22-12-2020-yyl29.jpg

ပီလီရဲ့တစ်သင်းတည်းသွင်းဂိုးစံချိန်ကို မက်ဆီ ချိုးဖျက်

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ ဘရာဇီးဂန္ထဝင် ကစားသမားဟောင်း ပီလီရဲ့ တစ်သင်းတည်းသွင်းဂိုးစံချိန်ကို ချိုးပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ပီလီဟာ ၁၉၅၆ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်အထိ ၁၈ နှစ်ကြာကာလအတွင်း ဘရာဇီးကလပ် ဆန်းတို့စ်အတွက် ၆၄၃ ဂိုးသွင်းယူပြီး စံချိန်တင်ခဲ့တာပါ။…

18-12-2020-yyl14.jpg

ဖအေတူသား ခိုင်ရွန်နီက မန်ယူအကယ်ဒမီနဲ့ စာချုပ်ချုပ်ဆို

မန်ယူဂန္ထဝင် ကစားသမားဟောင်း ဝိန်းရွန်နီရဲ့ သား ၄ ယောက်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ခိုင်ရွန်နီကတော့ မန်ယူအကယ်ဒမီနဲ့ စာချုပ်ချုပ်ဆိုလိုက်ပါပြီ။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ မွေးဖွားခဲ့တဲ့ ခိုင်ရွန်နီဟာ ၂၀၁၁ ခုနှစ်မှာ မန်ယူအသင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးပြီးနောက်…

24-11-2020-yyl-015.jpg

မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာတို့နဲ့ တွဲဖက်ကစားချင်လို့ ဘာစီလိုနာကို ပြောင်းရွှေ့ချင်ခဲ့တယ်လို့ ရွန်နီ ပြော

မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာတို့နဲ့ တွဲဖက်ကစားချင်လို့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့ဖူးတယ်လို့ မန်ယူတိုက်စစ်မှူးဟောင်း ရွန်နီက ပြောပါတယ်။ ရွန်နီဟာ ၂၀၁၀ ပြည့်နှစ်တုန်းက အသင်းပြောင်းခွင့်ရဖို့ တောင်းဆိုခဲ့ဖူးပြီး အဲဒီအချိန်တုန်းက ပရီးမီးယားလိဂ်ပြိုင်ဘက်တွေနဲ့ ဥရောပထိပ်တန်းအသင်းတွေက သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်ခဲ့ကြပါတယ်။…

8-9-2020-yyl-006.jpg

အမ်ဘာပေ၊ နေမာ၊ ဒီမာရီယာတို့ အပါအဝင် ပီအက်စ်ဂျီ ကစားသမား (၇) ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ပြင်သစ်အသင်းအတွက် နိုင်ငံတကာပွဲစဉ် ကစားပေးခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။ အမ်ဘာပေဟာ ပြီးခဲ့တဲ့ စနေနေ့က ဆွီဒင်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့သူပါ။…

7-9-2020-yyl-020.jpg

ပရီးမီးယားလိဂ် ရာသီသစ်စဖို့ ၅ ရက်အလို မန်စီးတီးကစားသမား ၂ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ပရီးမီးယားလိဂ် ရာသီသစ် စတင်ဖို့ ၅ ရက်ပဲ လိုတော့တဲ့အချိန်မှာ တောင်ပံကစားသမား မာရက်ဇ်နဲ့ နောက်ခံလူ လာပေါ်တေးတို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ မန်စီးတီးအသင်းက အတည်ပြုခဲ့ပါတယ်။ သူတို့ ၂ ယောက်လုံး ရောဂါလက္ခဏာမပြဘူးလို့ ဆိုပါတယ်။…

7-8-2020-yyl-018-1.jpg

ဘောလုံးသမားဖြစ်ဖို့ ကြိုးပမ်းချိန်မှာ မျှတတဲ့အခွင့်အရေး မရခဲ့ဘူးလို့ အူစိန်ဘော့က ပြော

သြစတြေးလျနိုင်ငံမှာ ဘောလုံးသမားဖြစ်ခွင့်ရဖို့ ကြိုးပမ်းခဲ့ချိန်အတွင်း မျှတတဲ့ အခွင့်အရေးမရခဲ့ဘူးလို့ ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့က ပြောပါတယ်။ အိုလံပစ်ရွှေတံဆိပ်ဆုရ တာတိုအပြေးသမား အူစိန်ဘော့ဟာ အပြေးသမားဘဝကနေ အနားယူပြီးချိန်မှာ ဘောလုံးလောကထဲ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်က သြစတြေးလျကလပ် Central…

6-8-2002-yyl-010.jpg

မန်ယူက အာဆင်နယ်ထက် ပိုကြီးကျယ်တဲ့ ကလပ်မဟုတ်လို့ အူဘာမီယန်း အသင်းပြောင်းမှာ မဟုတ်ဘူးလို့ ဆို

ဘာစီလိုနာအသင်းက အူဘာမီယန်းအတွက် ပြောင်းရွှေ့ကြေး တတ်နိုင်လောက်မှာ မဟုတ်သလို မန်ယူကလည်း အာဆင်နယ်ထက် ပိုကြီးကျယ်တဲ့ ကလပ်အသင်းမဟုတ်လို့ အူဘာမီယန်းအနေနဲ့ အာဆင်နယ်မှာပဲ ဆက်ကစားလိမ့်မယ်လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း ချာလီနီကိုလက်စ်က ပြောပါတယ်။ ဘာစီလိုနာ၊ မန်ယူ၊ ဂျူဗင်တပ်၊ ရီးရဲလ်အသင်းတွေက သူ့ကို…

5-8-2020-yyl-010.jpg

ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး စီးရီးအေရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဒီဘားလား ဆွတ်ခူး

ဂျူဗင်တပ်တိုက်စစ်မှူး ဒီဘားလားဟာ ဂျူဗင်တပ်အသင်းဖော် ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ၂၀၁၉-၂၀ ရာသီ စီးရီးအေပြိုင်ပွဲရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ဆွတ်ခူးခဲ့ပါတယ်။ ဒီဘားလားဟာ ၂၀၁၉-၂၀ ရာသီမှာ ဂျူဗင်တပ်အသင်းအတွက် ၃၃ ပွဲ ကစားပြီး ၁၁ ဂိုးသွင်း၊…

5-8-2020-yyl-009.jpg

ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရခဲ့တဲ့ ဖူလ်ဟမ်

၂၀၁၈-၁၉ ရာသီက ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့ ဖူလ်ဟမ်အသင်းဟာ ချန်ပီယံရှစ် Play-offs ပွဲစဉ်မှာ ဘရန်ဖို့ဒ်အသင်းကို အချိန်ပိုသွင်းဂိုး (၁-၂)ဂိုးနဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် တန်းတက်ခွင့် ရခဲ့ပါတယ်။ ဘောလုံးလောကရဲ့ တန်ကြေးအကြီးဆုံးဘောလုံးပွဲလို့ တင်စားကြတဲ့ ချန်ပီယံရှစ်…

4-8-2020-yyl-011.jpg

ရည်ရွယ်ချက်ရှိရှိ ချောင်းဆိုးရင် အနီကတ်ပြနိုင်တယ်လို့ စည်းမျဉ်းထုတ်ပြန်

တခြားအသင်း ကစားသမားတွေ ဒါမှမဟုတ် ဒိုင်တွေဘေးမှာ ရည်ရွယ်ချက်ရှိရှိ ချောင်းဆိုးတဲ့ ကစားသမားတွေကို အနီကတ်ပြနိုင်တယ်လို့ ဘောလုံးစည်းမျဉ်းရေးဆွဲသူတွေနဲ့ အက်ဖ်အေက ပြောခဲ့ပါတယ်။ တမင်တကာ ချောင်းဆိုးတဲ့ လုပ်ရပ်ဟာ ဆဲရေးတိုင်းထွာတာ၊ ကိုယ်အမူအရာ ကြမ်းတမ်းတာ စတဲ့ လုပ်ရပ်တွေနဲ့ တစ်တန်းတည်း…