30.1.2021yyl05.jpg

ကမ္ဘာ့ပထမဆုံး ခရီးသည်တင် လျှပ်စစ်လေယာဉ် စတင်ပျံသန်းတော့မယ်

ကမ္ဘာ့ပထမဆုံး ခရီးသည်တင် လျှပ်စစ်လေယာဉ်ကို စတင်ပျံသန်းဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ အစ္စရေးကုမ္ပဏီ Eviation က အဆင့်မြှင့်တင်နေတဲ့ The Alice လေယာဉ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ဆီယက်တယ်မြို့မြောက်ပိုင်း အာလင်တန်မြူနီစီပယ်လေဆိပ်မှာ အင်ဂျင်စမ်းသပ်မှုအောင်မြင်ခဲ့တာပါ။ သီတင်းပတ် အနည်းငယ်အကြာမှာ ပထမဆုံးခရီးစဉ်…

30.1.2021yyl07.jpg

ကမ္ဘာပေါ်မှာရှိတဲ့ သစ်ပင်မျိုးစိတ်က ထင်ထားတာထက် ၁၄ ရာခိုင်နှုန်း ပိုများ

သိပ္ပံနည်းကျ စိတ်ချယုံကြည်ရတဲ့ ခန့်မှန်းမှုအရ ကမ္ဘာပေါ်မှာရှိတဲ့ သစ်ပင်မျိုးစိတ်ဟာ ထင်ထားတာထက် ၁၄ ရာခိုင်နှုန်း ပိုများတယ်လို့ သုတေသီတွေက ပြောပါတယ်။ သစ်ပင်မျိုးစိတ် ၇၃၃၀၀ ရှိမယ်လို့ ခန့်မှန်းထားပြီး ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ မျိုးစိတ် ၉၂၀၀ ကျန်ရှိနေပါသေးတယ်။ ဒါပေမဲ့…

30.1.2021yyl04.jpg

စားနပ်ရိက္ခာပြတ်သွားလို့ လိုက်ဘေးရီးယား အကျဉ်းထောင်မှာ အကျဉ်းသားသစ် လက်မခံနိုင်တဲ့အဆင့် ကြုံ

အခုလအစောပိုင်းက လိုက်ဘေးရီးယားနိုင်ငံရဲ့ ပင်မအကျဉ်းထောင်မှာ စားနပ်ရိက္ခာ ပြတ်လပ်သွားပြီး ကြောက်မက်ဖွယ် အခြေအနေတွေ ကြုံတွေ့ခဲ့ရလို့ အကျဉ်းသားသစ် လက်မခံနိုင်ခဲ့ပါဘူး။ လိုက်ဘေးရီးယားနိုင်ငံရဲ့ အကျဉ်းထောင် ၁၅ ခုလုံးမှာ စားနပ်ရိက္ခာပြတ်လပ်မှု ဖြစ်ပွားခဲ့ပြီး အကျဉ်းထောင် ၂ ထောင်ကတော့ အကျဉ်းသားသစ်…

30.1.2021yyl15.jpg

မိခင်နို့ရည်မှာပါတဲ့ ဆဲလ်အရှင်တွေက ရင်သားကင်ဆာ ကုထုံးသစ်တွေ ပေါ်ပေါက်လာစေဖို့ အထောက်အပံ့ ဖြစ်စေနိုင်

ယခင်က ဆဲလ်သေ (သို့) သေခါနီး ဆဲလ်တွေလို့ ထင်ထားကြတဲ့ မိခင်နို့ရည်ထဲက ဆဲလ်တွေဟာ အသက်ရှင်ပြီး အကောင်းအတိုင်းရှိနေတယ်ဆိုတာကို ကမ်းဘရစ်ချ်တက္ကသိုလ်ရဲ့ သုတေသနလုပ်မှုမှာ တွေ့ရှိခဲ့ပါတယ်။ နို့ရည်ထဲက ဆဲလ်အရှင်တွေဟာ ရင်သားကင်ဆာရောဂါ ကုသနည်းတွေ ရှာဖွေဖို့ သိပ္ပံပညာရှင်တွေကို အထောက်အပံ့ဖြစ်စေနိုင်တာကိုလည်း…

30.1.2021yyl02.jpg

၂၀၁၇ နောက်ပိုင်း အကြီးမားဆုံးဒုံးကျည်စမ်းသပ်မှုကို အာကာသထဲကနေ ရိုက်ထားခဲ့တဲ့ ဓာတ်ပုံများ KCNA ထုတ်ပြန်

၂၀၁၇ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ဒုံးကျည်စမ်းသပ်လွှတ်တင်မှုနဲ့ပတ်သက်ပြီး အာကာသထဲကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ တာလတ်ပစ် ဟွာဆောင်-၁၂ ဒုံးကျည်ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောပါတယ်။ အဲဒီဒုံးကျည်ဟာ အမြင့်ပေ ၁၂၄၂…

28-2-2022-yyl11.jpg

ဘဝပျက်မလို ဖြစ်နေတဲ့ အနုပညာသမားကို ဒရမ်စက်သစ်တစ်စုံ ဝယ်ပေးခဲ့တဲ့ Metallica

အိမ်ရှေ့ကို ထွက်ကြည့်လိုက်တော့ သူ အလန့်တကြား ဖြစ်သွားတယ်။ သူ့ရဲ့ထရပ်ကားရော၊ ကားပေါ်တင်ထားတဲ့ ဒရမ်စက်တွေရော မရှိတော့ဘူး။ အဲဒီမြင်ကွင်းကြောင့် သူလည်း မူးမိုက်လဲကျသွားခဲ့တယ်။ ပြီးတော့ သေနတ်မှန်ထားသူတစ်ယောက်လို အော်ဟစ်ညည်းတွားပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့တယ်။ ထရပ်ကားနဲ့ ဒရမ်စက်တွေက သူ့ဘဝပါပဲ။…

30.1.2021yyl01.jpg

ခိုအာလာဝက်ဝံတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ စံချိန်တင်ဘတ်ဂျက် အသုံးပြုမယ့် သြစတြေးလျ

ခိုအာလာဝက်ဝံတွေကို ရေရှည်ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ အကောင်အရေအတွက် တိုးတက်လာစေဖို့အတွက် သြစတြေးလျအစိုးရက စံချိန်တင်ဘတ်ဂျက်အဖြစ် အမေရိကန်ဒေါ်လာ ၃၅ သန်း အသုံးပြုသွားမယ်လို့ သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်ရဲ့ရုံးက ထုတ်ပြန်ခဲ့ပါတယ်။ တောမီးလောင်မှု၊ မိုးခေါင်ရေရှားမှု၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေအတွက် မြေနေရာ ချဲ့ထွင်ရှင်းလင်းမှုတွေကြောင့် ၂၀၁၈ ခုနှစ်နောက်ပိုင်း…

28-2-2022-yyl14.jpg

ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှား ကျူးကျော်နိုင်ခြေများတယ်လို့ အမေရိကန်သမ္မတ ပြော

ရှေ့လထဲမှာ ရုရှားက ယူကရိန်းကို ကျူးကျော်နိုင်ခြေများတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးခဲ့ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေမှာ သူတို့ရဲ့ အဓိကတောင်းဆိုချက်တွေကို အမေရိကန်က ပယ်ချလိုက်ပြီးနောက်မှာတော့ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အကောင်းမြင်စရာတစ်ကွက်မှမရှိဘူးလို့ ရုရှားက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း…

28-2-2022-yyl6.jpg

၁၈ မိနစ် တစ်ကြိမ် ရေဒီယိုလှိုင်း ထုတ်လွှတ်နေတဲ့ အံ့အားသင့်ဖွယ် အရာတစ်ခုကို တွေ့ရှိ

စကြဝဠာထဲက ရေဒီယိုလှိုင်းတွေကို မှတ်တမ်းတင်နေတုန်း စွမ်းအင်အများအပြား ထုတ်လွှတ်နေတဲ့ အရာတစ်ခုကို နက္ခတ္တပညာရှင်တွေက အမှတ်မထင်တွေ့ရှိခဲ့ပါတယ်။ အဲဒီလို အရာမျိုးကို အရင်တုန်းက မတွေ့ဖူးကြပါဘူး။ တဖြည်းဖြည်းချင်း လည်နေတဲ့ အဲဒီအရာဟာ တစ်နာရီကို ရောင်ခြည် ၃ ကြိမ် ဖြာထွက်နေပြီး…

28-2-2022-yyl9.jpg

အိုမီခရွန်မျိုးကွဲသစ်က ကိုဗစ်-၁၉ ကပ်ရောဂါအဆုံးသတ်တော့မယ်ဆိုတဲ့ ရောင်နီသန်းမှု ဖြစ်နိုင်တယ်လို့ ပညာရှင်တွေ ဆို

အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ဟာ ကပ်ရောဂါ အဆုံးသတ်တော့မယ်ဆိုတဲ့ ရောင်နီသန်းမှု ဖြစ်နိုင်တယ်လို့ မက်ဆာချူးဆက်တက္ကသိုလ်ရဲ့ ဗိုင်းရပ်စ်ကျွမ်းကျင်ပညာရှင် ဂျရမီလူဘန်းက ပြောပါတယ်။ မျိုးဗီဇပြောင်းလဲမှု ၅၀ လောက်အထိ ပါဝင်နေတဲ့ အိုမီခရွန်မျိုးကွဲသစ်ဟာ အရင်မျိုးကွဲသစ်တွေနဲ့ ဆက်စပ်မှုမရှိသလိုဖြစ်နေပြီး ဘယ်က ဘယ်လိုပေါ်ပေါက်လာမှန်း မသိတဲ့…