30-7-2020-yyl-020.jpg

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံ မီးလောင်လို့ လူ ၈ ယောက် သေဆုံး

အိန္ဒိယနိုင်ငံ အနောက်ပိုင်း အာမီဒါဘတ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ကုသပေးနေတဲ့ ဆေးရုံရဲ့ အထူးကုသဆောင်မှာ မီးလောင်ခဲ့လို့ လူနာ ၈ ယောက် သေဆုံးခဲ့ပါတယ်။ ဝါယာရှော့ခ်ဖြစ်ရာကနေ ကျန်းမာရေးဝန်ထမ်းတစ်ယောက်ရဲ့ တစ်ကိုယ်ရေးကာကွယ်ရေးဝတ်စုံ မီးလောင်ခဲ့ပြီးနောက်မှာ မီးကူးစက်သွားခဲ့တာလို့ မီးသတ်ဌာနရဲ့ ထိပ်တန်းအရာရှိ…

30-7-2020-yyl-019.jpg

မက္ကဆီကိုနိုင်ငံမှာ ကလေးတွေကို သရေစာနဲ့ သကြားပါတဲ့ အချိုရည်ရောင်းချမှု ပိတ်ပင်

မက္ကဆီကိုနိုင်ငံ အောက်ဆာကာပြည်နယ်မှာ အဝလွန်ခြင်းနဲ့ ဆီးချိုသွေးချိုပမာဏ လျှော့ချဖို့ ကြိုးပမ်းမှုအဖြစ် ကလေးငယ်တွေကို သရေစာတွေနဲ့ သကြားပါတဲ့ အချိုရည်တွေ ရောင်းချမှု ပိတ်ပင်ခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဝလွန်ကလေးငယ်ပမာဏ အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး အောက်ဆာကာပြည်နယ်ကတော့ မက္ကဆီကိုနိုင်ငံရဲ့ ပြည်နယ်တွေထဲမှာ အခုလို…

30-7-2020-yyl-018.jpg

ကျည်ဖြည့်ထားတဲ့ AK47 ရိုင်ဖယ်နဲ့အတူ ဒေါ်နယ်ထရမ့်ရဲ့ အပန်းဖြေစခန်းထဲ ဝင်ရောက်ခဲ့တဲ့ ဆယ်ကျော်သက်သုံးယောက် စွဲချက်တင်ခံရ

ကျည်ဖြည့်ထားတဲ့ AK47 ချေမှုန်းရေးရိုင်ဖယ်တစ်လက် ကိုင်ဆောင်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖလော်ရီဒါအပန်းဖြေစခန်းကို အမှတ်မထင် ဝင်ရောက်မိခဲ့လို့ ဆယ်ကျော်သက် ကလေးငယ်သုံးယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ Mar-a-Lago ကလပ်အနီးမှာ ရပ်ထားတဲ့ သူတို့ရဲ့ ကားနားကို Palm Beach…

30-7-2020-yyl-017.jpg

လူသတ်မှုနဲ့ ၂၇ နှစ် အကျဉ်းကျခဲ့ပြီးမှ အပြစ်မရှိလို့ ပြန်လွတ်လာခဲ့သူ

တရုတ်နိုင်ငံ အရှေ့ပိုင်းက အမျိုးသားတစ်ယောက်ဟာ လူသတ်မှုနဲ့ ၂၇ နှစ်ကြာ အကျဉ်းကျခံရပြီးနောက် လူသတ်မှုနဲ့ သက်ဆိုင်ခြင်းမရှိလို့ တရားသေလွတ်မြောက်ခဲ့ပါတယ်။ ကျန်းယုဟွမ်ဟာ ၁၉၉၃ ခုနှစ်က အိမ်နီးနားချင်း ကလေးငယ်နှစ်ယောက်ကို သတ်ခဲ့တယ်လို့ သံသယရှိခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က သူ့ကို နှိပ်စက်ခဲ့ပြီး…

7-8-2020-yyl-028.jpg

မြန်မာစစ်တပ်အရာရှိတွေရဲ့ ဒေတာတွေကို ဖော်ပြပေးဖို့ ဂမ်ဘီယာနိုင်ငံရဲ့ တောင်းဆိုချက်ကို ဖေ့ဘွတ်ခ် ကန့်ကွက်

ဖေ့ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တွေ ရေးသားဖော်ပြတဲ့ ပို့စ်တွေ၊ ပြောဆိုဆက်သွယ်မှုတွေကို ဖော်ပြပေးဖို့ ဂမ်ဘီယာနိုင်ငံရဲ့ တောင်းဆိုချက်ကို ဖေ့ဘွတ်ခ်ကုမ္ပဏီက ကန့်ကွက်ခဲ့ပါတယ်။ မြန်မာစစ်တပ်က ဘင်္ဂါလီလူနည်းစုကို ဂျီနိုဆိုက်လုပ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ကမ္ဘာ့တရားရုံးမှာ စွဲချက်တင်ထားပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့တောင်းဆိုချက်ဟာ…

7-8-2020-yyl-021.jpg

တစ်နှစ်အတွင်းမှာပဲ ရလဒ်ကောင်းကို မြင်တွေ့ခဲ့ရတဲ့ ပါကစ္စတန်ရဲ့ သစ်ပင်စိုက်ပျိုးခြင်း ပရောဂျက်

ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကို ဖယ်ရှားဖို့အတွက် လုပ်ရမယ့်အရာတွေထဲက တစ်ခုကတော့ သစ်ပင်စိုက်ပျိုးတာပါပဲ။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာ သစ်ပင်စိုက်ပျိုးတဲ့ ကမ်ပိန်းတွေ လုပ်ဆောင်လာကြပါတယ်။ နိုင်ငံတော်တော်များများမှာ အပင်ပေါင်း သန်းချီပြီး စိုက်ပျိုးခဲ့တဲ့သတင်းတွေလည်း စာဖတ်ပရိသတ်တွေ မြင်တွေ့ဖတ်ဖူးကြမှာပါ။ တချို့ဆိုရင် နာရီအနည်းငယ်အတွင်းမှာ သစ်ပင်…

7-8-2020-yyl-010.jpg

ပါတီပွဲကျင်းပတဲ့ အဆောက်အအုံတွေကို ရေ၊ မီး ဖြတ်မယ်လို့ လော့စ်အိန်ဂျလိစ် မြို့တော်ဝန် ပြော

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ ကန့်သတ်ပိတ်ပင်မှုတွေ ချမှတ်ထားပေမဲ့ ပါတီပွဲကြီးတွေနဲ့ စုဝေးပွဲတွေ ကျင်းပနေတဲ့ အဆောက်အအုံတွေကို ရေ၊ မီး ဖြတ်တောက်ဖို့ ညွှန်ကြားမယ်လို့ လော့စ်အိန်ဂျလိစ်မြို့တော်ဝန်က ပြောပါတယ်။ အဲဒီညွှန်ကြားချက်ဟာ သြဂုတ်လ ၇ ရက်မှာ စတင်အကျုံးဝင်မှာပါ။…

7-8-2020-yyl-009.jpg

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ သန်းကျော် ရှိလာ

အိန္ဒိယနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ သန်းကျော်ရှိတဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက် ၂၀ အတွင်းမှာပဲ ကူးစက်ခံရသူ တစ်သန်းရှိခဲ့ပြီး အဲဒီနှုန်းဟာ အမေရိကန်၊ ဘရာဇီးနိုင်ငံတွေထက် ပိုမြန်နေပါတယ်။ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရောဂါစမ်းသပ်မှုတွေကို…

7-8-2020-yyl-008.jpg

ဧရာမပေါက်ကွဲမှုကို ဒေါသထွက်နေသူတွေက ဘေရွတ်မြို့မှာ ဆန္ဒပြ

ပြီးခဲ့တဲ့အင်္ဂါနေ့က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေနဲ့ လက်ဘနွန်လုံခြုံရေးတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။ လွှတ်တော်နားက ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာကို လုံခြုံရေးအရာရှိတွေက မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက မလုံမခြုံသိုလှောင်ထားတဲ့ အမိုးနီးယန်းနိုက်ထရိတ် ၂၇၅၀ တန်ကြောင့် ပြီးခဲ့တဲ့အင်္ဂါနေ့က…

7-8-2020-yyl-014.jpg

မစ္စစ္စပီပြည်နယ်မှာ ကျောင်းဖွင့်တဲ့ ပထမပတ်မှာတင် ကျောင်းသား (၁၀၀) ကျော် Quaratine ခံယူခဲ့ရ

မစ္စစ္စပီပြည်နယ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျောင်းတွေကို အချိန်အကြာကြီး ပိတ်ထားပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့အပတ်က ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းပြန်ဖွင့်ပြီး (၁) ပတ်မှာပဲ ကျောင်းသား (၁) ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရတဲ့အတွက် အခုဆိုရင် ကျောင်းသူ/သား (၁၀၀) ကျော်…