worldenvday01.jpg

လက်သည်းရှည်တွေ ဆုံးရှုံးလိုက်ရကြောင်း ထုတ်ပြောပြခဲ့တဲ့ ကမ္ဘာ့လက်သည်းအရှည်ဆုံးအမျိုးသမီး

၁၉၇၉ ခုနှစ်ကတည်းက လက်သည်းတွေမညှပ်ပစ်ဘဲ လက်သည်းအရှည်ကြီးတွေ ပိုင်ဆိုင်ခဲ့ရတဲ့အတွက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့တဲ့ အသက် (၇၉) နှစ်အရွယ် လီ ရက်တ်မွန် ဆိုတဲ့ အမျိုးသမီးကို သိကြမယ်ထင်ပါတယ်။ သူ့ရဲ့လက်သည်းတွေက (၈.၆၅) မီတာလောက်ရှည်ထားပါတယ်။ အရှည်ဆုံးလက်သည်းကတော့ (၉၀) စင်တီမီတာရှိတဲ့…

elephant01.jpg

မီးရှုးမီးပန်းထည့်ထားတဲ့နာနတ်သီးစားမိလို့ သေဆုံးခဲ့ရတဲ့ ကိုယ်ဝန်သည်ဆင်မကြီးအတွက် ပန်းချီပညာရှင်တွေက ပုံတွေရေးဆွဲပြီး ဝမ်းနည်းကြောင်းပြသ

အခုတလော လူမှုကွန်ယက်အကောင့်မှာပျံ့နှံ့နေပြီး လူတိုင်းမျှဝေနေကြတဲ့ ဝမ်းနည်းစရာဆင်မကြီးအကြောင်းကို စာဖတ်ပရိသတ်တွေ မြင်ကြတွေ့ကြမှာပါ။ စာနာသနားစိတ်မရှိကြတဲ့လူသားတွေရဲ့လုပ်ရပ်ကြောင့် သေဆုံးသွားခဲ့ရတဲ့ ကိုယ်ဝန်သည်ဆင်မကြီးအကြောင်းပါ။ အဲဒီဖြစ်ရပ်က မေလ ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံ၊ ကီရာလာမြို့မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ နာနတ်သီးထဲမှာ မီးရှုးမီးပန်းထည့်ထားမှန်းမသိဘဲ စားမိခဲ့လို့ နာကျင်မှုတွေခံစားရရင်းနဲ့ သေဆုံးသွားခဲ့တာပါ။…

4-6-2020-yyl-015.jpg

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ နယူးယောက်လမ်းမထက်က အမှိုက်ပုံးတွေမှာ ပန်းအလှဆင်ထား

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ Quarantine ခံယူနေရတဲ့လူတွေကို ဂုဏ်ပြုအားပေးနေတဲ့ သူတွေထဲမှာ ဒီပန်းအလှဆင်ဒီဇိုင်နာအမျိုးသားတစ်ဦးလည်း ပါဝင်ပါတယ်။ လူးဝစ် မေလ်လာဆိုတဲ့ ပန်းအလှဆင်ဒီဇိုင်နာအမျိုးသားက နယူးယောက်မြို့လမ်းမထက်မှာရှိတဲ့ အမှိုက်ပုံတွေကို လှပတဲ့ပန်းပွင့်လေးတွေနဲ့ အလှဆင်ပြောင်းလဲခြင်းဖြင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ဂုဏ်ပြုပေးခဲ့တာပါ။ သူက ပန်းအလှဆင်တဲ့နေရာမှာ အရမ်းထူးခြားတဲ့အတွက် နာမည်ကြီးပါတယ်။…

4-6-2020-yyl-011.jpg

(၉) ပတ်ကြာခွဲနေခဲ့ရပြီးနောက် သမီးလေး (၂) နှစ်ဦးနဲ့ ပြန်ဆုံစည်းခဲ့ရတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်း

COVID-19 ကို ရှေ့တန်းကနေ တွန်းလှန်ပေးနေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းဟာ သမီးလေး (၂) ဦးနဲ့ (၉) ပတ်ကြာအောင် ခွဲနေခဲ့ရပြီးတဲ့နောက်မှာ ပြန်ဆုံစည်းခွင့်ရတဲ့အခိုက်အတန့်လေးက လူတော်တော်များများကို ဝမ်းသာပီတိဖြစ်စေခဲ့တယ်လို့ သိရပါတယ်။ အသက် (၄၃) နှစ်အရွယ် ဆူဆန်နီ ဗန်ဂန်ဆိုတဲ့…

4-6-2020-yyl-007.jpg

Lockdown ကာလအတွင်းမှာ ခွဲထားလို့မရအောင် မိတ်ဆွေတွေဖြစ်သွားကြတဲ့ မြေအောင်းဝက်ဝံနဲ့ ကိုအာလာဝက်ဝံ

ကမ္ဘာ့ပေါ်မှာ အပေါင်းအသင်းလုပ်လို့မရတဲ့၊ မတည့်တဲ့တိရစ္ဆာန်လေးတွေရှိကြပါတယ်။ တွေ့တာနဲ့ ရန်စောင်နေကြတဲ့ ခွေးနဲ့ကြောင်ဆိုရင်လည်း မိတ်ဆွေတွေဖြစ်သွားကြတာရှိပါတယ်။ The Fox and the Hound, The Lion King, The Jungle Book လို ဇာတ်ကားတွေထဲမှာပဲ…

4-6-2020-yyl-004.jpg

ဆိုင်ကလုန်းမုန်တိုင်း နီဆာဂါနဲ့ လက်မတင်လွတ်မြောက်ခဲ့တဲ့ မွမ်ဘိုင်းမြို့

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမြို့ဟာ ဆိုင်ကလုန်းမုန်တိုင်း နီဆာဂါရဲ့ မုန်တိုင်းဗဟိုချက်နဲ့ သီသီလေး လွတ်မြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က လူဦးရေထူထပ်တဲ့ မွမ်ဘိုင်းမြို့နားက အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းကို ဆိုင်ကလုန်းမုန်တိုင်း နီဆာဂါ တိုက်ခတ်လို့ အနည်းဆုံး လူတစ်ယောက် သေဆုံးခဲ့ပါတယ်။ မုန်တိုင်းကြောင့်…

4-6-2020-yyl-003.jpg

ဒေါ်နယ်ထရမ့်က အမေရိကန်လူထုကို စိတ်ဝမ်းကွဲအောင်လုပ်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဟောင်း စွပ်စွဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူထုကို စိတ်ဝမ်းကွဲအောင်လုပ်နေပြီး လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်နေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း ဂျိမ်းစ်မက်တစ်က စွပ်စွဲခဲ့ပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆူပူအုံကြွမှုတွေကို ဒေါ်နယ်ထရမ့်ရဲ့ ကိုင်တွယ်ဖြေရှင်းမှုက ဒေါသထွက်၊ တုန်လှုပ်ဖွယ်ကောင်းသလို ရင့်ကျက်တဲ့ ခေါင်းဆောင်မှုစွမ်းရည် မရှိဘူးလို့…

4-6-2020-yyl-002.jpg

စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကမ်းခြေလိုက်ပို့

ပြန်လည်ထူထောင်ရေး အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် စပိန်နိုင်ငံရဲ့ COVID-19 လူနာတွေကို ကမ်းခြေခရီး လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ ဘာစီလိုနာမြို့ Hospital del Mar ဆေးရုံရဲ့ ကျန်းမာရေးအဖွဲ့တွေက အထူးကြပ်မတ်ကုသခန်းမှာ ကုသနေရသူတွေကို လူသားချင်းစာနာတဲ့ အငွေ့အသက် ဖန်တီးပေးစေဖို့ ရည်ရွယ်ပြီး ကမ်းခြေခရီး…

3-6-2020-yyl-022.jpg

စတုရန်းပေ (၂၀၀,၀၀) ရှိတဲ့နံရံဆေးရေးပန်းချီနဲ့ COVID-19 ကြောင့် အသက်ပေးခဲ့ရတဲ့ဆရာဝန်တွေကို ဂုဏ်ပြုခဲ့တဲ့ ပန်းချီပညာရှင်

COVID-19 ကပ်ရောဂါကြောင့် အသက်ပေးလိုက်ရတဲ့ လူပေါင်းများစွာရှိနေပါတယ်။ အဲဒီလူပေါင်းများစွာထဲမှာ COVID-19 ကို ရှေ့တန်းကနေ တွန်းလှန်ပြီး လူနာတွေကို ကယ်တင်ပေးနေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေလည်း အပါအဝင်ပါပဲ။ အဲဒီလိုအသက်ပေးနေကြတဲ့သူတွေကို နည်းအမျိုးမျိုးနဲ့ ဂုဏ်ပြုပေးနေတာလည်းရှိပါတယ်။ ကျူဘာ-အမေရိကန်ကပြားပန်းချီပညာရှင် ဂျော်ဂျီ ရိုဒရီကူ ဂျီရာဒါကလည်း…

3-6-2020-yyl-017.jpg

ကြက်ဥကို လျော့ဈေးနဲ့ဝယ်လာပြီးမှ အတုဖြစ်နေမှန်းသိခဲ့ရတဲ့ထိုင်းနိုင်ငံက အမျိုးသား

ကမ္ဘာတစ်ဝှမ်းက လူတော်တော်များများက ဈေးကနေ မရည်ရွယ်ဘဲနဲ့ ပစ္စည်းအတုတွေ ဝယ်လာမိကြမှာပါ။ ဝယ်လာပြီး အိမ်ပြန်ရောက်မှာ အတုဖြစ်မှန်းသိလိုက်ရတာလောက် ခံရခက်တာမရှိတော့ပါဘူး။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးက ကြုံတောင်ကြုံခဲပါပဲ။ ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးဟာ ထိုင်းစတိုင်ကြက်ဥခေါက်ကြော်လုပ်ဖို့လုပ်တဲ့အခါ ကြက်ဥအတုတွေမှန်း သိခဲ့ရပါတယ်။ အဲဒီအခါမှာသာ သူ…