yyl-30-010.jpg

မေဝယ်သာကို တိုက်ရိုက်စိန်ခေါ်လိုက်တဲ့ ပက်ကွီအိုနဲ့ ဂျက်မား

ဖိလစ်ပိုင်လက်ဝှေ့ကျော်  ပက်ကွီအိုက  သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့   ပွဲတိုင်းနိုင် လက်ဝှေ့သမား (ဟောင်း) မေဝယ်သာကို တိုက်ရိုက် စိန်ခေါ်လိုက်ပါပြီ။ မေဝယ်သာနဲ့ ပက်ကွီအိုတို့ စိတ်မကျေပွဲထိုးဖို့   ရှိနေတယ်လို့   သတင်းထွက်နေတာ   လနဲ့ချီပါပြီ။ ဒါပေမဲ့…

yyl-30-009.jpg

မက္ကဆီကိုဂရင်းပရီပြိုင်ပွဲမှာ တိုက်မိမလိုဖြစ်ခဲ့တဲ့ ဖြစ်ရပ်အတွက် ပြိုင်ဘက်ကိုဝေဖန်ခဲ့တဲ့ ဖော်မြူလာဝမ်းကားမောင်းသမား ဟာမီလ်တန်

ပြီးခဲ့တဲ့အားလပ်ရက်က   ကျင်းပခဲ့တဲ့    မက္ကဆီကိုဂရင်းပရီပြိုင်ပွဲမှာ   ပြိုင်ကားနှစ်စီး   တိုက်မိမလိုဖြစ်ခဲ့တဲ့  ဖြစ်ရပ်အတွက် ဗြိတိန်ကားမောင်းသမား ဟာမီလ်တန်က ဟော်လန်ကားမောင်းသမား ဗာစတက်ပန်ကို မိုက်ကန်းသူလို့ ဝေဖန်ခဲ့ပါတယ်။ ဒုတိယအဆင့် လက်ရည်စစ်ပွဲ နောက်ဆုံးစက္ကန့်အပိုင်းအခြားမှာ အလံဝါပြထားပေမဲ့…

yyl-30-008.jpg

မန်ယူ လူငယ်တွေထက် ချဲလ်ဆီးလူငယ်တွေက ပိုကောင်းတယ်ဆိုတဲ့ နည်းပြဆိုးလ်ရှား

စတန်းဖို့ဒ်ဘရစ်ကွင်းမှာ ကစားရမယ့် ကာရာဘောင်းဖလားပွဲစဉ် မတိုင်ခင် ချဲလ်ဆီးအသင်း လူငယ်တွေက မန်ယူလူငယ်တွေထက် ပိုကောင်းနေတယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ချီးကျူးခဲ့ပါတယ်။ မန်ယူနည်းပြ ဆိုးလ်ရှားနဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်တို့ (၂)ယောက်လုံးဟာ ဒီရာသီမှာ လူငယ်တွေကို အဓိကအာရုံစိုက်ခဲ့ကြပါတယ်။ အပြောင်းအရွှေ့…

yyl-30-007.jpg

တစ်သင်းလုံးစာအတွက် ဘောလုံးကန်ဖိနပ်တွေ လှူဒါန်းခဲ့တဲ့ ရော်နယ်ဒို

အလှူအတန်းအရက်ရောဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ပေါ်တူဂီ ယူ-၁၇ အမျိုးသမီးအသင်း တစ်သင်းလုံးအတွက် ဘောလုံးကန်ဖိနပ်တွေ ပေးပို့ပြီး သူ့ရဲ့စိတ်ကောင်းစေတနာရှိမှုကို ပြသခဲ့ပါတယ်။ ပေါ်တူဂီ ယူ-၁၇ အမျိုးသမီးဘောလုံးအသင်းဟာ လတ်ဗီးယားကို (၄)ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ယူရို-၂၀၂၀…

yyl-30-006.jpg

လက်စတာ (၉)ဂိုးပြတ်နိုင်တဲ့ ပွဲရလဒ်ကို အတိအကျခန့်မှန်းပြီး ပေါင်(၁၅၀၀)ရခဲ့သူ

ဆောက်သမ်တန်ကို အဝေးကွင်းမှာ (၉)ဂိုးပြတ် အနိုင်ယူခဲ့တဲ့ လက်စတာအသင်းရဲ့ စွမ်းဆောင်မှုကတော့ ဘောလုံးလောကမှာ ပြောစမှတ်တွင်ခဲ့ပါတယ်။ လက်စတာဟာ (၁၃၁)နှစ်ကြာမြင့်တဲ့    အင်္ဂလန်ထိပ်တန်းလိဂ်ပြိုင်ပွဲ     သမိုင်းမှာ အဝေးကွင်း ဂိုးအပြတ်ဆုံးနိုင်ပွဲရတဲ့  အသင်းအဖြစ်    စံချိန်တင်နိုင်ခဲ့သလို…

yyl-29-001.jpg

ကမ္ဘာတစ်လွှား ဆန္ဒပြပွဲများ

သမိုင်းကြောင်းအရဆိုရင် ဖိနှိပ်ခံလူတန်းစားတွေက သူတို့ရဲ့ မကျေနပ်ချက်တွေကို အန်ထုတ်ဖို့၊ တောင်းဆိုမှုတွေလုပ်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတိုင်း အာမခံချက်(၈)ချက်ပေးရပြီး အဲဒီအာမခံချက်တွေထဲမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ပါဝင်ပါတယ်။ ဒီနေ့ခေတ် ကမ္ဘာကြီးမှာ ဆန္ဒထုတ်ဖော်မှုတွေ ဒုနဲ့ဒေးပါပဲ။ ဟောင်ကောင်မြို့ မှာ…

yyl-25-011.jpg

အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်တန်ဖိုးရှိတဲ့ Start-Up လုပ်ငန်းအများဆုံးရှိရာ နိုင်ငံစာရင်းမှာ တရုတ် ဦးဆောင်

အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်တန်ဖိုးရှိတဲ့ မြေစမ်းခရမ်းပျိုး စီးပွားရေးလုပ်ငန်း(Start-up)အများဆုံးရှိရာ နိုင်ငံတွေစာရင်းမှာ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို ကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာ ဦးဆောင်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ Unicorn(အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်တန်ကြေးရှိတဲ့ Start-up လုပ်ငန်း တွေကို ခေါ်ဆိုတဲ့နာမည်) ၂၀၆…

yyl-25-010.jpg

စာမေးပွဲဖြေချိန်မှာ ကတ်ထူစက္ကူပုံး စွပ်ခိုင်းခဲ့တဲ့ လုပ်ရပ်အတွက် အိန္ဒိယကောလိပ် ပြန်တောင်းပန်

ခေါင်းမှာ ကတ်ထူစက္ကပုံးခွံ စွပ်ထားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဓာတ်ပုံတွေ ပျံ့နှံ့သွားပြီးနောက်မှာတော့ အိန္ဒိယနိုင်ငံ ကောလိပ်ကျောင်းရဲ့ အရာရှိတစ်ယောက်က ပြန်တောင်းပန်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်၊ ဟာဝါရီမြို့မှာရှိတဲ့ ဘာဂတ်တက္ကသိုလ်အကြို ကောလိပ်ကျောင်းမှာ ဓာတုဗေဒစာမေးပွဲဖြေဆိုနေတုန်း ကျောင်းသား၊ ကျောင်းသူတွေကို ကတ်ထူစက္ကူပုံးခွံ…

yyl-25-009.jpg

နှုတ်သီးရှည်ဝက်ဝံတွေကိုသတ်ပြီး သိုချောင်းတွေ စားနေတယ်လို့ သံသယရှိသူတွေကို ဖမ်းဆီး

နှုတ်သီးရှည်ဝက်ဝံတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး သိုချောင်းတွေကို စားနေတယ်လို့ သံသယရှိသူတစ်ယောက်ကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ယာလင်လို့ အမည်ရတဲ့ အမျိုးသားဟာ နှစ်အတော်ကြာအောင် ထွက်ပြေးတိမ်းရှောင်နေသူပါ။ အမျိုးသားဥယျာဉ်တစ်ခုမှာ မျိုးပွားအင်္ဂါတွေ လှီးဖြတ်ခံထားရပြီး သေဆုံးနေတဲ့ နှုတ်သီးရှည်ဝက်ဝံ(Sloth Bear)တွေကို တွေ့ရပြီးတဲ့နောက်ပိုင်း အာဏာပိုင်တွေက…

yyl-25-004.jpg

နယူးဒေလီမြို့မှာ ယာဉ်ကြောပိတ်နေလို့ ပြန်ပေးသမားတွေကို အလွယ်တကူဖမ်းမိ

ကမ္ဘာတစ်လွှားက ယာဉ်ကြောပိတ်ဆို့မှု အဆိုးရွားဆုံး ဖြစ်ပွားရာမြို့တွေထဲမှာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့လည်း ပါဝင်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် လူတွေ အခက်တွေ့ပြီး စိတ်ပျက်ရလေ့ရှိပါတယ်။ ဒါပေမဲ့ နယူးဒေလီမြို့မှာ ယာဉ်ကြောပိတ်ဆို့ခဲ့လို့ ပြန်ပေးဂိုဏ်းကို အလွယ်တကူဖမ်းဆီးရမိခဲ့ပါတယ်။ ရီဂျဝါလို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ ညဉ့်သန်းခေါင်ယံအချိန်မှာ…