7-4-2022-yyl13.jpg

အပူပိုင်းမုန်တိုင်းတိုက်ခတ်ပြီး မြေပြို၊ ရေကြီးလို့ ဖိလစ်ပိုင်မှာ အနည်းဆုံး လူ ၁၆၇ ယောက် သေဆုံး

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းမုန်တိုင်း မက်ဂီ(Megi) ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၆၇ ယောက် သေဆုံးခဲ့ပါတယ်။ မုန်တိုင်းဒဏ်ခံရသူ ၁.၉ သန်းအထိ ရှိခဲ့ပြီး လူ ၁၁၀ ပျောက်ဆုံးနေတယ်လို့…

airplane0.jpg

ယူကရိန်းတွေ သီချင်းစပ် ဂုဏ်ပြုရအောင် စွမ်းတဲ့ တူရကီနိုင်ငံထုတ် မောင်းသူမဲ့ယာဉ်

” တင့်ကားသစ်တွေကို မီးရှို့လိုက်ဒါဟာ ရူးသွပ်စရာအသစ်ပေါ့ . . . ဘေရက်တာ(Bayraktar)” ယူကရိန်းမှာ ခေတ်စားနေတဲ့သီချင်းတစ်ပုဒ်ရဲ့ စာသားတစ်ပိုင်းအစပါ။ တူရကီနိုင်ငံထုတ် မောင်းသူမဲ့ယာဉ် ဘေရက်တာ(Bayraktar)ကို ဂုဏ်ပြုစပ်ဆိုထားတဲ့ သီချင်း။ ဘေရက်တာဆိုတာ ရုရှားရဲ့ကျူးကျော်စစ် ရင်ဆိုင်ရချိန်မှာ ယူကရိန်းရဲ့…

elon.jpg

တွစ်တာကုမ္ပဏီဘုတ်အဖွဲ့မှာ မပါဝင်ဖို့ အီလွန်မက်စ် ဆုံးဖြတ်ခဲ့တယ်လို့ ဆို

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်ဟာ တွစ်တာကုမ္ပဏီရဲ့ ဘုတ်အဖွဲ့မှာ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ တွစ်တာကုမ္ပဏီအမှုဆောင်ချုပ် အက်ဂရာဝယ်က ပြောပါတယ်။ အီလွန်မက်စ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က တွစ်တာကုမ္ပဏီရဲ့ ရှယ်ယာ ၉.၂ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့စနေနေ့မှာ ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ဖို့…

lottery.jpg

စံချိန်တင် ထီဆုကြီးပေါက်သူက ဆုကြေးအားလုံးနီးပါးကို သဘာဝပတ်ဝန်းကျင်ဖောင်ဒေးရှင်းအတွက် လှူဒါန်း

စံချိန်တင် ထီဆုကြီး ပေါက်ခဲ့တဲ့ ပြင်သစ်နိုင်ငံသားတစ်ယောက်ဟာ ထီဆုကြေးငွေအများစုကို သဘာဝပတ်ဝန်းကျင်ဖောင်ဒေးရှင်းအတွက် လှူဒါန်းလိုက်ပါပြီ။ ဂိုင်းလို့ ချစ်စနိုးခေါ်ကြတဲ့ အဲဒီအမျိုးသားဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလက အမေရိကန်ဒေါ်လာ ၂၁၇ သန်းတန် EuroMillions ထီဆုကြီး ဆွတ်ခူးခဲ့တာပါ။ အဲဒီအချိန်တုန်းက…

vote.jpg

အယုံအကြည်မရှိအဆိုနဲ့ မဲခွဲဆုံးဖြတ်မှု ရှုံးနိမ့်ခဲ့လို့ ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရန်ခန်း ရာထူးက ပြုတ်ကျ

ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရန်ခန်းဟာ အယုံအကြည်မရှိအဆိုနဲ့ မဲခွဲဆုံးဖြတ်မှုမှာ ရှုံးနိမ့်ခဲ့လို့ ရာထူးကနေ ပြုတ်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ အတိုက်အခံပါတီတွေက အယုံအကြည်မရှိအဆိုနဲ့ မဲခွဲဆုံးဖြတ်ဖို့ တင်သွင်းခဲ့တာဖြစ်ပြီး မဲခွဲဆုံးဖြတ်မှုမလုပ်နိုင်အောင် အိုင်မရန်ခန်းက လွှတ်တော်ကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ အိုင်မရန်ခန်းရဲ့လုပ်ရပ်က အခြေခံဥပဒေနဲ့မညီဘူးလို့ ပါကစ္စတန်နိုင်ငံ…

war0.jpg

ဆီးရီးယားစစ်ပွဲ အတွေ့အကြုံရှိတဲ့ ရုရှားဗိုလ်ချုပ်က ယူကရိန်းစစ်ပွဲကို ဦးဆောင်မယ်

ဆီးရီးယားစစ်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံရင့် ဗိုလ်ချုပ်တစ်ယောက်ကို ဦးဆောင်စေပြီး ယူကရိန်းစစ်ပွဲမှာ ရုရှားက တပ်တွေကို ပြန်လည်စုစည်းနေတယ်လို့ အနောက်အုပ်စုရဲ့ အရာရှိတစ်ယောက်က အတည်ပြုပါတယ်။ ယူကရိန်းကျူးကျော်စစ်ကို ရုရှားတောင်ပိုင်းတိုင်းစစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ် အလက်ဇန္ဒားဒီဗာနီကော့ဗ်က ဦးဆောင်မှာဖြစ်တယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။…

russia0.jpg

ယူကရိန်းအရှေ့ပိုင်းက ဘူတာရုံမှာ ဒုံးကျည်ကျခဲ့လို့ လူ ၅၀ သေဆုံး

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဘူတာရုံတစ်ရုံမှာ ဒုံးကျည်တွေ ကျခဲ့လို့ လူ ၅၀ သေဆုံးခဲ့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒွန်ဘတ်စ်ဒေသမှာ ရုရှားနဲ့ ယူကရိန်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတယ်။ ဒွန်ဘတ်စ်ဒေသကနေ ထွက်ခွာမယ့်သူတွေက ခရာမာတော့စ်ဘူတာရုံကနေ ရထားစီးကြလေ့ရှိတယ်။ ဘူတာရုံမှာ လူတွေစုဝေးနေတုန်း ဒုံးကျည်တွေ ကျခဲ့တာပါ။…

youth0.jpg

၅၃ နှစ် အမျိုးသမီးရဲ့ အရေပြားဆဲလ်ကို ၂၃ နှစ်အရွယ်လို နုနယ်ပျိုမြစ်အောင် ပြောင်းလဲပေးမယ့် နည်းပညာတွေ့ရှိ

ကမ်းဘရစ်ချ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ အရေပြားဆဲလ်တွေကို ၂၃ နှစ်အရွယ်ရှိသူတွေရဲ့ ဆဲလ်တွေလို နုနယ်ပျိုမြစ်အောင် ဖန်တီးခဲ့ကြပါတယ်။ အခုအသုံးပြုခဲ့တဲ့ နည်းပညာဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်က သိုးမလေး ဒေါ်လီကို ပုံတူဖန်တီးဖို့ အသုံးပြုခဲ့တဲ့…

7-4-2022-yyl07.jpg

ဗြိတိန်မှာ အကြီးဆုံးငါးကန်ကို ပိုင်ဆိုင်ထားသူ

ဗြိတိန်ရဲ့အကြီးဆုံးငါးကန်ကို ပိုင်ဆိုင်ထားတဲ့ ဂျက်ခ် ဟဲသ်ကုတ်ဆိုသူက သူ့ရဲ့အိမ်ကို ဧရာမငါးပြတိုက်အဖြစ် ပြောင်းလဲပစ်ချင်တဲ့ ထူးထူးဆန်းဆန်းဝါသနာရှိပါတယ်။ သူ့ရဲ့အဲဒီဝါသနာအပေါ် ငွေအများကြီးသုံးရလည်း နောင်တမရဘူးလို့ ဆိုပါတယ်။ ဂျက်ခ်က ဗြိတိန်ရဲ့ဆင်ခြေဖုံးရပ်ကွက်က သူ့ရဲ့နေအိမ်မှာငါးကန်ကြီး တပ်ဆင်ရာမှာ သူ့ရဲ့ပိုင်ဆိုင်မှုအနည်းငယ်ကို သုံးစွဲခဲ့တယ်လို့ ဆိုထားပါတယ်။ သူ…

7-4-2022-yyl02.jpg

ကမ္ဘာကျော်ဓာတ်ပုံဆရာတွေရဲ့ဓာတ်ပုံရောင်းရငွေတွေကို ယူကရိန်းကယ်ဆယ်ရေးအတွက် လှူဒါန်းသွားမယ်

National Geographic ဓာတ်ပုံဆရာတွေရဲ့လက်ရာတွေကို ဝယ်ယူမယ်ဆိုရင် ယူကရိန်းကယ်ဆယ်ရေးအတွက် အကူအညီပေးရာရောက်မယ့်အစီအစဉ်ကို အကျိုးအမြတ်မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုက လုပ်ဆောင်နေပါတယ်။ အဲဒီဓာတ်ပုံဆရာတွေရဲ့ဓာတ်ပုံရောင်းရငွေတွေကို ယူကရိန်းကယ်ဆယ်ရေးအတွက် လှူဒါန်းသွားမယ့်အစီအစဉ်ပါပဲ။ အမျိုးသမီးတွေပိုင်ဆိုင်တဲ့ အကျိုးအမြတ်မယူတဲ့ Vital Impactsအဖွဲ့အစည်းက National Geographic ဓာတ်ပုံဆရာ ၁၀၀…