ကျောင်းနေအရွယ်ကိုယ့်ကလေး လိင်အကြမ်းဖက်ခံခဲ့ရသလား ဘယ်လိုသိနိုင်မလဲ
ကျောင်းနေအရွယ်ကလေးငယ်တွေဟာ ဘာမှမသိသေးတဲ့ အဖြူရောင်လေးတွေပါ။ ဒီအဖြူရောင်လေးတွေကို ဘာတစ်ခုမှမစွန်းပေစေဘဲ အရွယ်ရောက်လာတဲ့အထိ စောင့်ရှောက်ပျိုးထောင်ပေးရမှာ ဖေဖေမေမေတို့ တာဝန်ပဲပေါ့။ အကောင်းဆုံးပစ္စည်းတွေဝယ်ပေး၊ အကောင်းဆုံးအာဟာရတွေကျွေးမွေး၊ အကောင်းဆုံးချစ်ခင်မြတ်နိုးပေးကြပေမယ့် ကိုယ့်မျက်ကွယ်ရာလွှတ်ရတဲ့အခိုက်အတန့်ကိုတော့ သတိတချက်မလစ်သွားဖို့အရေးကြီးပါတယ်။ ဘယ်လိုပဲအကောင်းဆုံးကျောင်းမှာထားတယ်ပဲဆိုဆို ကံကြမ္မာနဲ့ ခန့်မှန်းမရတဲ့အခြေအနေတချို့ရှိနိုင်တာမို့ ကလေးရဲ့အခြေအနေကို အမြဲတမ်းဂရုတစိုက်ရှိပေးကြပါနော်။ ဖေဖေမေမေတို့အလုပ်ဘယ်လောက်ပဲများများ…

