27-5-2020-yyl-022.jpg

ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာက တစ်နှစ်တာဝင်ငွေအများဆုံး အားကစားမယ်အဖြစ် ရပ်တည်

ဂျပန်တင်းနစ်ကြယ်ပွင့် နာအိုမီအိုဆာကာဟာ အမေရိကန်ဝါရင့်တင်းနစ်မယ် ဆရီနာဝီလျံကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဝင်ငွေအများဆုံး အားကစားမယ်အဖြစ် ရပ်တည်ခဲ့ပါတယ်။ အသက် ၂၂ နှစ်ပဲရှိသေးပေမဲ့ ဂရန်းဆလင်းဆုဖလား ၂ လုံး ဆွတ်ခူးထားတဲ့ အိုဆာကာဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ဆုကြေးနဲ့…

27-5-2020-yyl-021.jpg

မိုက်တိုင်ဆန်ကို ပြန်ကိုက်ပြီး လက်စားချေချင်ခဲ့တယ်လို့ ဟိုလီဖီးလ် ပြော

မိုက်တိုင်ဆန်က သူ့နားရွက်ကို ကိုက်လိုက်ချိန်မှာ သူ့ပါးကို ပြန်ကိုက်ပြီး ချက်ချင်းလက်တုံ့ပြန်ချင်ခဲ့တယ်လို့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း အီဗန်ဒါဟိုလီဖီးလ်က ပြောပါတယ်။ ၁၉၉၆ ခုနှစ်က ထိုးသတ်ခဲ့တဲ့ပွဲစဉ်မှာ အီဗန်ဒါဟိုလီဖီးလ်က ထင်ကြေးတွေကို တက်တက်စင်အောင် လွဲချော်စေခဲ့ပြီး သံမဏိမိုက်တိုင်ဆန်ဆီက WBA ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူခဲ့ပါတယ်။…

27-5-2020-yyl-020.jpg

COVID-19 ကပ်ရောဂါကာလ စည်းမျဉ်းတွေနဲ့ညီအောင် ဂျာမန်ကလပ် ၂သင်းက ဈေးဝယ်လက်တွန်းလှည်းကိုယ်စီနဲ့ ဘောလုံးကစားခဲ့

COVID-19 ကပ်ရောဂါကာလမှာ တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေးဝေးနေရမယ်လို့ စည်းမျဉ်းထုတ်ပြန်ထားတဲ့အတွက် ဂျာမန်အပျော်တမ်းလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်း ၂ သင်းက ဈေးဝယ်တွန်းလှည်းတွေ၊ နှာခေါင်းစည်းတွေ တပ်ပြီး ထူးထူးခြားခြား ဘောလုံးကစားခဲ့ကြပါတယ်။ လက်တွန်းလှည်းတွေကိုယ်စီကိုင်ပြီး ကစားခဲ့ကြတဲ့ အက်စ်စီအိန်းဟစ်(SC Einheit)နဲ့ အက်စ်ဗီကိုနစ်စတိန်း(SV Konigstein)အသင်းပွဲစဉ်က…

27-5-2020-yyl-019.jpg

ဘာစီလိုနာအသင်းက အသင်းအမှတ်တံဆိပ်ပါ ချည်သားစစ်စစ် နှာခေါင်းစည်းများ ရောင်းချ

ဥရောပမှာ ဝင်ငွေအများဆုံး ဘောလုံးအသင်းအဖြစ် ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းဟာ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေတဲ့ကာလမှာ ၁၆ ပေါင် တန်ကြေးရှိတဲ့ ကလပ်အသင်း အမှတ်တံဆိပ်ပါ နှာခေါင်းစည်းတွေ ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ ကာတာလန်ဒေသအတွင်းမှာ ထုတ်လုပ်တဲ့ နှာခေါင်းစည်းတွေဟာ ဂေဟစနစ်နဲ့ ကိုက်ညီတဲ့…

27-5-2020-yyl-014.jpg

လီဗာပူးက စက်ယန္တရားတစ်လုံးပါလို့ အမ်ဘာပေ ချီးကျူး

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက လီဗာပူးအသင်းကို စက်ယန္တရားတစ်လုံးပါလို့ ချီးကျူးခဲ့ပြီး နည်းပြဂျာဂန်ကလော့ရဲ့ စွမ်းဆောင်မှုကိုလည်း ချီးကျူးခဲ့ပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို ၂၅ မှတ်ဖြတ်ပြီး ဒီရာသီ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း စပါးကို…

27-5-2020-yyl-013.jpg

ဘိုင်ယန်မြူးနစ်ကို ချန်ပီယံမဖြစ်အောင် တားဆီးဖို့ အရမ်းခက်ခဲသွားပြီလို့ ဒေါ့မွန်နည်းပြ ဆို

ဘိုင်ယန်မြူးနစ်အသင်း ၈ ကြိမ်ဆက် ဘွန်ဒက်စ်လီဂါဖလား မဆွတ်ခူးနိုင်အောင် တားဆီးဖို့ အဆမတန် ခက်ခဲသွားပြီလို့ ဒေါ့မွန်နည်းပြ ဖာဘရီက ပြောပါတယ်။ ဒေါ့မွန်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ဂျိုရှုအာကင်မစ်ချ်ရဲ့ တစ်လုံးတည်းသောဂိုးကြောင့် ရှုံးပွဲကြုံခဲ့လို့ ဘိုင်ယန်ထက် ၇…

26-5-2020-yyl-012.jpg

သူ့ဘဝမှာ ရင်ဆိုင်ဖို့အခက်ခဲဆုံးပြိုင်ဘက်နဲ့ အကောင်းဆုံး အသင်းဖော်ကို ရိုင်ယန်ဂစ် ထုတ်ပြော

မန်ယူအသင်း ဂန္ထဝင်ကစားသမားဟောင်း ရိုင်ယန်ဂစ်က သူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာ ရင်ဆိုင်ဖို့ အခက်အခဲဆုံး ပြိုင်ဘက်နဲ့ အကောင်းဆုံး အသင်းဖော်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အင်တာမီလန်အသင်းခေါင်းဆောင်ဟောင်း ဂျာဗီးယားဇနက်တီကတော့ သူ့ဘဝမှာ ရင်ဆိုင်ဖို့ အခက်ခဲဆုံးပြိုင်ဘက်ဖြစ်တယ်လို့ ရိုင်ယန်ဂစ်က ပြောပါတယ်။ ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်…

25-5-2020-yyl-036.jpg

အောင်လရဲ့ပြိုင်ဘက်ကောင်းဖြစ်လာနိုင်တဲ့ ဂျူဂျစ်ဆုကမ္ဘာ့ချန်ပီယံ Tom DeBlass

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် အားကစားလှုပ်ရှားမှုတွေ ရပ်နားထားတဲ့ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံ ပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ဟာ ကပ်ရောဂါဆိုးကြီးကို ထိန်းချုပ်နိုင်တဲ့အခါ စိတ်လှုပ်ရှားစရာပြိုင် ပွဲတွေ ပြန်လည်ကျင်းပနိုင်ရေးအတွက် အကောင်းဆုံးမဟာဗျူဟာတွေ ချမှတ်ထားပါတယ်။…

25-5-2020-yyl-016.jpg

လာလီဂါပြိုင်ပွဲကို ဇွန်လ ၁၁ ရက်မှာ ဆီဗီးလ်ဒါဘီပွဲနဲ့အတူ ပြန်လည်စတင်မယ်

ဇွန်လ ၁၁ ရက်ကျရင် ဆီဗီးလ်ဒါဘီပွဲစဉ်နဲ့အတူ လာလီဂါပြိုင်ပွဲကို ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်နေတယ်လို့ လာလီဂါဥက္ကဋ္ဌ ဂျာဗီးယားတီဘက်စ်က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် လာလီဂါပြိုင်ပွဲကို ပြီးခဲ့တဲ့မတ်လကတည်းက ဆိုင်းငံ့ထားခဲ့တာပါ။ ဇွန်လ ၈ ရက်ကစပြီး လာလီဂါပြိုင်ပွဲကို ကွင်းပိတ်ကစားဖို့…

25-5-2020-yyl-015.jpg

မန်ယူအသင်းဖော်တစ်ယောက်နဲ့ သီးသန့်ခွဲခြားနေရမယ်ဆိုရင် မာတာကိုပဲ ရွေးမယ်လို့ ဘရူနိုဖာနန်ဒက်စ် ပြော

မန်ယူအသင်းဖော်တစ်ယောက်နဲ့အတူ သီးသန့်ခွဲခြားနေထိုင်ရမယ်ဆိုရင် စပိန်ကွင်းလယ်လူ မာတာကိုပဲ ရွေးချယ်မယ်လို့ မန်ယူကွင်းလယ်လူသစ် ဘရူနိုဖာနန်ဒက်စ်က ပြောပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလအပြောင်းအရွှေ့က မန်ယူကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ ကွင်းတွင်း၊ ကွင်းပြင် အသားကျခဲ့ပါတယ်။ သူဟာ မန်ယူအတွက် ၃ ဂိုးသွင်းပြီး…