Wi-Fi သုံးတာ တွေက ကျန်းမာရေးကို ထိခိုက်စေမှာလား
အိမ်တွေနဲ့ အလုပ်တွေမှာ တပ်ဆင်ထားတဲ့ ကြိုးမဲ့ချိတ်ဆက်မှု (wireless network) တွေဟာ မျက်စိနဲ့ မမြင်နိုင်တဲ့ ရေဒီယိုလှိုင်းတွေကို လူ့ခန္ဓာကိုယ်ကနေတဆင့် ဖြတ်သန်းထုတ်လွှင့်နေတာပါ။ ဒီလို ရေဒီယိုလှိုင်းတွေက ကျန်းမာရေးကို ထိခိုက်လာမလားဆိုတာ စိုးရိမ်စရာကောင်းလှတာ အမှန်ပါပဲ။

