13-7-2020-yyl-010.jpg

ဆူဒန်နိုင်ငံမှာ နှစ် ၃၀ ကျော် ကျင့်သုံးလာတဲ့ အစ္စလာမ်စည်းမျဉ်း တွေကို ဖျက်သိမ်း

အစ္စလာမ်စည်းမျဉ်းတွေကို နှစ် ၃၀ ကျော် ကျင့်သုံးလာခဲ့တဲ့ ဆူဒန်နိုင်ငံဟာ မွတ်စလင်မဟုတ်သူတွေကို အရက်သောက်ခွင့်ပေးတာ၊ ဘာသာရေး၊ နိုင်ငံရေးယုံကြည်ချက် သွေဖည်မှုဥပဒေကို ဖျက်သိမ်းတာ၊ လူမြင်ကွင်းမှာ ကြိမ်ဒဏ်ပေးမှု ဖျက်သိမ်းတာ စတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ” ဆူဒန်နိုင်ငံမှာ…

10-7-2020-yyl-036.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာလို့ ဟောင်ကောင်မြို့က စာသင်ကျောင်းအားလုံးကို ရပ်ဆိုင်း

ဟောင်ကောင်မြို့မှာ ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာခဲ့ပြီးနောက်မှာတော့ စာသင်ကျောင်းအားလုံးကို ရပ်ဆိုင်းလိုက်ပါပြီ။ အစောပိုင်းတုန်းက ဟောင်ကောင်မြို့မှာရှိတဲ့ အစိုးရကျောင်းတွေကို ဇူလိုင်လနှောင်းပိုင်းရောက်မှ နွေရာသီအားလပ်ရက်ပေးဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာပြီး စာသင်ကျောင်းတွေရဲ့သန့်ရှင်းမှုအပေါ် မိဘတွေက စိုးရိမ်ပူပန်လာကြတဲ့အတွက်…

10-7-2020-yyl-032.jpg

မခွဲခြားနိုင်သေးတဲ့ အဆုတ်ရောင် ရောဂါ သစ်ကြောင့် ကာဇက်စတန်နိုင်ငံမှာ လူ ၁၇၀၀ ကျော် သေဆုံး

ကိုရိုနာဗိုင်းရပ်စ်ထက် သေဆုံးသူပိုများနိုင်ပြီး မခွဲခြားနိုင်သေးတဲ့ အဆုတ်ရောင်ရောဂါသစ်ကြောင့် ကာဇက်စတန်နိုင်ငံမှာ လူ ၁၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ တရုတ်အရာရှိတွေက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဇွန်လအလယ်ပိုင်းကစတင်ပြီး ကာဇက်စတန်နိုင်ငံတစ်ဝန်းမှာ မခွဲခြားနိုင်သေးတဲ့ အဆုတ်ရောင်ရောဂါသစ် ဖြစ်ပွားမှုတွေ သိသိသာသာ မြင့်တက်လာခဲ့တာလို့…

10-7-2020-yyl-034.jpg

လူ ၃ ယောက်ကို မီးဘေးကနေ ကယ်တင်ပေးနိုင်ခဲ့တဲ့ ခွေးမလေးကို သူရဲကောင်းအဖြစ် ဂုဏ်ပြု

ဘေးအိမ်မှာ မီးလောင်နေတာကို သခင်သိအောင် သတိပေးနိုင်ခဲ့တဲ့ ကယ်ဆယ်ရေးခွေးလေးတစ်ကောင်ဟာ သူရဲကောင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင်လ ၄ ရက် ည ၁၀ နာရီ ၄၅ မိနစ်အချိန်က သူတို့အိမ်ရှေ့မှာ ခွေးမလေး ရူ…

10-7-2020-yyl-035.jpg

ရဲတပ်ဖွဲ့ဝင် ၈ ယောက်ကို သတ်ခဲ့တယ်ဆိုတဲ့ အမျိုးသားတစ်ယောက်ကို အိန္ဒိယရဲတပ်ဖွဲ့က အသေဖမ်းဆီး

ရဲတပ်ဖွဲ့ဝင် ၈ ယောက်ကို သတ်ခဲ့တယ်ဆိုတဲ့ အမျိုးသားတစ်ယောက်ကို အိန္ဒိယရဲတပ်ဖွဲ့က အသေဖမ်းဆီးခဲ့ပါတယ်။ ဗီကက်စ်ဒူဘေးလို့ အမည်ရတဲ့ အဲဒီအမျိုးသားဟာ လူသတ်မှုအပါအဝင် ရာဇဝတ်မှု ၆၀ အတွက် အပြစ်ရှိတယ်လို့ စွပ်စွဲခံခဲ့ရထားရသူပါ။ ပြီးခဲ့တဲ့သောကြာနေ့က ဥတ္တာပရာဒက်ရှ်ပြည်နယ်မှာ သူ့ကိုဖမ်းဆီးဖို့ ရောက်ရှိလာတဲ့…

10-7-2020-yyl-033.jpg

အချင်းကတစ်ဆင့် သန္ဓေသားကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်စေနိုင်

ကိုယ်ဝန်ဆောင်မိခင်မှာ ကိုရိုနာဗိုင်းရပ်စ်ရှိရင် အချင်းကတစ်ဆင့် သန္ဓေသားကို ရောဂါကူးစက်စေနိုင်တယ်လို့ အီတလီနိုင်ငံရဲ့ လေ့လာမှုသစ်တစ်ရပ်မှာ ဖော်ပြထားပါတယ်။ COVID-19 ရောဂါပိုးရှိတဲ့ အမျိုးသမီးတွေကနေ မွေးဖွားလာတဲ့ ကလေး ၂ ယောက်မှာ မွေးမွေးချင်း ရောဂါပိုးရှိနေတာ တွေ့ရတယ်လို့ မီလန်တက္ကသိုလ်ရဲ့ သုတေသီ…

9-7-2020-yyl-012.jpg

နယူးကာဆယ်နဲ့ပွဲမှာ ရခဲလှတဲ့ ဂိုးသွင်းစံချိန်သစ် တစ်ရပ်ကို မန်စီးတီး ရေးထိုး

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ရာသီအတွင်း ၁၀ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ကစားသမား ၅ ယောက်ရှိတဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။ နယူးကာဆယ်ကို ၅ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မာရက်ဇ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၀…

9-7-2020-yyl-011.jpg

လီဗာပူးသမိုင်းမှာ ပရီးမီးယားလိဂ်ဂိုး (၁၀၀) အမြန်ဆုံး စွမ်းဆောင်နိုင်သူ အဖြစ် ဆာလာ စံချိန်တင်

ဘရိုက်တန်ကို ၁-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးနိုင်ခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး ဆာလာဟာ အသင်းအတွက် ပရီးမီးယားလိဂ် ဂိုး (၁၀၀) အမြန်ဆုံး စွမ်းဆောင်နိုင်သူ( သွင်းဂိုး+ ဂိုးဖန်တီးမှု)အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဆာလာဟာ လီဗာပူးအတွက်…

9-7-2020-yyl-010.jpg

ဗြိတိန်နိုင်ငံမှာ သြဂုတ်လအတွင်း စားသောက်ဆိုင်မှာစားရင်း ၅၀ ရာခိုင်နှုန်း ဈေးလျှော့ပေးမယ်

အခက်တွေ့နေတဲ့ တည်ခင်းဧည့်ခံရေးကဏ္ဍ တစ်ကျော့ပြန်ဦးမော့လာစေဖို့ ဗြိတိန်အစိုးရရဲ့အစီအစဉ်အရ လာမယ့်သြဂုတ်လအတွင်း စားသောက်ဆိုင်တွေမှာ သွားစားသူတွေဟာ ၅၀ ရာခိုင်နှုန်း လျှော့ဈေးရရှိမှာပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ဗြိတိန်နိုင်ငံရဲ့စီးပွားရေး ပြန်လည်စီးဆင်းစေမယ့် စည်းမျဉ်းတစ်စိတ်တစ်ပိုင်းအဖြစ် ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဆူနက်က ” ဆိုင်မှာ…

9-7-2020-yyl-008.jpg

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ သန်းကျော်ရှိလာ

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ သန်းကျော်ရှိလာခဲ့ပြီလို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က အမေရိကန်နိုင်ငံမှာ တစ်ရက်အတွင်း ရောဂါကူးစက်မှုစံချိန်တင်ခဲ့ပြီး ရောဂါကူးစက်ခံရသူ ၆၀၀၀၀ ကျော် ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၁၀၀၀…