လိုက်ဝယ်လ်တာဝိတ်(၆၀-၆၇ ကီလို) ၅ ချီ
စောလှမင်း(မြိုင်ကလေးဘိလပ်မြေစက်ရုံ)- ထွန်းလင်းအောင်(ဒို့ရိုးရာ) ပထမအချီ ပြီးခါနီးမှာပဲ စောလှမင်းရဲ့ ဘယ်ဒူးတိုက်ချက်ကြောင့် ထွန်းလင်းအောင် ညာမျက်ခုံးကွဲခဲ့ပါတယ်။ ဒုတိယအချီ စလွှတ်ကတည်းက ထွန်းလင်းအောင်က ကျားနာခဲခဲပြီး ဖွင့်ထိုးရာမှာ သူတစ်ပြန်၊ ကိုယ်တစ်ပြန်ဖြစ်ခဲ့ပေမဲ့ စောလှမင်းက ထွန်းလင်းအောင်ရဲ့ ဒဏ်ရာဟောင်းကို ဘယ်ဒူးနဲ့ ထပ်တိုက်ခဲ့ပါတယ်။…

