22-5-2020-yyl-017.jpg

ဆိုင်ထဲဝင်ဝင်ချင်း ပိုးသတ်ဆေးဖျန်းပေးတဲ့ ဂျပန်ဘား

ဂျပန်နိုင်ငံက ဘားတစ်ခုဟာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် လာရောက်တဲ့သူတွေ တံခါးပေါက်ကနေ ဝင်လာတာနဲ့ သူတို့တွေကို ပိုးသတ်ဆေးဖျန်းပေးတယ်လို့သိရပါတယ်။ အဲဒီဘားက ဂျပန်ရိုးရာအရက်ဆိုင် ကီချီရီ ရှင်ဂျူကူဖြစ်ပြီး လာရောက်အားပေးတဲ့သူတွေ ဆိုင်ထဲဝင်လိုက်တာနဲ့ ပိုးသတ်ဆေးဖျန်းတာကို ဓာတ်ပုံရိုက်ကူးထားတာတွေ့ရမှာဖြစ်ပါတယ်။ ဂျပန်ရိုးရာအရက်ဆိုင်ကို လာတဲ့သူတွေက ဆိုင်ထဲဝင်လိုက်တာနဲ့…

22-5-2020-yyl-001.jpg

Stay Home ကာလအတွင်းမှာ မျက်ကွင်းညိုတာမပျောက်ဖြစ်နေပါသလား

လက်ရှိအခြေအနေတွေကြောင့် ကျွန်မတို့တွေ အိမ်ထဲမှာပဲနေပြီး ဖုန်းသုံးတာ၊ တီဗီကြည့်တာ၊ လက်တော့စ်သုံးတာတွေထက် အခြားဘာမှလုပ်စရာမရှိဖြစ်နေကြတာပါ။ Lockdown က ကျွန်မတို့ရဲ့လူနေမှုပုံစံကိုပြောင်းလဲသွားစေပြီး လူနေမှုဘဝအတွက် အရေးကြီးတဲ့အရာတွေကိုလုပ်ဖို့ လျစ်လျူရှုမိနေတတ်ကြပါတယ်။ ကျွန်မတို့တွေက ဒစ်ဂျစ်တယ်ပစ္စည်းတွေကို အရမ်းသုံးမိနေရင်း ကျွန်မတို့ရဲ့အိပ်ချိန်စက်ဝိုင်းက ပြောင်းလဲသွားပါပြီ။ ကျွန်မတို့ရဲ့အချိန်တော်တော်များများလည်း အဲဒါတွေသုံးရင်းနဲ့အချိန်ကုန်နေပြီး…

21-5-2020-yyl-016.jpg

လူသားတွေအတွက် သမုဒ္ဒရာအောက်ခြေက လက်ဆောင်တွေယူလာပေးတဲ့ လင်းပိုင်လေး

လင်းပိုင်တွေက သမုဒ္ဒရာထဲမှာ အလှပအဆုံးသက်ရှိသတ္တဝါလေးတွေပါပဲ။ လူတွေကို အန္တရာယ်မပြုတတ်သလို လူတွေနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိကြပါတယ်။ Mystique အမည်ရတဲ့လင်းပိုင်အထီးက လူသားတွေအကြောင်းကို ကောင်းကောင်းသိတဲ့ပုံပါပဲ။ လူတွေက လက်ဆောင်ပေးရင်ကြိုက်တယ်ဆိုတာ သိတဲ့အတွက် လက်ဆောင်လေးတွေ ယူလာပေးတတ်ပါတယ်။ သူက ကွင်းစလန်ပြည်နယ်ရဲ့ Barnacles Dolphin…

19-5-2020-yyl-024.jpg

မျက်နှာမှာ ပမာဏအများကြီးနဲ့ တိုက်ရိုက်အသုံးမပြုသင့်တဲ့ သဘာဝပါဝင်ပစ္စည်းများ

အခုလို Stay Home ကာလမှာ Work From Homeလည်းလုပ်၊ အသားရေထိန်းသိမ်းတာလည်းလုပ်ရင်းနဲ့ အချိန်ကုန်နေကြမယ်ထင်ပါတယ်။ အိမ်တွင်းနည်းလမ်းနဲ့ အသားရေထိန်းသိမ်းတာတွေ လုပ်ကောင်းဆုံးအချိန်ပါပဲ။ ဆံပင်ကနေစပြီး အသားရေအထိ လှပသွားအောင် လုပ်လို့ရတဲ့ အိမ်တွင်းနည်းလမ်းတော်တော်များများရှိပါတယ်။ ဒါပေမဲ့ သင့်အသားရေကို အန္တရာယ်ဖြစ်စေနိုင်မယ့်…

21-5-2020-yyl-010.jpg

ဒေးဗစ်ဘတ်ခမ်းရဲ့ကားပါကင်ထိုးတဲ့အကျင့်ကြောင့် ဒေသခံတွေ စိတ်ပျက်နေ

တစ်ချိန်တစ်ခါ ဘောလုံးလောကမှာ နာမည်ကြီးခဲ့တဲ့ ဘောလုံးသမားဟောင်းဒေးဗစ်ဘတ်ခမ်းဟာ သူ့ဇနီး၊ သားသမီး (၃) ဦးတို့နဲ့ Cotswolds ဒေသမှာရှိတဲ့ သူ့ကိုယ်ပိုင်အဆောက်အဦးမှာ လတ်တလော သီးခြားနေထိုင်နေပါတယ်။ အဲဒီကဒေသခံတချို့က ဈေးဝယ်ထွက်တဲ့အခါ ဒေးဗစ်ဘတ်ခမ်းလုပ်လေ့ရှိတဲ့ ကားရပ်တဲ့အကျင့်ကို သိရှိသွားပြီးတဲ့နောက်မှာ စိတ်ပျက်နေကြတဲ့ပုံပါပဲ။ ဒေးဗစ်ဘတ်ခမ်းဟာ…

21-5-2020-yyl-003.jpg

ပြန်လည်ဖွင့်ဖွင့်ချင်းပထမရက်မှာ ဝူဟန်မြို့ရဲ့အကြီးဆုံးအပန်းဖြေပန်းခြံကို လာရောက်လည်ပတ်သူ (၃,၀၀၀) ရှိခဲ့

အခုနှစ်အစောပိုင်းမှာ ဝူဟန်မြို့ကို Lockdown ချပြီးကတည်းက အခုဆိုရင် ဝူဟန်မြို့က နာမည်ကြီး Theme Park Happy Valley Wuhan ကို ပြန်လည်ဖွင့်ခွင့်ပေးလိုက်ပါပြီ။ ပြန်လည်ဖွင့်ဖွင့်ချင်းနေ့မှာပဲ လာရောက်လည်ပတ်တဲ့သူ (၃,၀၀၀) ရှိတယ်လို့ သိရပါတယ်။ မေလ…

20-5-2020-yyl-035.jpg

ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်တဲ့ သွားတိုက်ခြင်းအလေ့အထအမှား

ကျွန်တော်တို့တွေအားလုံး ငယ်ငယ်လေးကတည်းက သိလာတာက တစ်နေ့ကို မနက်တစ်ခါ၊ ညတစ်ခါ သွား (၂) ကြိမ်တိုက်ဖို့ပါပဲ။ တစ်နေ့ကို သွား(၂) ကြိမ်တိုက်တာက သွားအခေါင်းပေါက်ဖြစ်ခြင်းကို ကာကွယ်ပေးသလို အမျိုးမျိုးသောဖျားနာမှုတွေဖြစ်ပွားနိုင်ခြေကိုလည်း လျော့ချပေးနိုင်ပါတယ်။ ခံတွင်းသန့်ရှင်းမှုအားနည်းခြင်းက သင့်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆိုးကျိုးလည်းရှိနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။…

20-5-2020-yyl-032.jpg

“Britain’s Got Talent” မှာ ဒိုင်တွေကို အံ့အားသင့်စေခဲ့တဲ့ မျက်မမြင်ကောင်မလေး

အသက် (၁၄) နှစ်အရွယ် ဗြိတိန်-ပါကစ္စတန်ကပြားမလေး ဆီရင် ဂျာဟန်ဂျီအာ ဟာ Britain’s Got Talent မှာ ဒိုင်တွေရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူက ပြိုင်ပွဲမှာ Gabrielle Aplin ရဲ့သီချင်း Salvation နဲ့…

20-5-2020-yyl-027.jpg

COVID-19 အတွင်း ဆေးရုံပြန်လာကူညီပေးရင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အငြိမ်းစားသူနာပြု အသက်ဘေးကနေ ကျော်လွန်နိုင်ပြီ

လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကမ္ဘာကပ်ရောဂါက ကမ္ဘာ့တစ်ဝှမ်းမှာ ကူးစက်ပျံ့နှံ့နေတုန်းပါပဲ။ တချို့နိုင်ငံတွေမှာ ပြည်သူတွေသာမက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေလည်း ကူးစက်ခံရပြီး သေဆုံးနေကြရပါတယ်။ ကူးစက်ခံရပြီး သေဆုံးတဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းအရေအတွက်ကလည်း များပါတယ်။ COVID-19 ကို ရှေ့တန်းက တွန်းလှန်ဖို့ကြိုးစားနေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းအရေအတွက်မလုံလောက်တာကိုလည်း တချို့နိုင်ငံတွေမှာ ရင်ဆိုင်နေရပါတယ်။…

20-5-2020-yyl-006.jpg

အသက်ရှုလိုက်ရင် Marauder’s Map ပေါ်လာတဲ့ ဟယ်ရီပေါ်တာ Mask ကို ဖန်တီးခဲ့သူ

အမေရိကန်နိုင်ငံက ပညာရှင်တစ်ယောက်က တခြားသူတွေထက် ပိုပြီးထူးခြားတဲ့ Mask တွေကို ဖန်တီးလို့နေပါတယ်။ သူ ဖန်တီးတဲ့ Mask က အသုံးပြုတဲ့သူဟာ အသက်ရှုထုတ်လိုက်တာနဲ့ Mask မှာ ဟယ်ရီပေါ်တာဇာတ်ကားထဲက Marauder’s Map ဆိုပြီး ပေါ်လာမှာဖြစ်ပါတယ်။…