poop.jpg

ငှက်ချေးက ဘာလို့အဖြူရောင်ဖြစ်နေရတာလဲ

ကျွန်တော်တို့လူသားတွေအပါအဝင် ကြောင်တွေ၊ ခွေးတွေ၊ မြင်းတွေ၊ ယုန်တွေ၊ သမင်းတွေ၊ ဆင်တွေနဲ့ အခြားတိရစ္ဆာန်တွေက အညိုရောင်ရှိတဲ့ မစင်ကို စွန့်ကြတာပါ။ ငှက်တွေကျတော့ ဘာလို့ အညိုရောင်မဟုတ်ပဲ၊ အဖြူနဲ့ အနက်ရောင်မစင်တွေကို စွန့်ကြတာလဲဆိုတာကတော့ စဉ်းစားစရာပါပဲ။ ငှက်တွေရဲ့ အစာခြေအင်္ဂါစနစ်က…

yyl-021-4.jpg

ထိုင်းနိုင်ငံရေဘေးပြန်လည်ထူထောင်ရေးကို အလှူငွေထည့်ဝင်ခဲ့တဲ့ BLACKPINK အဖွဲ့ဝင် လီဆာ

ဟောလိဝုဒ်ထိခြေဆန့်အောင်မြင်နေတဲ့ ကိုရီးယားအဖွဲ့ BLACKPINK ဟာ ယောကျ်ားလေးပရိသတ်တွေကော၊ မိန်းကလေးပရိသတ်တွေပါ သည်းသည်းလှုပ်ကြိုက်နှစ်သက်ကြတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ အဲဒီအဖွဲ့က အမိုက်စားကောင်မလေးချောချောလေး (၄) ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြန်မာပရိသတ်တွေ မသိတဲ့သူမရှိလောက်ပါပဲ။ မကြာသေးခင်က အဲဒီအဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လီဆာ (Lisa)…

yyl-020-3.jpg

သဘာဝလက်သန့်ဆေးရည်ကို အိမ်မှာ ကိုယ်တိုင်လုပ်ကြမယ်

ရောဂါပိုးမွှားတွေနဲ့ ဖုံထူတဲ့ပတ်ဝန်းကျင်မှာ နေရတဲ့အတွက် ကျွန်တော်တို့ရဲ့ အိတ်ထဲမှာ အမြဲတမ်းဆောင်ထားဖြစ်တာက လက်သန့်ဆေးရည်ပါပဲ။ ညစ်ပတ်တဲ့အရာတစ်ခုခုကိုင်လိုက်လို့ လက်ကို ရေ၊ ဆပ်ပြာတွေနဲ့ သန့်စင်တဲ့ ကျွန်တော်တို့ရဲ့ အလေ့အကျင့်က ပြောင်းသွားပါပြီ။ အခုဆိုရင် အဲဒီအစား လက်သန့်ဆေးရည်ကို အသုံးပြုလာကြပါတယ်။ ကျွန်တော်တို့တွေကို…

yyl-012-4.jpg

ဆိုလာစနစ်နဲ့ရေအပူပေးစက်ကို တီထွင်နိုင်ခဲ့တဲ့အသက် (၈) နှစ်ကလေးမလေး

မက္ကဆီကိုနိုင်ငံက အသက် (၈) နှစ်သာရှိသေးတဲ့ ဇိုချီတယ် ဂွာဒါလူပီ ခရုဇ် (Xochitl Guadalupe Cruz) ဆိုတဲ့ကလေးမလေးက ရေကို အပူပေးနိုင်တဲ့ဆိုလာစနစ်နဲ့ကိရိယာတစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်။ အဲဒီလိုတီထွင်နိုင်ခဲ့တာကြောင့် နမီးဘီးယားတက္ကသိုလ်က ပေးအပ်တဲ့ Nuclear Science ဆုကိုလည်း…

yyl-061.jpg

အစားအစာတွေနဲ့ပတ်သက်ပြီး လုပ်မိနေတဲ့အမှားများ

အရင်ကထက်ပိုပြီး အခုခေတ်က စားပွဲပေါ်လာချတဲ့အစားအစာရဲ့အရည်အသွေးကို ကျွန်တော်တို့တွေက ပိုပြီးအာရုံစိုက်လာကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေက အစားအစာတွေကို နည်းလမ်းအမှားတွေနဲ့ တစ်ခါတလေ စားသောက်နေတယ်ဆိုတဲ့ အရေးကြီးတဲ့အချက်ကို လျစ်လျူရှုထားကြပါတယ်။ ကညွတ်၊ စတော်ဘယ်ရီ၊ ဒိန်ချဉ်၊ ပဲအမျိုးမျိုးအစရှိတဲ့အစားအစာတွေက ကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။ ကျွန်တော်တို့က အဲဒါတွေရဲ့အာဟာရဓာတ်ကို…

yyl-047-2.jpg

ကိုယ့်ကို တစ်စုံတစ်ယောက်အာရုံစိုက်မိလာအောင် ဘယ်လိုလုပ်မလဲ

သင် လေးစားတဲ့သူ၊ သင်စိတ်ဝင်စားနေတဲ့သူက သင့်ကိုသတိထားမိအောင် အာရုံစိုက်မိအောင် လုပ်ဖို့ဆိုတာမလွယ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ သင့်ရဲ့ခန္ဓာကိုယ်အမူအရာ၊ ယုံကြည်ချက်ရှိမှုတွေနဲ့ လူတစ်ယောက်အာရုံစိုက်မိလာအောင်လုပ်လို့ရပါတယ်။ ကိုယ့်ကို တစ်စုံတစ်ယောက်သတိထားမိအောင်လုပ်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိဖို့လိုတယ်နော်။ ကဲ…ဘယ်လိုလုပ်ရင် တစ်စုံတစ်ယောက် ကိုယ့်ကိုသတိထားမိစေလဲ၊ အာရုံစိုက်မိစေလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ရအောင်..။ ပြုံးပါ…

yyl-042-2.jpg

ကျောင်းစတက်တဲ့နေ့မှာ ကြောက်ရွံ့နေတဲ့ကလေးလေးကို ကူညီပေးခဲ့တဲ့ကားမောင်းသမား

ပထမဆုံးကျောင်းစတက်ရတာ လူတိုင်းအတွက် စိတ်လှုပ်ရှားစရာအခိုက်အတန့်ဖြစ်နိုင်ပါတယ်။ သင့်အသက်သာ (၄) နှစ်ဆိုရင် ကျောင်းစတက်ရတော့မယ်ဆိုတဲ့ ခံစားချက်က အခြားသူတွေထက် နှစ်ဆဖြစ်နေမှာပါ။ အက်ဇယ် ဂျွန်ဆန် (Axel Johnson) ဆိုတဲ့ ကလေးလေးက ကျောင်းစတက်ရမဲ့နေ့ ကျောင်းကားစီးမယ့်အချိန်မှာ ကြောက်ရွံ့ပြီးစိတ်လှုပ်ရှားနေတဲ့အတွက် သူ့ကိုထားပြီး…

yyl-033-3.jpg

ခေတ္တအနားယူပြီးတဲ့နောက် ဂီတအလုပ်တွေပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ BTS

ပရိသတ်အခိုင်အမာရရှိထားတဲ့ ကမ္ဘာကျော်ကိုရီးယားအဖွဲ့ BTS ဟာ ၂၀၁၃ခုနှစ်မှာ ပွဲဦးထွက်ပြီးကတည်းက ပထမဆုံးအကြိမ်ခတ္တခဏအနားယူမယ့်အကြောင်းကို သြဂုတ်လ (၁၁) ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ သူတို့အဖွဲ့က ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေ ဆက်တိုက်ကျင်းပခဲ့ရတာကြောင့် တစ်ခါမှ ရက်ကြာကြာအနားမယူခဲ့ရတဲ့အတွက် သူတို့ရဲ့အေဂျင်စီက အဖွဲ့ဝင်တွေကို သာမန်လူတွေလိုအပျော်ခရီးထွက်ပြီး အနားယူခွင့်ပေးခဲ့တာဖြစ်ပါတယ်။…

yyl-027-3.jpg

ပလတ်စတစ်သုံးစွဲမှုကို လျော့ချပေးရာရောက်တဲ့ Kit Kat Japan ရဲ့ထုတ်ပိုးမှုပုံစံအသစ်

Nestle ကုမ္ပဏီဟာ ပလတ်စတစ်ထုတ်ပိုးမှုအများဆုံးထုတ်လုပ်တဲ့ကုမ္ပဏီတွေက တစ်ခုဖြစ်တာကြောင့် နှစ်တော်တော်ကြာ အငြင်းပွားဖွယ်ရာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါကြောင့်ပဲ ထုတ်ပိုးမှုနဲ့ပတ်သက်ပြီး နည်းဗျူဟာအသစ်တွေ ဖန်တီးလာခဲ့ပါတယ်။ အဲဒီလိုပြောင်းလဲမှုတွေလုပ်လာတဲ့အတွက် လူတွေရဲ့ကောင်းတဲ့တုံ့ပြန်ချက်တွေလည်းရလာခဲ့ပါတယ်။ မကြာသေးခင်ကမှ Nestle ကုမ္ပဏီကထုတ်လုပ်တဲ့ Kit Kat Japanကို ပလတ်စတစ်ထုတ်ပိုးမှုအစား…

yyl-001-3.jpg

တကယ့်အစစ်မှန်လို့တောင် ယုံကြည်ဖို့ခက်လှတဲ့ ခေတ်သစ်အနုပညာလက်ရာများ

အခုခေတ်အနုပညာရှင်တွေက လူတွေကို ဆွဲဆောင်ဖို့အတွက် ဘယ်လိုအနုပညာလက်ရာတွေကို ဖန်တီးရမလဲဆိုတဲ့နည်းလမ်းအသစ်တွေကို ရှာဖွေကြရပါတယ်။ တချို့က အဆောင်အဦးတစ်ခုလုံးမှာ ဧရာမပန်းချီတွေကို ဖန်တီးရေးဆွဲကြသလို တချို့က ထူးခြားတဲ့အဆောက်အဦးဒီဇိုင်းတွေလည်း ဖန်တီးကြပါတယ်။ ခေတ်သစ်အနုပညာလက်ရာတွေက တီထွင်ဆန်းသစ်မှုတွေလုပ်လာတာနဲ့အမျှ ပိုပိုပြီး ထူးခြားပြောင်မြောက်လာပါတယ်။ အနုပညာလက်ရာတွေက အသက်ဝင်လွန်းတာကြောင့် တကယ့်အစစ်အမှန်တွေကောဟုတ်ရဲ့လားဆိုပြီး…