26-4-2022-yyl-08.jpg

နျူကလီးယားလက်နက် စွမ်းဆောင်ရည်မြှင့်တင်ဖို့ အရှိန်မြှင့်ဆောင်ရွက်မယ်လို့ ကင်ဂျုံအန် ပြော

နျူကလီးယားလက်နက် စွမ်းဆောင်ရည်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောပါတယ်။ မြောက်ကိုရီးယားစစ်တပ် တည်ထောင်တဲ့ နှစ်ပတ်လည် အထိမ်းအမှတ် စစ်ရေးပြပွဲမှာ ကင်ဂျုံအန်က အခုလို ပြောခဲ့တာပါ။ ” ကျွန်တော်တို့နိုင်ငံရဲ့ နျူကလီးယားစွမ်းရည် အားကောင်းဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့…

26-4-2022-yyl-05.jpg

တွစ်တာကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ အီလွန်မာ့စ်

တွစ်တာက ကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ယူမယ့် အီလွန်မာ့စ်ရဲ့ကမ်းလှမ်းချက်ကို သဘောတူလိုက်ပါပြီ။ မကြာသေးခင်က အီလွန်မာ့စ်ဟာ တွစ်တာကုမ္ပဏီကြီးကို အပြည့်အဝထိန်းချုပ်မယ့် သူ့ရဲ့ရည်ရွယ်ချက်ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ စီစဉ်ထားသလိုပဲ တွစ်တာကို ဝယ်ယူဖို့က နောက်ဆုံးအဆင့်အထိရောက်ရှိသွားပါပြီ။…

26-4-2022-yyl-04.jpg

ထိုက်သင့်တဲ့ပံ့ပိုးမှုရရင် ရုရှားကို ယူကရိန်း အနိုင်တိုက်နိုင်စွမ်းရှိတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြော

ယူကရိန်းက ထိုက်သင့်တဲ့ ပံ့ပိုးကူညီမှုတွေရရင် ရုရှားကျူးကျော်စစ်ကို အနိုင်တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က ယူကရိန်းခရီးစဉ်မှာ ပြောခဲ့ပါတယ်။ လွိုက်ဒ်အော်စတင်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကန်တို့ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့ပြီး သမ္မတဇီလင်စကီးနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂…

26-4-2022-yyl-01.jpg

ကာနီဗယ်ပွဲတော်မှာ ကိုဗစ်ဆေးထိုးပြီး မိချောင်းပုံစံပြောင်းသွားတဲ့ပြကွက်နဲ့ သမ္မတ ဘော်ဆိုနာရိုကို သရော်ခဲ့

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ကမ္ဘာကျော်ကာနီဗယ်ပွဲတော်မှာ ပါဝင်ဖျော်ဖြေသူတွေက ဘရာဇီးသမ္မတ ဘော်ဆိုနာရိုရဲ့ ကိုဗစ်မူဝါဒတွေကို သရော်ခဲ့ပါတယ်။ ဆော်ပေါ်လိုမြို့ ဖျော်ဖြေပွဲမှာ သမ္မတစလွယ်ဝတ်ဆင်ထားသူတစ်ယောက်က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခံရပြီးနောက် မိချောင်းအဖြစ် ပြောင်းလဲသွားတဲ့ပုံစံ သရုပ်ပြခဲ့ပါတယ်။…

25-4-2022-yyl-06.jpg

ကိုဗစ်ကူးစက်မှု တစ်ကျော့ပြန်မြင့်တက်လာလို့ ဘေဂျင်းမြို့မှ လူသန်းချီကို ရောဂါရှာဖွေစစ်ဆေးနေ

ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်ကျော့ပြန် မြင့်တက်လာခဲ့ပြီးနောက် တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမြို့မှာ နေထိုင်သူသန်းချီကို ဆေးစစ်နေပါပြီ။ ပြီးခဲ့တဲ့အားလပ်ရက်က ဘေဂျင်းမြို့ ချောင်ယန်းခရိုင်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၆ ဦး တွေ့ရှိခဲ့ပြီး ဘေဂျင်းမြို့ရဲ့ အခုနောက်ဆုံး ကိုဗစ်ကူးစက်မှုတွေထဲမှာ အများဆုံးပမာဏ…

25-4-2022-yyl-04.jpg

ခွင့်မပြုတဲ့ဇာတ်ကောင်ပါဝင်တာကြောင့် ဆော်ဒီအာရေဗျမှာ ပြသခွင့်ပိတ်ပင်ခံရတဲ့ Doctor Strange in the Multiverse of Madness

လူအများ စောင့်မျှော်နေတဲ့ Doctor Strange in the Multiverse of Madness ရုပ်ရှင်ကားကို ဆော်ဒီအာရေဗျမှာ ပြသခွင့် ပိတ်ပင်ထားတယ်လို့ The Hollywood Reporter သတင်းဌာနအရ သိရပါတယ်။ အဲဒီဇာတ်ကားမှာ LGBTQ…

25-4-2022-yyl-03.jpg

ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မက်ခရွန် အနိုင်ရ

မဲရလဒ်တွေနဲ့ မဲရုံအထွက် စစ်တမ်းတွေအရ ပြင်သစ်သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မက်ခရွန်က ၅၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဒုတိယသက်တမ်းအတွက် ရွေးကောက်ခံရပြီလို့ သိရပါတယ်။ သမ္မတရွေးကောက်ပွဲ ဒုတိယအဆင့်မှာ မက်ခရွန်နဲ့အပြိုင် ရွေးကောက်ခံခဲ့တဲ့ လက်ယာစွန်းရောက် ကိုယ်စားလှယ် လီပန်ကတော့…

25-4-2022-yyl-02.jpg

ပျောက်ဆုံးနေတဲ့ ဂျပန် ရှုခင်းကြည့်စက်လှေပေါ်က လူ ၉ ယောက်ကို တွေ့ရှိ

ပျောက်ဆုံးနေတဲ့ ရှုခင်းကြည့်စက်လှေပေါ်က လူ ၉ ယောက်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ လူ ၂၆ ယောက် လိုက်ပါလာတဲ့ စက်လှေဟာ ပြီးခဲ့တဲ့စနေနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁း၁၅ မိနစ်မှာ ရေဝင်နေပြီဆိုတဲ့ အချက်ပြမှု…

25-4-2022-yyl-01.jpg

အမေရိကန်ကလေးငယ်တွေ သေဆုံးစေတဲ့ အဓိကအကြောင်းရင်းက သေနတ်ဖြစ်လာ

၂၀၂၀ ပြည့်နှစ်အတွင်း အမေရိကန်နိုင်ငံမှာ ကလေးငယ်နဲ့ ဆယ်ကျော်သက်အများဆုံး သေဆုံးစေတဲ့အကြောင်းရင်းဟာ ယာဉ်မတော်တဆမှု မဟုတ်တော့ဘဲ သေနတ်တွေ ဖြစ်လာခဲ့တယ်လို့ သုတေသနသစ်မှာ ဖော်ပြပါတယ်။ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)ရဲ့ အချက်အလက်တွေအရ ၂၀၂၀ ပြည့်နှစ်အတွင်း အမေရိကန်နိုင်ငံမှာ လက်နက်နဲ့ဆက်နွှယ်တဲ့ ဒဏ်ရာတွေကြောင့် လူငယ်…

23-4-2022-yyl10.jpg

ယူကရိန်းကလေးငယ်တွေအတွက် သူငယ်ချင်း ၂ ယောက်ပေးတဲ့ အကြင်နာလွယ်အိတ်လေးများ

ဗြိတိန်နိုင်ငံက သူငယ်ချင်း ၂ ယောက်ဟာ ပိုလန်နိုင်ငံမှာရှိတဲ့ ယူကရိန်းဒုက္ခသည်ကလေးငယ်တွေအတွက် အကြင်နာလွယ်အိတ်လေးတွေ ပေးနိုင်ဖို့ ရန်ပုံငွေ ရှာဖွေနေကြပါတယ်။ စတူးဝပ်သောမတ်စ်နဲ့ နေးစပယ်ဒင်တို့ဟာ အကြင်နာလွယ်အိတ်လေးတွေ ပေးဝေဖို့အတွက် အခုလအတွင်း ပိုလန်နိုင်ငံ ဝါဆောမြို့ ဒုက္ခသည်စင်တာကို သွားခဲ့ကြပါတယ်။ လွယ်အိတ်တစ်လုံးစီမှာ…