27.12.2021yyl11.jpg

ဆီးနှင်းထူထပ်လို့ ဂျပန်ပြည်တွင်းလေကြောင်းခရီးစဉ် ရာချီ ဖျက်သိမ်းခဲ့ရ

ဂျပန်နိုင်ငံ အနောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ဆီးနှင်းထူထပ်စွာ ကျဆင်းခဲ့လို့ ပြည်တွင်းလေကြောင်းခရီးစဉ် ၁၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။ တိုကျိုစံတော်ချိန် ညနေ ၄ နာရီအချိန်အထိ ANA Holdings ကုမ္ပဏီရဲ့ လေကြောင်းခရီးစဉ် ၇၉ ခုကို ဖျက်သိမ်းခဲ့ရပြီး…

27.12.2021yyl26.jpg

Spider-Man:No Way Home က ကပ်ရောဂါကာလ ရုံဝင်ကြေး ၁ ဘီလျံကျော်ရတဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်လာ

Spider-Man နောက်ဆုံးထွက်ဇာတ်ကား No Way Home ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကမ္ဘာတစ်ဝန်းမှာ ရုံဝင်ကြေး အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ရောင်းရတဲ့ ပထမဆုံးရုပ်ရှင်ကား ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ရုံဝင်ကြေး အမေရိကန်ဒေါ်လာ ၉၀၅…

27.12.2021yyl1.jpg

ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတဲ့ BTS အဖွဲ့ဝင် ၃ ဉီး

ကမ္ဘာကျော်ကေပေါ့ပ်အဆိုအဖွဲ့ BTS အဖွဲ့ဝင် ၃ ဉီးဟာ ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ BIGHIT Music Entertainment ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ မကြာသေးခင်ကမှ နိုင်ငံခြားဖျော်ဖြေပွဲကြီးကျင်းပပြီးလို့အမေ​ရိကကနေကိုရီးယားကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ အဖွဲ့ဝင် ၇ ဦးမှာ ၃ ဉီးက ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ရပါတယ်။ ပထမဆုံးကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့အဖွဲ့ဝင်က…

27.12.2021yyl6.jpg

တောင်အာဖရိကဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး ခရစ်တော်၌ အိပ်ပျော်

” မတရားမှုမှာ ကြားနေတာဟာ ဖိနှိပ်သူဘက်ကို ရွေးချယ်လိုက်တာပါပဲ ” ဆိုတဲ့ ကမ္ဘာကျော်အဆိုအမိန့်ရှင် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး(အသက် ၉၀)ဟာ ခရစ်တော်မှာ အိပ်ပျော်သွားခဲ့ပါတယ်။ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒက်စ်မွန်တူးတူးဟာ တောင်အာဖရိကသမ္မတ ( ဟောင်း) နယ်လ်ဆင်မန်ဒဲလားနဲ့…

27.12.2021yyl7.jpg

ကမ္ဘာ့အကြီးဆုံး အာကာသ အဝေးကြည့်မှန်ပြောင်းကို ပတ်လမ်းအတွင်း လွှတ်တင်

အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ တန်ကြေးရှိတဲ့ ကမ္ဘာ့အကြီးဆုံး အာကာသ အဝေးကြည့်မှန်ပြောင်းကတော့ ကမ္ဘာမြေကနေ ထွက်ခွာသွားခဲ့ပါပြီ။ ဂျိမ်းစ်ဝက်ဘ် (James Webb) အဝေးကြည့်မှန်ပြောင်းကို အာရီယန်ဒုံးပျံပေါ် တင်ဆောင်ပြီး ပြင်သစ်ပိုင် ဂီနီကျွန်းပေါ်ရှိ ကူရူးဒုံးပျံလွှတ်တင်ရေးစခန်းကနေ လွှတ်တင်ခဲ့တာပါ။ စကြဝဠာအကြောင်း…

27.12.2021yyl10.jpg

အိုမီခရွန် မျိုးကွဲသစ် ပျံ့နှံ့နေချိန်မှာ အဝတ်နှာခေါင်းစည်း မတပ်ကြဖို့၊ ၃ လွှာနဲ့ N95 နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့ အကြံပြုချက် ထွက်ပေါ်

ကူးစက်မြန် အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ပျံ့နှံ့နေချိန်မှာ နှာခေါင်းစည်းတပ်ဆင်မှု ညွှန်ကြားချက်တွေကို ပြန်လှန်သုံးသပ်ဖို့ လိုအပ်နေပြီး အဝတ်နှာခေါင်းစည်းတပ်ဆင်တာမျိုး မလုပ်ကြဖို့ ကျန်းမာရေးပညာရှင်တစ်ဦးက ပြောပါတယ်။ ” အဝတ်နှာခေါင်းစည်းတွေက မျက်နှာအလှဆင်ရုံထက် မပိုပါဘူး။ အိုမီခရွန် မျိုးကွဲသစ် ပျံ့နှံ့လာချိန်မှာ အဝတ်နှာခေါင်းစည်းတွေဝတ်လို့…

23.12.2021yyl15.jpg

ဘင်္ဂလားဒေ့ရှ်မှာ ခရီးသည်အပြည့်အသိပ်တင်လာတဲ့ ကူးတို့တစ်စင်း မီးလောင်လို့ အနည်းဆုံး လူ ၃၇ ယောက် သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှာ ခရီးသည်အပြည့်အသိပ် တင်ဆောင်လာတဲ့ ကူးတို့တစ်စင်း မီးလောင်ခဲ့လို့ အနည်းဆုံး လူ ၃၇ ယောက် သေဆုံးခဲ့ပြီး လူ ၁၀၀ ဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။ မြို့တော် ဒါကာကနေ ဘာဂူနာမြို့ကို ဦးတည်နေတဲ့ ၃ ထပ်ကူးတို့ဟာ…

24-12-2021yyl1.jpg

ထောင်ဒဏ် ၂၂ နှစ်ကျခံနေရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာ

အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် ထောင်ဒဏ် ၂၂ နှစ် ကျခံနေရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွန်ဟေးဟာ လွတ်ငြိမ်းချမ်းသာခွင့်ရလို့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အသက် ၆၉ နှစ်အရွယ်ရှိတဲ့ ပက်ဂွန်ဟေးဟာ ၂၀၁၈ ခုနှစ်မှာ အာဏာအလွဲသုံးစားမှု၊ ငွေညှစ်မှုတွေနဲ့ စီရင်ချက်ချမှတ်ခံခဲ့ရသူပါ။ သူဟာ…

Iran.jpg

အီရန်နိုင်ငံရဲ့ ရေနံအကြွေးကို လက်ဖက်နဲ့ ပြန်ဆပ်ဖို့ သီရိလင်္ကာ စီစဉ်နေ

အီရန်နိုင်ငံရဲ့ ရေနံကြွေးကို လက်ဖက်နဲ့ ပြန်ဆပ်ဖို့ စီစဉ်နေတယ်လို့ သီရိလင်္ကာစိုက်ပျိုးရေးဝန်ကြီး ပါသီရာနာက ပြောပါတယ်။ အီရန်နိုင်ငံရဲ့ရေနံကြွေး အမေရိကန်ဒေါ်လာ ၂၅၁ သန်းကို ပေးဆပ်နိုင်ဖို့အတွက် လစဉ်လတိုင်း အမေရိကန်ဒေါ်လာ ၅ သန်းဖိုး လက်ဖက်တင်ပို့နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သူက…

russia.jpg

၂၀၂၀ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ပြန်လည်ကျင့်သုံးဖို့ ရုရှားနဲ့ ယူကရိန်း သဘောတူညီ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ၂၀၂၀ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ပြန်လည်ကျင့်သုံးဖို့ ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (OSCE)က စေ့စပ်ညှိနှိုင်းပေးခဲ့တဲ့စာချုပ်ဟာ တင်းမာမှုလျှော့ချရေးအတွက် ပထမခြေလှမ်း ဖြစ်တယ်လို့ ယူကရိန်းသမ္မတရုံးအကြီးအကဲ အန်ဒရီယာမက်က…