29-10-2021yyl10.png

ကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးစွမ်းတဲ့ ပင်လယ်ရေညှိ

အရှေ့တောင်အာရှနိုင်ငံတွေမှာ ပင်လယ်ရေညှိက အတော်လေး လူကြိုက်များပါတယ်။ လူအများစုကတော့ ပင်လယ်ရေညှိကို ရေညှိပြားပြုလုပ်ပြီး ဆူရှီလုပ်စားဖြစ်ကြသလို ရေညှိပြားမလုပ်ဘဲ ဒီအတိုင်းလည်း စွပ်ပြုတ်၊ ဟင်းရည်အဖြစ်၊ အသုပ်အဖြစ်လည်း လုပ်စားဖြစ်ကြပါတယ်။ လူငယ်တွေကတော့ သွားရည်စာအနေနဲ့ ဆူရှီလုပ်စားရတာနဲ့ ရေညှိပြားချည်းစားရတာကို ပိုကြိုက်နှစ်သက်ကြပါတယ်။ ပင်လယ်ရေညှိစားသုံးပေးမယ်ဆိုရင်…

11-8-2021-yyl32.jpg

ညစာစားပြီးနောက် လမ်းလျှောက်ခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

တစ်နေ့တာဘဝမှာ ကျွန်တော်တို့တွေအားလုံးက အရမ်းအလုပ်များကြပါတယ်။ သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ဖို့လည်း အချိန်မပေးဖြစ်ကြပါဘူး။ အဲဒါရဲ့အကျိုးဆက်က ကျွန်တော်တို့ရဲ့ကျန်းမာရေးပေါ်မှာ သက်ရောက်လာနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းအလုပ်နိုင်ဘူးဆိုရင် ညစာစားပြီးတဲ့နောက်မှာတော့ အနည်းငယ် လမ်းလျှောက်ပေးနိုင်ပါတယ်။ ညစာ စားပြီးနောက် လမ်းလျှောက်တာက အိပ်ချိန်နဲ့ညစာကြာ အချိန်ကွာဟမှုကို တိုးမြှင့်ပေးပါတယ်။ နောက်ထပ် ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း…

27-10-2021yyl10.png

ဆံပင်ကျွတ်စေနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေ

လူတစ်ယောက် ဆံပင်ကျွတ်တာကြုံတွေ့ရရင် အဲဒီနောက်ကွယ်မှာ အကြောင်းအရင်းများစွာရှိတယ်ဆိုတာ သင်သိပါသလား။ ဆေးကုသမှုခံယူရခြင်းရဲ့အကျိုးဆက်ကြောင့်ဖြစ်နိုင်သလို သင်မှာရှိနေတဲ့ရောဂါကြောင့်လည်းဖြစ်နိုင်ပါတယ်။ အခြားအကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆံပင်ကျွတ်တာက အရမ်းကြီးစိုးရိမ်စရာမလိုပေမဲ့ အရမ်းကြီးဆိုးရွားလာရင် ထိပ်ပြောင်တာ၊ ထိပ်ကွက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင် ဆံပင်ကျွတ်ရတဲ့အကြောင်းအရင်းကို အဖြေရှာကြည့်သင့်ပါတယ်။ ကိုဗစ်ရောဂါဖြစ်ပြီးတဲ့သူတွေလည်း နောက်ဆက်တွဲအနေနဲ့…

26-10-2021yyl04.jpg

ထိုင်နေရင်း အိပ်စက်ခြင်းအန္တရာယ်

ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရင်း (ဒါမှမဟုတ်) ဘတ်စ်ကားစီးရင်း အိပ်ပျော်သွားတက်ကြတယ်မလား။ အဲဒီတုန်းကတော့ သင့်အတွက် အဲဒီလိုအိပ်ရတာ ဘာမှမဖြစ်ပေမဲ့ နောက်ပိုင်းမှာ ကျောနာတာ၊ လည်ပင်း ထုံကျင်နာကျင်တာ၊ ပခုံးနာကျင်တာတွေ ခံစားရတယ်မလား။ အဲဒီလိုဖြစ်တယ်ဆိုရင် အချိန်အကြာကြီးထိုင်ပြီး မလှုပ်ရှားတာကြောင့် ဖြစ်လာရတာပါ။ ထိုင်နေရင်း…

25-10-2021yyl01.jpg

ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိတဲ့ သံပရိုပြုတ်ရည်

လန်းဆန်းသွားစေတဲ့ သံပုရာရည်၊ သံပရိုရည်တွေကို ကမ္ဘာ့တစ်ဝှမ်းက လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် သောက်သုံးဖြစ်ကြပါတယ်။ သံပရာရည်၊ သံပရိုရည်က အရသာကောင်းပြီး ရေဓာတ်ဖြည့်ပေးရုံသာမက သင့်ရဲ့ကျန်းမာရေးကိုလည်း အကျိုးပြုနေတာပါ။ ကျန်းမာရေးအတွက် သံပရို၊သံပရာရည်သောက်သုံးတာဟာ ဟိုအရင်ဆယ်စုနှစ်များစွာကတည်းကဖြစ်ပါတယ်။ လန်းဆန်းစေသော သံပုရာသီးရေသည် အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာတစ်ဝှမ်းတွင်…

istockphoto-1226065553-170667a.jpg

ရာသီတုပ်ကွေးအကြောင်းသိကောင်းစရာ

ရာသီတုပ်ကွေးရောဂါက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ကမ္ဘာ့နေရာ အနှံ့အပြားမှာ ပြန်နှံ့နေပါတယ်။ ရာသီတုပ်ကွေးဟာ အသက်အရွယ်အုပ်စုအားလုံးမှာ ဖြစ်ပွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ရာသီတုကွေးရောဂါက မိုးရာသီကာလမှာ အဖြစ်များတဲ့ရောဂါ ဖြစ်ပါတယ်။ ရောဂါလက္ခဏာများ အဖျားကြီးခြင်း ချောင်းဆိုးခြင်း (အများအားဖြင့် ချောင်းခြောက်ဆိုးခြင်း)…

15-10-2021yyl05.jpg

သင့်ကို အသက်ကြီးတဲ့ပုံပေါက်စေတဲ့ အလေ့အထတချို့

အသက်အရွယ်ကြီးလာတာက ရှောင်လွှဲမရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပေမဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာတာကတော့ ဒါက မဖြစ်သင့်တဲ့အရာပါပဲ။ ကျွန်တော်တို့အများစုက အသက်အရမ်းမကြီးသေးဘဲ ရုပ်ရင့်တဲ့ပုံပေါက်အောင် ကိုယ့်ကိုယ်ကိုယ် လုပ်မိနေတတ်ကြပါတယ်။ လုပ်လေ့လုပ်ထရှိတဲ့အလေ့အထတွေက ကျွန်တော်တို့ကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေတယ်ဆိုတာကို သတိပြုမိသင့်ပါတယ်။ ဒါကြောင့် အရွယ်မတိုင်ခင်…

14-10-2021yyl02.jpg

Mask ဝတ်တာက ခေါင်းကိုက်စေနိုင်သလား

ကိုဗစ်ကာကွယ်ဆေးထိုးနှံထားတာက ကိုဗစ်ရောဂါကူးစက်တာကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါပေမဲ့ ကာကွယ်ဆေးထိုးပြီးတဲ့နောက်မှာတောင် Mask ဝတ်တာ၊ လက်ဆေးတာ၊ လူစုလူဝေးများတဲ့နေရာတွေမသွားတာတွေကိုတော့ လိုက်နာသင့်ပါတယ်။ Mask က အပြင်သွားတိုင်း မဖြစ်မနေ ဝတ်ဆင်ရမှာပါပဲ။ Mask က ရောဂါကူးစက်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။…

Kids-SAD-medium.jpg

အကြပ်အတည်းကာလမှာ ကလေးငယ်တွေရော ပင်ပန်းနွမ်းနယ်၊ စိုးရိမ်ပူပန်မှုတွေ ကြုံတွေ့နိုင်လား

မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေတဲ့အတွက် အခုလိုအခက်အခဲ အကြပ်အတည်းကာလမှာ လူကြီးတွေတင်သာမက ကလေးတွေအနေနဲ့လည်း စိတ်ဖိစီးမှုတွေကို ကြုံတွေ့၊ ခံစားရတတ်ပါတယ်။ လူကြီးတွေအနေနဲ့ သူတို့ကြုံတွေနေရတဲ့ အခက်အခဲ၊ စိုးရိမ်ပူပန်မှု စတဲ့အကြောင်းအရာတွေကို စကားလုံးတိတိကျကျနဲ့ ဖော်ပြနိုင်ပေမယ့် ကလေးတွေကတော့ သူတို့စိတ်ထဲက ပင်ပန်းနွမ်းနယ်မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို…

13-10-2021yyl04.jpg

စပျစ်သီးခြောက်ရဲ့အာဟာရဓာတ်ပါဝင်မှုနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရပြည့်ဝတဲ့အသီးခြောက်တွေအကြောင်းပြောမယ်ဆိုရင် ဇယားရဲ့ထိပ်ဆုံးမှာ အမြဲတမ်းရှိနေတဲ့ စပျစ်သီးခြောက်ကို ချန်ထားခဲ့လို့မရပါဘူး။ အခြောက်ခံထားတဲ့ စပျစ်သီးခြောက်က ကျန်းမာရေးအတွက် ကောင်းတဲ့အပြင် အရသာလည်းရှိပါတယ်။ စပျစ်သီးက အာဟာရဓာတ်ကြွယ်ဝယ်ဆိုတာကို ကျွန်တော်တို့တွေသိပြီးသားပါ။ စပျစ်သီးကို အခြောက်ခံလိုက်မယ်ဆိုရင် အာဟာရဓာတ်ပိုများပြီး ကယ်လိုရီသိပ်သည်းစေပါတယ်။ စပျစ်သီးခြောက်က အရှေ့အလယ်ပိုင်းဒေသကနေ…