yyl099017.jpg

ရော်ဂျာဖက်ဒရာရဲ့ ဂရန်းစလင်းဆုဖလားစံချိန်ကို အမီလိုက်ဖို့ နီးစပ်လာတဲ့ ရာဖေးလ်နာဒယ်

၂၀၁၉ ခုနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်က ရုရှားတင်းနစ်သမား ဒန်နီမက်ဗီဒက်ကို အနိုင်ယူပြီး သူ့အတွက် (၁၉)ကြိမ်မြောက် ဂရန်းစလင်းဆုဖလား ဆွတ်ခူးခဲ့ပါတယ်။ ယူအက်စ်အိုးပင်းပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲရဲ့ အကြီးကျယ်ဆုံးဗိုလ်လုပွဲတစ်ပွဲဖြစ်ခဲ့တဲ့ အခုပွဲစဉ်ဟာ (၄)နာရီ၊ မိနစ်(၅၀)ကြာမြင့်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက်…

0609201903.jpg

နယ်စပ်တံတိုင်း တည်ဆောက်ဖို့ ပင်တဂွန်စစ်ဌာနချုပ်က ရန်ပုံငွေလွှဲပြောင်းပေး

အမေရိကန်-မက္ကဆီကိုနယ်စပ်တံတိုင်း တည်ဆောက်ဖို့အတွက် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ရန်ပုံငွေထဲကနေ အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံ လွှဲပြောင်းပေးအပ်မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး မက်ခ်အက်စပါက ပြောပါတယ်။ အမေရိကန်နိုင်ငံတောင်ပိုင်းမှာ နယ်စပ်တံတိုင်း တည်ဆောက်ရေးက ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အဓိကကျတဲ့…

0609201905.jpg

ဟောင်ကောင်မြို့မှာ သံသယရှိသူ လွှဲပြောင်းပေးအပ်ရေးဥပဒေကြမ်း ရုပ်သိမ်း

ဆူပူအုံကြွဆန္ဒပြမှုတွေ ဖြစ်ပွားစေခဲ့တဲ့ အငြင်းပွားဖွယ်ဥပဒေကို ရုပ်သိမ်းလိုက်ပြီလို့ ဟောင်ကောင်မြို့ခေါင်းဆောင် ကာရီလမ်က ကြေညာခဲ့ပါတယ်။ ဟောင်ကောင်မြို့က သံသယရှိသူတွေကို တရုတ်ပြည်မကြီးထံ လွှဲပြောင်းပေးအပ်နိုင်မယ့် ဥပဒေကြမ်းကို မတ်လ ၃၁ ရက်မှာ ဟောင်ကောင်မြို့အစိုးရက အဆိုပြုတင်သွင်းခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းကြောင့် ဟောင်ကောင်မြို့ရဲ့ လွတ်လပ်ခွင့်၊…

yyl69030.jpg

ဟွန်ဒူးရပ်စ်သမ္မတကတော်ဟောင်း ထောင်ဒဏ်(၅၈)နှစ် ချမှတ်ခံရ

ဟွန်ဒူးရပ်စ်သမ္မတကတော်ဟောင်း ဘိုနီလာကို လိမ်လည်မှု၊ ရန်ပုံငွေ မဆင်မခြင်သုံးစွဲမှု စတဲ့စွဲချက်တွေနဲ့ ဟွန်ဒူးရပ်စ်နိုင်ငံ အမြင့်ဆုံးတရားရုံးက ထောင်ဒဏ် ၅၈ နှစ်ချမှတ်လိုက်ပါတယ်။ သမ္မတဟောင်း လိုဘိုရဲ့ဇနီး ဘိုနီလာဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကတည်းက ထိန်းသိမ်းခံထားရသူပါ။ သူ့ရဲ့အမှုသည် ဘိုနီလာမှာ…

0609201904.jpg

ရှားပါးတဲ့ ခေါင်းနှစ်လုံးမြွေတစ်ကောင် တွေ့ရှိ

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်က သစ်တောထဲမှာ ရှားပါးတဲ့ ခေါင်းနှစ်လုံး ခလောက်မြွေသားပေါက်တစ်ကောင် တွေ့ရှိခဲ့ပါတယ်။ Double Dave လို့ အမည်ပေးထားတဲ့ ခလောက်မြွေကို ပြီးခဲ့တဲ့လက တွေ့ရှိခဲ့တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဖမ်းလာခဲ့တာပါ။ ခေါင်းတစ်လုံးချင်းစီက သီးခြားလှုပ်ရှားပြီး မျက်စိ…

0609201902.jpg

အသားကင်ညှော်နံ့နဲ့ ဆူညံသံတွေကြောင့် အမျိုးသမီးတစ်ဦးက အိမ်နီးချင်းတွေကို တရားစွဲ

အသားကင်ညှော်နံ့နဲ့ ဆူညံသံတွေကြောင့် အနောက်သြစတြေးလျပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက အိမ်နီးချင်းတွေကို တရားစွဲခဲ့ပါတယ်။ အိမ်နီးချင်းတွေရဲ့ အသားကင်ညှော်နံ့၊ ဆေးလိပ်မီးခိုး၊ ကလေးဆူညံသံတွေက လူနေပတ်ဝန်းကျင်ဆိုင်ရာဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ပါ့သ်မြို့မှာနေထိုင်သူ ကာဒင်က လျှောက်ထားခဲ့ပါတယ်။ သူ့အိမ်နီးချင်းတွေကို ဒီလိုဆက်မလုပ်အောင် တားမြစ်ပေးဖို့ တရားရုံးမှာ…

potato.jpg

အာလူးကြော်ကို အဓိကအာဟာရအဖြစ် စားသုံးခဲ့တဲ့လူငယ် မျက်စိကွယ်

ဗြိတိန်နိုင်ငံက ဆယ်ကျော်သက်တစ်ဦးဟာ အာလူးကြော်တွေကိုပဲ အဓိကအာဟာရအဖြစ် စားသုံးခဲ့ပြီးနောက် အမြင်အာရုံ လုံးဝကွယ်သွားခဲ့ပါတယ်။ အမည်မဖော်တဲ့ အသက် ၁၇ နှစ်အရွယ် ယောကျာ်းလေးဟာ မူလတန်းကျောင်းပြီးဆုံးချိန်ကတည်းကနေ အာလူးချောင်းကြော်၊ အာလူးပြားကြော်၊ ပေါင်မုန့်ဖြူတွေကိုပဲ စားသုံးခဲ့ပြီး ဝက်ပေါင်ခြောက်နဲ့ ဝက်အူချောင်းကိုတော့ ရံဖန်ရံခါလောက်ပဲ…

moon.jpg

လကမ္ဘာမျက်နှာပြင်ပုံစံ ဗီဒီယိုရိုက်ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံက လမ်းချိုင့်တွေကို ဖာထေး

အနုပညာရှင်တစ်ယောက်က လကမ္ဘာမျက်နှာပြင်နဲ့ ခိုင်းနှိုင်းပုံဖော်တဲ့ ဗီဒီယိုရိုက်ကူးခဲ့ပြီးနောက်မှာတော့ အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂလိုရီမြို့ လမ်းပေါ်က ချိုင့်ခွက်တွေကို အာဏာပိုင်တွေက ဖာထေးခဲ့ကြပါတယ်။ နန်ဇွန်ဒါဆွာမိရဲ့ဗီဒီယိုထဲမှာ အာကာသယာဉ်မှူးဝတ်စုံ ဝတ်ဆင်ထားသူတစ်ယောက်က လကမ္ဘာမျက်နှာပြင်ပုံစံနဲ့တူတဲ့ နေရာမှာ တစ်လှမ်းချင်း လှမ်းနေတာ မြင်တွေ့ရပါတယ်။ ဘန်ဂလိုရီမြို့လမ်းပေါ်မှာ ချိုင့်ခွက်တွေ…

africaherodie.jpg

အာဖရိကတိုက်ရဲ့လွတ်လပ်ရေးသူရဲကောင်း ရောဘတ်မူဂါဘီ ကွယ်လွန်

ဇင်ဘာဘွေသမ္မတဟောင်း ရောဘတ်မူဂါဘီဟာ စင်ကာပူနိုင်ငံမှာ ဆေးကုသနေရင်း ကွယ်လွန်သွားခဲ့တယ်လို့ ဇင်ဘာဘွေသမ္မတ အမ်နန်ဂါဝါက သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ အသက် ၉၅ နှစ်အရွယ်ရှိတဲ့ မူဂါဘီကို စင်ကာပူမှာ ဆေးရုံတင်ထားရပြီး သူ့အနေနဲ့ လမ်းတောင်မလျှောက်နိုင်တော့ဘူးလို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အမ်နန်ဂါဝါက…

img17-1.jpg

မန်ယူအသင်းသားတွေရဲ့ ခြေစွမ်းက ဟာသဖြစ်နေတယ်လို့ ဆိုးလ်ရှား ကြိမ်းမောင်း

ဆောက်သမ်တန်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ အဝတ်လဲခန်းထဲမှာ နည်းပြ ဆိုးလ်ရှား ပေါက်ကွဲခဲ့တယ်လို့ အတွင်းသတင်းတစ်ရပ်က ဖော်ပြပါတယ်။ ဆောက်သမ်တန်က ပွဲပြီးဖို့ မိနစ်(၂၀)လောက်အလိုမှာ ကစားသမား တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမဲ့ မန်ယူထံကနေ သရေတစ်မှတ် ခွဲယူနိုင်ခဲ့ပါတယ်။ ”မန်ယူအသင်းသားတွေရဲ့ ခြေစွမ်းက…