7-5-2020-yyl-002.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက ပုလဲဆိပ်ကမ်းဗုံးကြဲခံရတဲ့ တိုက်ခိုက်မှုထက် ပိုဆိုးတယ်လို့ ဒေါ်နယ်ထရမ့် ပြော

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ အမေရိကန်နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မှတ်ချက်ပေးခဲ့ပြီး တရုတ်နိုင်ငံအပေါ် အပြစ်တင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ ဒုတိယကမ္ဘာစစ်အတွင်း ပုလဲဆိပ်ကမ်း ဗုံးကြဲတိုက်ခိုက်မှု၊ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုက ဖြစ်ပွားခဲ့တဲ့…

7-5-2020-yyl-001.jpg

အိန္ဒိယနိုင်ငံမှာ ဧပြီလတစ်လအတွင်း အလုပ်လက်မဲ့ဖြစ်သူ ၁၂၂ သန်း ရှိ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးနိုင်ဖို့ ပိတ်ဆို့မှုတွေလုပ်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ဧပြီလတစ်လအတွင်း အိန္ဒိယနိုင်ငံသား ၁၂၂ သန်း အလုပ်လက်မဲ့ဖြစ်ခဲ့တယ်လို့ ပုဂ္ဂလိက သုတေသနအေဂျင်စီရဲ့ အချက်အလက်သစ်တွေမှာ ဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံရဲ့ အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်းဟာ ၂၇ ဒသမ ၁ ရာခိုင်နှုန်းအထိ…

5-5-2020-yyl-026.jpg

သွေးမတော်သားမစပ်ဘဲ ရုပ်တူတဲ့သူတွေကို ရှာပြီးဓာတ်ပုံရိုက်ကူးနေတဲ့ ဓာတ်ပုံဆရာ

နာမည်တူမရှားလူတူမရှားဆိုတဲ့ စကားသိပ်မှန်ပါတယ်။ ကျွန်တော်တို့နဲ့ နာမည်တူတဲ့သူလည်းရှိသလို ရုပ်ချင်းတူတဲ့သူလည်းရှိပါတယ်။ အဲဒီစကားကို ကနေဒါလူမျိုးဓာတ်ပုံဆရာက သက်သေပြလို့နေပါတယ်။ ကနေဒါလူမျိုးဓာတ်ပုံဆရာ ဖရန်ကိုစစ် ဘရူနယ်လီက သွေးမတော်သားမစပ်ဘဲ ရုပ်အရမ်းတူတဲ့သူတွေကို ရိုက်ကူးထားတဲ့ “I’m not a look-alike” လို့အမည်ရတဲ့ ဓာတ်ပုံတွေကို…

5-5-2020-yyl-015.jpg

အမေရိကန်နိုင်ငံနဲ့ ဥရောပနိုင်ငံရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် နာမည်ကြီးတံဆိပ်Nike က Sneaker ဖိနပ်တွေ လှူဒါန်းနေ

နာမည်ကြီးတံဆိပ်Nike က ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့တန်းထွက်တိုက်ဖျက်နေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတချို့ကို ကူညီပံ့ပိုးပေးဖို့ လုပ်ဆောင်နေပါတယ်။ Nike တံဆိပ်ဟာ အမေရိကန်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို Sneaker (၃၂,၀၀၀) လှူဒါန်းသွားမှာဖြစ်ပါတယ်။ လှူဒါန်းတာနည်းပေမဲ့ ဒီလိုလှူဒါန်းတာက COVID-19 ကို တိုက်ဖျက်နေတဲ့၊…

5-5-2020-yyl-012.jpg

ကိုရိုနာကြောင့် ဖြစ်ပေါ်လာတဲ့ ကွာရှင်းမှုများ

#Coronadivorce ဆိုတဲ့ စကားလုံးက ဧပြီလ ၃ ရက်ကစပြီး ဂျပန်နိုင်ငံရဲ့ လူမှုကွန်ရက်ပေါ်မှာ စတင်ရေပန်းစားလာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်(Coronavirus)နဲ့ ကွာရှင်းမှု(Divorce)ဆိုတဲ့ စကားလုံး နှစ်ခုကို ပေါင်းစပ်ထားတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် လင်မယားတွေ၊ အတူနေချစ်သူတွေ လမ်းခွဲပြတ်စဲရတာလို့ အဓိပ္ပာယ်ရပါတယ်။ ကိုင်ဆုကီအာရအီကတော့…

5-5-2020-yyl-009.jpg

စပိန်နိုင်ငံက ပန်းခြံတစ်ခုမှာ ဝက်ဝံညိုကို နှစ်ပေါင်း (၁၅၀)အကြာမှ ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရ

စပိန်နိုင်ငံမြောက်ပိုင်းက အမျိုးသားပန်းခြံတစ်ခုမှာ ဝက်ဝံညိုတစ်ကောင်ကို ပထမဆုံးအကြိမ် ကင်မရာမှာ ရိုက်ကူးထားမိခဲ့ပါတယ်။ အသက် (၃) နှစ်နဲ့ (၅) နှစ်ကြားရှိတဲ့ အညိုရောင်အဆင်းရှိတဲ့ ဝက်ဝံထီးကဟာ နှစ်ပေါင်း (၁၅၀) အကြာမှာ အမျိုးသားပန်းခြံကို ရောက်ရှိလာတဲ့ ပထမဆုံးဝက်ဝံဖြစ်တယ်လို့ သိရပါတယ်။…

5-5-2020-yyl-005.jpg

အိန္ဒိယနိုင်ငံမှာ တစ်ရက်အတွင်း COVID-19 ရောဂါပိုးရှိသူ ၃,၉၀၀ တွေ့ရှိ၊ ကူးစက်ခံရသူ ၄၆,၄၃၃ ယောက် ရှိလာ

အိန္ဒိယနိုင်ငံမှာ တစ်ရက်အတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၃၉၀၀ ရှိခဲ့ပြီး တစ်ရက်တာ ကူးစက်မှု စံချိန်တင်ခဲ့တယ်လို့ ကျန်းမာရေးနဲ့ မိသားစုရေးရာ ဝန်ကြီးဌာနက ဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ ၄၆,၄၃၃ ယောက်ရှိနေပြီး လူ…

4-5-2020-yyl-025.jpg

ကြောင်မကြီးက ဖျားနေတဲ့ကြောင်ပေါက်လေးကို အရေးပေါ်အခန်းထဲ သယ်လာလို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ကူညီပေးခဲ့ရ

မကြာသေးခင်ကမှ အစ်စတန်ဘူလ်မြို့က ဆေးရုံတစ်ခုရဲ့အရေးပေါ်ခန်းမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေက လူမှုကွန်ယက်အကောင့်မှာ နေရာယူလို့ထားပါတယ်။ အဲဒီပုံတွေဟာ ကြောင်မကြီးက နေမကောင်းဖြစ်နေတဲ့ ကြောင်ပေါက်လေးကို လူသားတွေတက်နေတဲ့ဆေးရုံကို သယ်လာတာကို ပြသနေတာဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ကြောင်မကြီးနားမှာ ဝိုင်းနေပြီး သူ့ကို ဂရုစိုက်ပေးနေတာကို တွေ့ရမှာလည်းဖြစ်ပါတယ်။…

4-5-2020-yyl-020.jpg

နှစ်ပေါင်း (၂၀၀) ကျော်ကြာမှ UK ရဲ့ကောင်းကင်ထက်မှာ အမြီးဖြူလင်းယုန်ငှက်ကို ပြန်မြင်တွေ့ခဲ့ရ

လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀) ကျော်ကတည်းက မျိုးတုန်းပျောက်ကွယ်နေခဲ့တဲ့ အမြီးဖြူလင်းယုန်ငှက်ကို UK ရဲ့ကောင်းကင်ထက်မှာ ပျံဝဲနေတာကို ပြန်မြင်တွေ့ခဲ့ရပါတယ်။ အဲဒီလင်းယုန်ငှက်ရဲ့အတောင်ပံအလျားက (၂.၅) မီတာရှိပြီး UK ရဲ့အကြီးဆုံးငှက်လို့ပြောလို့ရပြီး (၁၇၈၀) ခုနှစ်မှာ အင်္ဂလန်ကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမဲ့…

4-5-2020-yyl-011.jpg

ထောက်ပံ့ငွေကို ကိုယ်ကျိုးအတွက်မသုံးဘဲ ကျောင်းသားမိသားစုတွေအတွက် လှူဒါန်းပေးခဲ့တဲ့ ကျာင်းဆရာ

ကျောင်းဆရာတစ်ယောက်ဟာ ငွေကြေးထောက်ပံ့မှုအစီအစဉ်ကနေ ရရှိတဲ့ ငွေကြေးတွေကို ကျောင်းသားမိသားစုတွေရဲ့ ဓာတ်အားခအဖြစ် လှူဒါန်းပေးခဲ့ပါတယ်။ ကျောင်းဆရာ ကန့်ချမ်ဘာဟာ အလာဘားမားပြည်နယ်၊ မက်ဒီဆန်မြို့က ဘော့ဂျုံးစ်အထက်တန်းကျောင်းရဲ့ သင်္ချာဆရာဖြစ်ပြီး ၁၉၈၆ ခုနှစ်ကတည်းက အဲဒီကျောင်းမှာ စာသင်ခဲ့သူပါ။ သူ့ကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းသား၊…