hotsports03.jpg

COVID-19 ရောဂါကနေ သက်သာလာတဲ့ ၈၆ နှစ်အရွယ် ပရိသတ်ကို အံ့အားသင့်စေခဲ့တဲ့ ဝက်စ်ဟမ်းနည်းပြ မိုရက်စ်

COVID-19 ရောဂါကနေ ပြန်လည်သက်သာလာတဲ့ အသက် ၈၆ နှစ်အရွယ် ပရိသတ်တစ်ယောက်ကို ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုရက်စ်က ဖုန်းဆက်ပြီး အံ့အားသင့်အောင် လုပ်ခဲ့ပါတယ်။ အိုင်းရစ်လို့ အမည်ရတဲ့ အမျိုးသမီးကြီးဟာ ဝက်စ်ဟမ်းအသင်းကို နှစ် ၇၀ ကျော် အားပေးလာခဲ့သူဖြစ်ပြီး…

hotsports02.jpg

လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလားရရင် ပရိသတ်တွေ လမ်းပေါ်ထွက်အောင်ပွဲခံမှာစိုးရိမ်လို့ ရဲတပ်ဖွဲ့နဲ့ တိုင်ပင်ထား

လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရင် အသင်းပရိသတ်တွေက လူချင်းဝေးဝေးနေခိုင်းတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး လမ်းပေါ်ထွက်အောင်ပွဲခံကြမှာ စိုးရိမ်လို့ အသင်းတာဝန်ရှိသူတွေက ရဲတပ်ဖွဲ့နဲ့ တိုင်ပင်ခဲ့ရတယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဘေး ကြုံနေရလို့ အသွားအလာ ကန့်သတ်မှု စည်းမျဉ်းတွေ…

hotsports01.jpg

နိုင်ကရာဂွာနိုင်ငံမှာ လက်ဝှေ့သမားတွေကို ပိုးသတ်ဆေးဖြန်းပြီး လက်ဝှေ့ပွဲကျင်းပ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်းမှာ အားကစားပြိုင်ပွဲတွေကို ရပ်နားထားရပေမဲ့ နိုင်ကရာဂွာနိုင်ငံကတော့ လက်ဝှေ့ပွဲတွေ ဆက်လက်ကျင်းပနေဆဲပါပဲ။ နိုင်ကရာဂွာနိုင်ငံမြို့တော် မန်နာဂွာမြို့ရဲ့ အလက်ဇစ်အာဂွယ်လိုအားကစားစင်တာမှာ တွဲဆိုင်း ၈ ဆိုင်းပါဝင်တဲ့ လက်ဝှေ့ပြိုင်ပွဲတစ်ရပ် ကျင်းပခဲ့ပြီး ပွဲမတိုင်ခင် ကြိုတင်ကာကွယ်မှုအနေနဲ့ လက်ဝှေ့သမားတွေကို ပိုးသတ်ဆေး…

28-4-2020-yyl-033.jpg

ပြိုင်ဘက်ဟောင်း Tiffany Teo ကို ထပ်မံအလဲထိုးချင်နေတဲ့ The Panda

ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံဟာ စစ်ရေး၊ စီးပွားရေး၊ နည်းပညာ စတဲ့ နယ်ပယ်ပေါင်းစုံမှာ တဖြည်းဖြည်းတိုးတက်လျက်ရှိပြီး လာမယ့်နှစ်အနည်းငယ်အတွင်း အမေရိကန်ပြည်ထောင်စုကိုကျော်ဖြတ်ကာ ကမ္ဘာ့စီးပွားရေးဦးဆောင်နိုင်ငံအဖြစ် ရပ်တည်နိုင်တော့မယ် ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။ ဒါပေမဲ့လည်း တရုတ်ဟာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနည်းမှာတော့ အောက်ကျ…

24-4-2020-yyl-061.jpg

အောင်လကို စိန်ခေါ်လိုက်တဲ့ ဝယ်သာဝိတ်တန်းဘုရင် Abbasov

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ရဲ့မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ မြန်မာအားကစားသမား “မြန်မာ့စပါးအုံး” အောင်လအန်ဆန်ကို စိန်ခေါ်ထိုးသတ်ဝံ့သူ အများကြီးတော့ မရှိပါဘူး။ ဒါက လည်း Sanford MMA အသင်းသား အောင်လရဲ့အကောင်းဆုံးအသက်အရွယ်၊…

Screenshot-2020-04-24-at-11.57.30-AM.png

ONE Championship အမှတ်တရပစ္စည်းများ ဝယ်ယူနိုင်မည့် online shop စတင်မိတ်ဆက်

အာရှတိုက်ရဲ့အကြီးဆုံးသော အားကစားမီဒီယာအဖွဲ့အစည်း ONE Championship ဟာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနယ်ပယ်မှာ ထင်ရှားလာတဲ့ အဖွဲ့အစည်းကြီးဖြစ်ပါတယ်။ စင်ကာပူအခြေစိုက် ONE Championship ဟာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၀ ရက်မှာ ကမ္ဘာတစ်လွှားက ပရိသတ်တွေအတွက်…

22-4-2020-yyl-013.jpg

ဗြိတိန်အမျိုးသားကျန်းမာရေးဌာနနဲ့ ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေပိုရဖို့ ဘောလုံးအမှတ်တရပစ္စည်းတွေ လေလံတင်ရောင်းချခဲ့တဲ့ ဂျွန်တယ်ရီ

ဗြိတိန်အမျိုးသားကျန်းမာရေးဌာနနဲ့ Make-A-Wish ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေ ပေါင် ၂၅၀၀၀၀ တိုးမြှင့်ရရှိစေဖို့အတွက် ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီက သူစုဆောင်းထားတဲ့ ဘောလုံးအမှတ်တရပစ္စည်း ၁၂ ခုကို လေလံတင်ရောင်းချခဲ့ပါတယ်။ အဲဒီပစ္စည်းတွေထဲမှာ အာဂျင်တီးနားဂန ္ထဝင်ကစားသမားဟောင်း ဒီယေဂိုမာရာဒိုနာ ဝတ်ဆင်ခဲ့တဲ့ ဂျာစီ၊…

22-4-2020-yyl-012.jpg

ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရာသီပြီးဆုံးအောင် ဆက်မကစားဖြစ်ရင် အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖွယ်ရှိ

COVID-19 ကပ်ရောဂါကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြီးဆုံးအောင် မကစားနိုင်ဘူးဆိုရင် လာမယ့်ရာသီမှာ အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖွယ်ရှိနေပါတယ်။ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေပေမဲ့ (ရာသီပြီးဆုံးအောင် မကစားနိုင်ရင်)လာမယ့်ရာသီကျရင် ဥရောပပြိုင်ပွဲ ကစားခွင့်ရမယ့်အသင်းတွေကို…

22-4-2020-yyl-011.jpg

နယူးကာဆယ်အသင်းကို ဆော်ဒီလုပ်ငန်းစုက ဝယ်ယူမယ့်ကိစ္စအပေါ် ပိတ်ပင်ပေးဖို့ ပရီးမီးယားလိဂ်ကို beINSports ရုပ်သံလိုင်း တိုက်တွန်း

ဆော်ဒီအစိုးရ ငွေကြေးအထောက်အပံ့ရရှိထားတဲ့ လုပ်ငန်းစုတစ်စုက ပေါင်သန်း ၃၀၀ အသုံးပြုပြီး နယူးကာဆယ်အသင်းကို ဝယ်ယူမယ့်ကိစ္စအပေါ် တားမြစ်ပိတ်ပင်ပေးဖို့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ကို beIN Sports ရုပ်သံလိုင်းက တိုက်တွန်းခဲ့ပါတယ်။ ဆော်ဒီပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အထောက်အပံ့ရရှိထားတဲ့ လုပ်ငန်းစုတစ်စုက နယူးကာဆယ်အသင်းကို…

22-4-2020-yyl-010.jpg

COVID-19 ရောဂါ တိုက်ဖျက်ရေးရန်ပုံငွေ ပိုရဖို့ နူးကမ့်ကွင်းအမည်ကို စပွန်ဆာစာချုပ်ချုပ်ဆိုမယ့် ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နူးကမ့်ကွင်းအမည် အသုံးပြုခွင့် စပွန်ဆာစာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးအားလုံးကို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်း အိမ်ကွင်းဟာ ၁၉၅၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ချိန်ကတည်းက နူးကမ့်ကွင်းလို့ပဲ ခေါ်ဆိုခဲ့တာဖြစ်ပြီး အမည်အသုံးပြုခွင့်…