14.2.2023-image-၉.jpg

Valentine’s Day ကတ်တွေ မရဖူးတဲ့သူတွေဆီ ကတ် (၁၆၀၀၀) ပို့ပေးတဲ့ ဆယ်ကျော်သက်

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပတ်ထရစ် ခါဖ်မန်းဆိုတဲ့ ဆယ်ကျော်သက်လေးဟာ ဝါရှင်တန်ဒီစီစားနပ်ရိက္ခာအဖွဲ့တစ်ခုမှာ လူငယ်စေတနာ့ဝန်ထမ်းအဖြစ် သူငယ်ချင်းတချို့နဲ့အတူ Valentine’s Day ကတ် အခု (၃၀) ပြုလုပ်ခဲ့တာပါ။ သူ့ရဲ့ကတ်တွေကို နေမကောင်းတဲ့ကလေးတွေနဲ့ လူကြီးတွေဆီ ပေးပို့တဲ့ အစားအသောက်ထုတ်ပိုးမှုအတွင်း ထည့်ပေးခဲ့တာပါ။ အဲဒီကနေစပြီး…

14.2.2023-image-5.jpg

ဝမ်းဗိုက်မှာ အသည်းနှလုံးပုံအမှတ်နဲ့ မွေးဖွားလာခဲ့တဲ့ ဖေဖော်ဝါရီဖွားကလေးလေး

စုံတွဲတစ်တွဲရဲ့ ကလေးလေးဟာ ဖေဖော်ဝါရီလဖွားဖြစ်တဲ့အပြင် အသည်းနှလုံးပုံမွေးရာပါအမှတ်နဲ့လည်း မွေးဖွားလာခဲ့တာပါ။ ဂျော်ဂျီယာ ဝီလ်ချ်အမည်ရတဲ့ အဲဒီကလေးလေးရဲ့ဝမ်းဗိုက်ဘယ်ဖက်ခြမ်းမှာ အသည်းနှလုံးပုံအမှတ်ပါလာခဲ့တဲ့အတွက် ဆရာဝန်တွေလည်း အံ့အားသင့်ခဲ့ရတာပါ။ သူ့ရဲ့အမှတ်က သားဖွားဆရာဝန်တွေနဲ့သူနာပြုတွေကြား ပြောစမှတ်ပြုသွားခဲ့တာပါ။ သားဖွားဆရာဝန်တွေကတော့ ဂျော်ဂျီယာရဲ့မိဘတွေဖြစ်တဲ့ ဂျိုးနဲ့ ဂျေးတို့ကို အဲဒီအသည်းနှလုံးပုံအမှတ်အသားက ကလေးကြီးလာတာနဲ့အမျှ…

14.2.2023-image-4.jpg

အဆိုတော်ရီဟားနား ဖျော်ဖြေတင်ဆက်စဉ်အတွင်း သီချင်းစာသားတွေကို လက်ဟန်ပြဘာသာစကားနဲ့ ဘာသာပြန်ပေးခဲ့သူ

Super Bowl Halftime Show မှာ အဆိုတော်ရီဟားနားက အမိုက်စားဖျော်ဖြေတင်ဆက်မှုတွေနဲ့ လူအများရဲ့အာရုံကို ဖမ်းစားထားနိုင်ခဲ့သလိုပဲ အခြားတစ်ယောက်လည်းရှိပါသေးတယ်။ သူကတော့ လက်ဟန်ပြဘာသာစကား စကားပြန်ဂျက်တီနာ မိုင်စ်ပါ။ သူဟာ ရီဟားနားဖျော်ဖြေတင်ဆက်မှုအတွင်း သူ့ရဲ့သီချင်းစာသားတွေကို အမေရိကန်လက်ဟန်ပြဘာသာစကားနဲ့ ပြန်ဆိုပေးခဲ့တာကြောင့် ပွဲကြိုက်ပရိသတ်တွေ…

14.2.2023-image-3.jpg

ထီပေါက်တာကို ဇနီးမသိအောင် ဖုံးကွယ်ထားတဲ့ အမျိုးသား

ယွမ် ၁၀ သန်းဆု (အမေရိကန်ဒေါ်လာ ၁.၅ သန်း) ထီပေါက်ခဲ့တဲ့ တရုတ်အမျိုးသားဟာ ဇနီးသည် မသိအောင် ၂ နှစ်ကြာ ဖုံးကွယ်ထားခဲ့ပါတယ်။ ကျိုးလို့ အမည်ရတဲ့ အမျိုးသားဟာ ၂၀၂၁ ခုနှစ်က ယွမ် ၁၀…

14.2.2023-image-2.jpg

ရုပ်ရည်ကိုကြည့်ပြီး မျက်နှာမလိုက်မိစေဖို့ အလုပ်လာလျှောက်သူတွေကို မျက်နှာဖုံးစွပ်ခိုင်းတဲ့ ကုမ္ပဏီ

ရုပ်ချောသူတွေကို မျက်နှာလိုက်ပြီး အလုပ်ခန့်တာမျိုး မဖြစ်စေဖို့ တရုတ်ကုမ္ပဏီတစ်ခုက အလုပ်လာလျှောက်သူတွေကို အင်တာဗျူး လာဖြေတဲ့အခါ မျက်နှာဖုံးစွပ်လာခိုင်းခဲ့ပါတယ်။ တရုတ်နိုင်ငံ၊ ချန်ဒူးမြို့အခြေစိုက် Chengdu Ant Logistics ကုမ္ပဏီမှာ အလုပ်လာလျှောက်သူတစ်ယောက်က ဒီအကြောင်းကို ဗီဒီယိုရိုက်ပြီး တရုတ်လူမှုကွန်ရက်ပေါ် တင်ခဲ့တာပါ။…

14.2.2023-image-1.jpg

ရိုးရာလေး တိုတိုထွာထွာ

တူရကီနဲ့ ဆီးရီးယားနိုင်ငံတွေမှာ ငလျင်ဒဏ်ခံစားရသူတွေကို ကူညီပေးဖို့အတွက် အမည်မဖော်လိုသူတစ်ဦးက အမေရိကန်ဒေါ်လာ သန်း ၃၀ ကူညီပေးခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံဆိုင်ရာ တူရကီသံရုံးကို သွားပြီး အလှူငွေပေးအပ်ခဲ့တာပါ။ အလှူရှင်ဟာ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ပါကစ္စတန်တစ်ယောက် ဖြစ်တယ်လို့ပဲ သိရပါတယ်။…

13.2.2023-image-16.jpg

ရှေးဟောင်းမြို့မှာ ဇောက်ထိုးကြီးလာတဲ့ သဖန်းပင်

အီတလီနိုင်ငံမှာ ဇောက်ထိုး ကြီးထွားလာတဲ့ သဖန်းပင်ကတော့ ခရီးသွားတွေကြား ရေပန်းစားလာခဲ့ပါတယ်။ ဘိုင်အဲရှေးဟောင်းမြို့ရဲ့ ရှေးခေတ်ရိုမန်လက်ရာ ပေါင်းမိုးမျက်နှာကျက်ကနေ တိုးထွက်လာတာပါ။ ဘာကြောင့် ပေါင်းမိုးပေါ်မှာ ပေါက်တာလဲ။ ဒီအပင်သက်တမ်း ဘယ်လောက်ရှိပြီလဲဆိုတာ ဘယ်သူမှ တိတိကျကျ မသိကြပါဘူး။ ဒါပေမဲ့ တစ်နှစ်ထက်…

13.2.2023-image-12.jpg

မော်ဒယ်အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုပြီး မော်ဒယ်လမ်းကြောင်းပေါ် လျှောက်လှမ်းရတော့မယ့် မသန်စွမ်းကလေးမလေး

အသက် ၇ နှစ်အရွယ် ဂရေ့ အယ်ကာမန်းဆိုတဲ့ ကလေးမလေးဟာ သူ့ရဲ့ညာခြေက သူ့ဘယ်ခြေထက် ၄ လက်မလောက် ပိုတိုပြီး မွေးဖွားလာခဲ့တာပါ။ သူ့ခြေထောက်က အဲဒီလိုဖြစ်နေပေမဲ့ မော်ဒယ်အေဂျင်စီတစ်ခုနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးတော့ မော်ဒယ်လမ်းကြောင်းပေါ် လျှောက်လှမ်းတော့မှာပါ။ ဂရေ့က မွေးရာပါပေါင်ရိုးချို့ယွင်းတဲ့ရောဂါရှိပြီး…

13.2.2023-image-9.jpg

အီရန်နိုင်ငံရဲ့ ကမ္ဘာကျော် တောင်လှေကားမြို့

အီရန်နိုင်ငံမြောက်ပိုင်းက တောင်ခါးပန်းမှာ တည်ထားတဲ့ မာဆူလာမြို့ကို တောင်လှေကားမြို့လို့လည်း ခေါ်ကြတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၄၀၀ ကျော်မှာတည်ရှိတဲ့ မာဆူလာမြို့ဟာ ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားတဲ့နေရာပါပဲ။ တစ်အိမ်ပေါ် တစ်အိမ်ဆင့်ထားတဲ့ ဗိသုကာလက်ရာကြောင့်ပါ။ အောက်ထပ်အိမ်ခေါင်မိုးဟာ အပေါ်ထပ်အိမ်အတွက် မြေကွက်လပ်ပါပဲ။ အိမ်ခေါင်မိုးတွေကို လမ်းအဖြစ်…

13.2.2023-image-8.jpg

ငလျင်လှုပ်ပြီး ၁၂၈ နာရီအကြာမှာ ၂ လသားကလေးငယ်ကို ကယ်တင်နိုင်ခဲ့

တူရကီအင်အားပြင်းငလျင် လှုပ်ခတ်ပြီး ၁၂၈ နာရီအကြာမှာ အဆောက်အအုံ အပျက်အစီးတွေကြားကနေ ၂ လသားအရွယ် ကလေးငယ်တစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က တူရကီနိုင်ငံ၊ ဟာတေးပြည်နယ်မှာ ကယ်တင်နိုင်ခဲ့တာပါ။ ၂ နှစ်အရွယ် မိန်းကလေးငယ်၊ ကိုယ်ဝန် ၆…