17-7-2020-yyl-010.jpg

ဇီဒန်းလက်နဲ့ထိရင် ရွှေဖြစ်တာချည်းပါပဲလို့ ရာမို့စ် ချီးကျူး

ရီးရဲလ်အသင်းကို ၃၄ ကြိမ်မြောက် လာလီဂါဖလား ဆွတ်ခူးနိုင်အောင် ဦးဆောင်ပေးခဲ့တဲ့ နည်းပြဇီဒန်းကို ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်က ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ ရီးရဲလ်ဟာ ဗီလာရီးရဲလ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ လာလီဂါချန်ပီယံဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါဟာ ရီးရဲလ်အတွက် ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ၃ ကြိမ်မြောက်…

17-7-2020-yyl-009.jpg

မန်ယူနဲ့ပွဲအပြီးမှာ VAR စနစ် ပျက်နေတာလားလို့ ခရစ္စတယ်ပဲလေ့စ်အသင်း ပိုင်ရှင် မေးခွန်းထုတ်

မန်ယူကို ဝ-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ခရစ္စတယ်ပဲလေ့စ်အသင်းပိုင်ရှင် စတိဗ်ပါရစ်က VAR စနစ် ပျက်နေတာလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ မန်ယူအတွက် ရက်ရှ်ဖို့ဒ်က အဖွင့်ဂိုးမသွင်းခင် မိနစ်ပိုင်းအလိုမှာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ပင်နယ်တီတောင်းဆိုမှုကို ကွင်းလယ်ဒိုင် စတော့ခ်လေပါ့ခ်က ပယ်ချခဲ့သလို VAR…

17-7-2020-yyl-008.jpg

အီသီယိုးပီးယားနိုင်ငံရဲ့ ဆည်ရေဖြည့်တဲ့ လုပ်ရပ်ကို ဆူဒန်နိုင်ငံ ရှုတ်ချ

အီသီယိုးပီးယားနိုင်ငံရဲ့ Grand Renaissance ဆည် အနောက်ဘက်မှာရှိတဲ့ ရေလှောင်တမံကို ရေဖြည့်နေချိန်မှာ နိုင်းမြစ်ရေမျက်နှာပြင် ကျဆင်းခဲ့တယ်လို့ ဆူဒန်နိုင်ငံက ထုတ်ပြောခဲ့ပြီး အခုလို တစ်ဖက်သတ်ဆန်တဲ့လုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။ အီဂျစ်နိုင်ငံကလည်း အီသီယိုးပီးယားနိုင်ငံကို အချိန်တိုအတွင်း တရားဝင်ဖြေရှင်းချက် ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။…

17-7-2020-yyl-006.jpg

ဘရာဇီးနိုင်ငံရဲ့ အမေဇုန်ဒေသမှာ ကိုဗစ်ကြောင့်သေဆုံးသူများပြီး အခေါင်းရှားနေလို့ တွင်းကြီးတွေတူးပြီး မြေမြှုပ်နေရ

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ သန်းကျော်ရှိလာခဲ့ပြီး သေဆုံးသူ ၇၄၀၀၀ ကျော် ရှိလာခဲ့တယ်လို့ တရားဝင်ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဘရာဇီးနိုင်ငံဟာ အမေရိကန်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်စ်ဒဏ် အဆိုးရွားဆုံးခံစားရတဲ့နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ဒါပေမဲ့ ရောဂါစစ်ဆေးမှုပမာဏ နည်းပါးတဲ့အတွက် အမှန်တကယ်…

16-7-2020-yyl-021.jpg

တရုတ်နိုင်ငံရဲ့ စီးပွားရေး တစ်ကျော့ပြန် ဦးမော့ လာတယ်ဆိုရာဝယ်

ရောဂါကူးစက်မှုတွေ တစ်ကျော့ပြန်မြင့်တက်လာလို့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ မြို့တွေကို ပိတ်ထားရတဲ့အတွက် စီးပွားရေး ဆက်လက်ကျဆင်းနေချိန်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးကတော့ တစ်ကျော့ပြန်ဦးမော့လာခဲ့ပါပြီ။ တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အရင်ဆုံးဖြစ်ပွားပြီး စီးပွားရေးတိုးတက်မှု အရင်ဆုံးပြန်ရတဲ့နိုင်ငံဖြစ်လာပါတယ်။ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ…

16-7-2020-yyl-020.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်း ဗြိတိန်နိုင်ငံမှာ ဆေးလိပ်ဖြတ်သူ တစ်သန်းကျော် ရှိတယ်လို့ တွက်ဆထား

ဗြိတိန်နိုင်ငံမှာရှိတဲ့ ဆေးလိပ်သောက်သူတွေက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလကို ဆေးလိပ်ဖြတ်ဖို့ အခွင့်အရေးတစ်ရပ်လို အသုံးချခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၄ လအတွင်း ဗြိတိန်နိုင်ငံမှာ ဆေးလိပ်ဖြတ်သူ တစ်သန်းကျော်ရှိခဲ့ပြီး အများစုကတော့ လူငယ်တွေဖြစ်ပါတယ်။ ဈေးကွက်သုတေသနနဲ့ အချက်အလက်စိစစ်ပိုင်းခြားရေးကုမ္ပဏီ YouGov ရဲ့ လူ…

16-7-2020-yyl-008.jpg

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွေကို တစ်ရက်၊ ၄ ပွဲ ကစားမယ်

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်တွေကို တစ်ရက်၊ ၄ ပွဲ ကစားမယ်လို့ ဖီဖာက ကြေညာခဲ့ပါတယ်။ အုပ်စုပွဲစဉ်တွေကို ၁၂ ရက်ကြာ ကစားမှာဖြစ်ပေမဲ့ ဘယ်ပွဲစဉ်ကို ဘယ်ကွင်းမှာ ကစားမလဲဆိုတာကတော့ ၂၀၂၂ ခုနှစ်၊ မတ်လမှာ…

16-7-2020-yyl-007.jpg

မန်စီးတီးရဲ့ရမှတ်၁၀၀ စံချိန်ကို လီဗာပူး အမီလိုက်နိုင်စွမ်းမရှိတော့

လီဗာပူးဟာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် မန်စီးတီးအသင်းရဲ့ တစ်ရာသီအတွင်း ရမှတ်(၁၀၀)ရယူနိုင်တဲ့ စံချိန်ကို ချိုးဖျက်နိုင်မယ့် မျှော်လင့်ချက်ပျက်ပြယ်ခဲ့ရပါတယ်။ အာဆင်နယ်နဲ့ပွဲစဉ်မတိုင်ခင် ရမှတ်(၉၃)မှတ် ရရှိထားတဲ့ လီဗာပူးဟာ လက်ကျန်ပွဲစဉ်(၃)ပွဲလုံး အနိုင်ရခဲ့ရင် မန်စီးတီးအသင်းရဲ့ ရမှတ်(၁၀၀)စံချိန်ကို ချိုးဖျက်နိုင်မှာဖြစ်ပြီး လက်ကျန်ပွဲစဉ်(၃)ပွဲမှာ (၇)မှတ်…

108293754_3286428578067038_7859938122903382198_o.png

ဘီလ်ဂိတ်၊ ဂျက်ဘီဇို့စ်၊ အီလွန်မက်စ်၊ အိုဘားမား၊ ဂျိုးဘိုင်ဒင်တို့ရဲ့ တွစ်တာအကောင့်တွေ တိုက်ခိုက်ခံရ

Bitcoin ငွေကြေးအရှုပ်တော်ပုံနဲ့ ပတ်သက်ဖွယ်ရှိတဲ့ ဆိုက်ဘာတိုက်ခိုက်မှုမှာ ဟက်ကာတွေက အီလွန်မက်စ်၊ ဂျက်ဘီဇို့စ်၊ ဘီလ်ဂိတ် စတဲ့ ဘီလျံနာတွေအပါအဝင် အမေရိကန်နိုင်ငံက ထင်ပေါ်ကျော်ကြားသူတွေရဲ့ တွစ်တာအကောင့်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်သမ္မတဟောင်း အိုဘားမား၊ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်၊ ကင်းန်းဝက်စ်တို့ရဲ့ တွစ်တာအကောင့်တွေမှာ…

16-7-2020-yyl-006.jpg

အီရန်နိုင်ငံမှာ ဒွိဟဖြစ်စရာကောင်းတဲ့ မတော်တဆမှုတွေ ဆက်တိုက် ဖြစ်ပွားနေ

အီရန်နိုင်ငံတောင်ပိုင်း ဘူရှီဟာဆိပ်ကမ်းရဲ့ သင်္ဘောကျင်းမှာ အနည်းဆုံးစက်လှေ ၇ စင်း မီးလောင်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့ပြီး လူသေဆုံးမှုမရှိခဲ့ဘူးလို့ ဒေသဆိုင်ရာ ပဋိပက္ခစီမံခန့်ခွဲရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။…