှာ အပ်ရှာရတာနည်းတူ ခက်ခဲလွန်းနေပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့က အလုပ်ထဲမှာဆိုရင် အိပ်မငိုက်မိအောင် ကိုယ့်ဘာသာပိတ်ပင်ထိန်းချုပ်ထားတတ်ကြပါတယ်။ ဒါ့အပြင် ဒီလိုအပြုအမူဟာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေပဲလုပ်သင့်တဲ့၊ မိုးသည်းတဲ့တနင်္ဂနွေတစ်ရက် သို့ အားလပ်ရက်ရှည်အချိန်တွေမှာပဲ လုပ်သင့်တဲ့အမူအကျင့်လို့တွေးထားကြပြန်ပါတယ်။ ဒါပေမဲ့ နှလုံးဆေးပညာဂျာနယ်တစ်စောင်မှာဖော်ပြလိုက်တဲ့ အိပ်ငိုက်တတ်ခြင်းနဲ့…

yyl099032.jpg

တစ်နေ့ကို ဆီးဘယ်နှစ်ကြိမ်သွားသင့်လဲ

တစ်နေ့ကို ဆီးဘယ်လောက်သွားသင့်လဲဆိုတာနဲ့ပတ်သက်ပြီး စာဖတ်သူတွေ သိချင်ကြမယ်ထင်ပါတယ်။ ခဏခဏ ဆီးသွားရတဲ့ရက်တွေရှိသလို အခြားရက်တွေမှာဆိုရင် ကွန်ပျူတာသုံးနေရလို့ အချိန်အကြာကြီးထိုင်နေရတဲ့အတွက် နာရီတော်တော်ကြာမှ ဆီးသွားရတဲ့အခါလည်းရှိပါတယ်။ ကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက် တစ်နေ့ကို ဆီးဘယ်နှစ်ကြိမ်သွားသင်လဲဆိုတာက အရမ်းအရေးကြီးပါတယ်။ ဆီးဘယ်နှစ်ကြိမ်သွားသင့်လဲ? ဆီးသွားတဲ့အကြိမ်အရေအတွက်က တစ်ယောက်နဲ့တစ်ယောက်တော့ မတူကြပါဘူး။ တကယ်တော့…

yyl69041.jpg

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မနက်ခင်းပိုင်းသောက်စရာအရည်များ

ကျွန်တော်တို့လူသားတွေက အိပ်စက်ချိန် (၆) နာရီ၊ (၇) နာရီလောက် ရှိတာကြောင့် မနက်ခင်းမှာ ရေဓာတ်ကုန်ခန်းပြီး နိုးထလာရပါတယ်။ အဲဒါကြောင့် မနက်ခင်း အိပ်ရာထတာနဲ့ ကျွန်တော်တို့ အရင်ဆုံးလုပ်ရတဲ့အရာက ရေသောက်ပေးဖို့ပါပဲ။ မနက်ခင်းပိုင်းမှာ သောက်ပေးလို့ရတာက ရေအပြင် အခြားသောက်စရာအရည်တွေလည်းရှိပါတယ်။…

img1.jpg

လိင်မှုကိစ္စနဲ့ကင်းကွာနေခြင်းက အသက် (၅၀) ကျော်တွေရဲ့ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်လာစေ

လိင်မှုရေးရာကိစ္စတွေနဲ့ အချိန်အတော်ကြာကင်းကွာနေခြင်းဟာ အိမ်ထောင်သည်စုံတွဲတွေအတွက်တော့ ထူးထူးခြားခြားပြဿနာတွေပေါ်စေလောက်တဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင် လိင်မှုရေးရာကိစ္စမှာ စွမ်းဆောင်ရည်ကျစပြုလာတတ်တဲ့ အသက် (၅၀) ကျော်အရွယ်တွေအတွက် ဆိုးကျိုးတွေရလာမယ့်အခြေအနေလို့ ဆိုရမှာပါ။ အကြောင်းကတော့ အသက် (၅၀) အထက်အမျိုးသား (၅၇၀၀) ကျော်ကို သုတေသီတွေက…

https-_blogs-images.forbes.com_dominicdudley_files_2018_01_25789104258_8f662201ab_z.jpg

ကျန်းမာရေးအသုံးစရိတ်အတွက် ဒေါ်လာဘီလျံချီအမြတ်ထွက်လာစေမယ့် ပြည့်စွမ်းမြဲစွမ်းအင် ကဏ္ဍ

သတ်မှတ်ထားတဲ့ပြည့်မြဲစွမ်းအင်ဆိုင်ရာစံနှုန်းတွေအတိုင်း လိုက်နာသွားမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုက ပြည်နယ် (၁၀) ခုအနေနဲ့ ၂၀၃၀ ခုနှစ်အရောက်မှာ ကျန်းမာရေးစရိတ်စက ဒေါ်လာ (၄.၇) ဘီလျံဖိုးထိ သက်သာလာဖို့ရှိနေကြောင်း MIT တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုက ဆိုလိုက်ပါတယ်။ ဒီလိုအကျိုးအမြတ်ပမာဏဟာ လေစွမ်းအင်နဲ့…

69038255_2420006814923726_8934999866652753920_n.jpg

ပဲပင်ပေါက်စားသုံးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

စာဖတ်ပရိသတ်တွေထဲမှာ ပဲပင်ပေါက်ကြိုက်တဲ့သူရှိကြလား။ တကယ်တော့ ပဲပင်ပေါက်စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိမှာပါ။ ကိုယ်အလေးချိန်ကျချင်တဲ့သူတွေ (သို့) ကျန်းမာရေးကောင်းအောင် နေထိုင်နေကြတဲ့သူတွေအတွက် ပဲပင်ပေါက်က ကောင်းတဲ့ရွေးချယ်မှုတစ်ခုပါပဲ။ အာဟာဓာတ်တွေ သိုလှောင်ထားတဲ့ ပဲပင်ပေါက်က တော်တော်လေးကို ကယ်လိုရီဓာတ်နည်းပြီး အမျှင်ဓာတ်၊ အင်ဇိုင်းဓာတ်၊ ပရိုတိန်းဓာတ်၊…

68678980_2222079721251273_5684097051105689600_n.jpg

လေပန်ကာက အပူဒဏ်ကို တကယ်လျော့ပါးစေသလား

အပူဒဏ်ကိုခံစားလာရတဲ့အခါ အေးမြမှုကိုခံစားရစေဖို့ အဲကွန်းတွေ၊ ပန်ကာတွေက မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။ အဲကွန်းက ပိုအသုံးဝင်ပေမဲ့ ငွေကြေး စွမ်းအင် စတဲ့လိုအပ်ချက်တွေကြောင့် နေရာတိုင်းမှာလူတိုင်းစေ့သုံးနိုင်တာမဟုတ်ပါဘူး။ ဒါကြောင့် လေပန်ကာတွေက ဒုတိယရွေးချယ်စရာဖြစ်လာပြီး အသုံးပြုမှုများလာခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနဲ့ အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနတွေကတော့ လေပန်ကာတွေက အပူချိန် (၉၀)…