ဝေါဟာရများ၏ အဓိပ္ပာယ် (သစ်သီးဝလံ၊ ပန်းမာလ်)
စာဖတ်ပရိသတ်တွေအတွက် မြန်မာစာ မြန်မာစကားအစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီတစ်ပတ်အတွက် ဖော်ပြပေးချင်တာကတော့ သုံးစွဲနေကျအသုံးအနှုန်းတွေဖြစ်ပေမဲ့ အဓိပ္ပာယ်ကိုအမှတ်တမဲ့ဖြစ်နေတတ်တဲ့ ဝေါဟာရတွေအကြောင်းပဲ ဖြစ်ပါတယ်။ သစ်သီးဝလံ သစ်သီး ဆိုတာ သစ်ပင်ကြီးငယ်တွေမှာသီးတဲ့အသီး ဖြစ်ပါတယ်။ (ဥပမာ – အုန်း၊ ထန်း၊ မာလကာ၊…

