59230002_2355078194523087_2740896863854002176_n.jpg

ထိပ်တန်းလိဂ်သမိုင်းတစ်လျှောက် တွက်ချက်မှုမှာ ရမှတ်အများဆုံးရယူနိုင်ခဲ့တဲ့ လီဗာပူးအသင်း

၁၉၉၂ ခုနှစ်မှ ပရီးမီးယားလိဂ်ပြိုင်ပွဲလို့ စတင်ဖြစ်ပေါ်လာတဖြစ်ပေမဲ့ အင်္ဂလန်ထိပ်တန်းလိဂ်ပြိုင်ပွဲကတော့ (၁၃၁) နှစ်သက်တမ်းရှိနေပါပြီ။ အင်္ဂလန် ထိပ်တန်းလိဂ်ဘောလုံးပြိုင်ပွဲကို ၁၈၈၈ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး ကမ္ဘာစစ်ကာလတွေမှာ မဖြစ်မနေရပ်နားခဲ့ရတာကလွဲလို့ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပါတယ်။

58818480_2355078151189758_4456229290601611264_n.jpg

ပြိုင်ပွဲဝင်တိုင်း အနည်းဆုံး ပေါင် ၄၅၀၀၀ ရမယ့် ဝင်ဘယ်ဒန်အိုးပင်းတင်းနစ်ပြိုင်ပွဲ

၂၀၁၉ ခုနှစ် ဝင်ဘယ်ဒန်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ဆုကြေးငွေပမာဏကို (၁၁.၈) ရာခိုင်နှုန်းတိုးမြှင့်ခဲ့လို့ တစ်ယောက်ချင်းပြိုင်ပွဲမှာ ပြိုင်ပွဲဝင် (၁၂၈) ယောက်လုံး အနည်းဆုံး ပေါင် ၄၅၀၀၀ အထိ ရရှိမှာဖြစ်ပါတယ်။

59301461_2355078064523100_6752623148425805824_n.jpg

သားလေးကို နည်းပြနာမည်မှည့်ခေါ်ခဲ့တဲ့ နော်ဝစ်ချ်ပရိသတ်ဇနီးမောင်နှံ

နော်ဝစ်ချ်အသင်းကို အရူးအမူးအားပေးတဲ့ ရှောင်တိုမီနဲ့ မိုင်ကိုတိုမီတို့ ဇနီးမောင်နှံဟာ နော်ဝစ်ချ်အသင်းကို ပရီးမီးယားလိဂ်အထိ တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ဒန်နီယယ်ဖာကီကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့သားလေးကို နည်းပြနာမည်ပေးခဲ့ပါတယ်။

ff5.jpg

မန်ယူအသင်း ချန်ပီယံလိဂ်မဝင်ရင် ပေါ့ဘာ၊ လူကာကူ၊ ဒီဂီယာတို့ အသင်းပြောင်းဖွယ်ရှိ

လာမယ့်ရာသီမှာ မန်ယူအသင်း ချန်ပီယံလိဂ်မဝင်ရင် အဓိကကစားသမားတွေဖြစ်တဲ့ ဒီဂီယာ၊ ပေါ့ဘာ၊ လူကာကူတို့ အသင်းပြောင်းဖွယ်ရှိနေတယ်လို့ Guardian သတင်းစာက ဖော်ပြပါတယ်။ အဲဗာတန်ကို (၄) ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက်မှာ မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ဝေဝါးလာခဲ့ပါတယ်။ ပေါ့ဘာကို…

ff4.jpg

ရာသီကုန်အထိ နားရဖို့ရှိနေတဲ့ ဒီဘရိုင်း

မန်စီးတီး ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းဟာ တံကောက်ကြော စုတ်ပြဲဒဏ်ရာကြောင့် ရာသီကုန်ထိ အနားယူရဖို့ ရှိနေပါတယ်။ ဒီဘရိုင်းဟာ စပါးကို (၁-ဝ) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တံကောက်ကြောစုတ်ပြဲဒဏ်ရာကြောင့် ပွဲချိန် (၃၈) မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။ သူဟာ…

ff3.jpg

UFC ကစားသမားဟောင်း ရိုဒရီဂိုဒီလိုင်မာ ကားတိုက်ခံရလို့ သေဆုံး

UFC ကစားသမားဟောင်း ရိုဒရီဂိုဒီလိုင်မာဟာ သူ့ရဲ့မွေးရပ်မြေ ဘရာဇီးမှာ ကားနဲ့တိုက်ခံရလို့ သေဆုံးသွားခဲ့ပါတယ်။ ဒီလိုင်မာဟာ ဘရာဇီးနိုင်ငံ ဘီလမ်မြို့က ဓာတ်ငွေ့အရောင်းဆိုင်မှာ Uber ယာဉ်မောင်းနဲ့ ဆွဲလားရမ်းလားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဒီလိုင်မာက ကားထဲက ထွက်လာချိန်မှာ Uber…

ff1.jpg

ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးသွင်းဂိုး

ဆောက်သမ်တန်တိုက်စစ်မှူး ရှိန်းလောင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အမြန်ဆုံးသွင်းဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဝက်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲအစ (၇) စက္ကန့်မှာပဲ ရှိန်းလောင်းက အဖွင့်ဂိုး သွင်းယူခဲ့တာပါ။ ဝက်ဖို့ဒ်နောက်ခံလူ ခရိတ်ကာ့သ်ကက် ကန်တင်တဲ့ ဘောလုံးက ရှိန်းလောင်းနဲ့ထိပြီး ပြန်ကျလာချိန်မှာ ရှိန်းလောင်းက…

57267642_2281342058575700_508179233382596608_n.jpg

(၁၅) ကြိမ်မြောက် မေဂျာဆုဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ တိုက်ဂါးဝုဒ်

၂၀၁၉ ခုနှစ် မာစတာပြိုင်ပွဲ ဗိုလ်စွဲခဲ့တဲ့ တိုက်ဂါးဝုဒ်ဟာ ကစားသမားဘဝတစ်လျှောက်မှာ (၁၅) ကြိမ်မြောက် မေဂျာဆုဖလားဆွတ်ခူးနိုင်သူ ဖြစ်လာပါတယ်။ ၂၀၀၈ ခုနှစ်က ယူအက်စ်အိုးပင်းပြိုင်ပွဲ ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း အောင်မြင်မှုတွေနဲ့ ကင်းကွာခဲ့တဲ့ တိုက်ဂါးဝုဒ်ဟာ (၁၁) နှစ်အတွင်း ပထမဆုံး…

58383563_2281342035242369_3669528570604027904_n.jpg

အမျိုးသမီးတစ်ယောက်ကိုလက်ရောက်လို့ နစ်ကီဘတ် အဖမ်းခံခဲ့ရ

မန်ယူအကယ်ဒမီ အကြီးအကဲ နစ်ကီဘတ်ဟာ အမျိုးသမီးတစ်ယောက်ကို လက်ရောက်ခဲ့တယ်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးခံခဲ့ရပေမဲ့ အာမခံရလို့ ပြန်လွတ်လာခဲ့ပါတယ်။ ဂရိတ်တားမန်ချက်စတာမြို့ရဲ့ ဟာလီမြို့က အိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းပေးပို့မှု ရရှိခဲ့ပြီးနောက် အသက် (၄၄) နှစ်အရွယ်ရှိတဲ့…

57555524_2281342008575705_551807412391116800_n.jpg

ချန်ပီယံလိဂ်ကထွက်ခဲ့ရပြီးချိန်မှာ ဂျူဗင်တပ် ရှယ်ယာတန်ဖိုး (၂၂) ရာခိုင်နှုန်းကျဆင်း

အိမ်ကွင်းမှာ အေဂျက်ကို ရှုံးပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပြီးနောက်မှာ ဂျူဗင်တပ်အသင်း ရှယ်ယာတန်ဖိုး (၂၂) ရာခိုင်နှုန်းနီးပါး ထိုးကျခဲ့ပါတယ်။ ဂျူဗင်တပ်ဟာ ရော်နယ်ဒိုရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ (၆) မိနစ်အကြာမှာပဲ ချေပဂိုးပေးခဲ့ရပြီး ဒုတိယပိုင်းမှာ အေဂျက်အသင်းခေါင်းဆောင်…