yyl-001-4.jpg

ထိုင်းနိုင်ငံမှာ ပလတ်စတစ်အိတ်သုံးစွဲမှု တားမြစ်ထားတဲ့အတွက် ထူးဆန်းတဲ့အရာတွေယူလာပြီး ဈေးလာဝယ်ကြသူများ

ပလတ်စတစ်အိတ်တွေနဲ့ ဈေးဝယ်တာက အဲဒီလောက်ဆိုးရွားလိမ့်မယ်လို့ ကျွန်တော်တို့ ထင်ချင်မှထင်ကြမှာပါ။ စွန့်ပစ်ပလတ်စတစ်အမှိုက်တွေ များလာတာနဲ့ ပတ်ဝန်းကျင်ကိုသာမက ကုန်းနေရေနေ သတ္တဝါတွေကိုပါ အန္တရာယ်ဖြစ်စေပါတယ်။ ကျွန်တော်တို့အပါအဝင် လူသန်းပေါင်းများစွာက ပလတ်စတစ်အိတ်တွေကို သုံးစွဲနေကြပါတယ်။ ထိုင်းနိုင်ငံကတော့ ၂၀၂၀ပြည့်နှစ်အစမှာပဲ ပလတ်စတစ်အိတ်သုံးစွဲမှုကို တားမြစ်ခဲ့ပါတယ်။ နှစ်သစ်ကူးမတိုင်ခင်ကတည်းက…

yyl-032-1.jpg

BLACKPINKအဖွဲ့ဝင်လီဆာအသုံးပြုခဲ့တဲ့ပစ္စည်းတွေကို ရောင်းဖို့ကြိုးစားခဲ့လို့ ဝေဖန်ပြောဆိုမှုတွေခံနေရတဲ့ ထိုင်းနိုင်ငံက ကော်ဖီဆိုင်

ကိုရီးယားအဆိုအဖွဲ့ BLACKPINK ဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့အားပေးနှစ်ခြိုက်မှုကို အပြည့်အဝရရှိထားတဲ့အဖွဲ့တစ်ဖွဲ့ပါ။ အဲဒီအဖွဲ့မှာ ထိုင်းနိုင်ငံဖွားလီဆာ (Lisa) ကလည်း မိန်းကလေးပရိသတ်တွေကော ယောကျ်ားလေးပရိသတ်တွေပါ ရရှိထားတဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က လီဆာဟာ ထိုင်းနိုင်ငံက MQQN Cafe ဆိုင်မှာ…

yyl-026-1.jpg

လောင်ကျွမ်းနေတဲ့ တောမီးအန္တရာယ်ကနေ သိုးအုပ်ကြီးကို ကယ်တင်ပေးခဲ့တဲ့ ခွေးလေး

သြစတြေးလျနိုင်ငံမှာ တောမီးက ဆက်လက်လောင်ကျွမ်းလို့နေပါတယ်။ စက်တင်ဘာလကစပြီး တောမီးလောင်ကျွမ်းမှုကြောင့် တိရစ္ဆာန် သန်း (၅၀၀) ကျော် သေဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းတွေက အတူတူပူပေါင်းပြီး မီးငြိမ်းသတ်မှုတွေပြုလုပ်ပေးနေကြသလို တိရစ္ဆာန်တွေကိုလည်း ကယ်တင်ပေးနေကြပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းက အဖွဲ့အစည်းတွေ၊ လူတွေကလည်း…

yyl-018-2.jpg

မန်စီးတီးကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး အသင်းသားတွေရဲ့ စိတ်သဘောထားကို မန်ယူနည်းပြ ဆိုးလ်ရှား ဝေဖန်

မန်စီးတီးကို (၃-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မန်ယူအသင်းသားတွေရဲ့ စိတ်သဘောထားကို နည်းပြ ဆိုးလ်ရှားက မေးခွန်းထုတ်ခဲ့ပါတယ်။ မန်ယူဟာ ပထမပိုင်းပွဲချိန်(၁၇)မိနစ်ကနေ (၃၈)မိနစ်အတွင်း (၃)ဂိုးပေးခဲ့ရပြီး ပွဲချိန်(၇၀)ရောက်မှ ရက်ရှ်ဖို့ဒ်က ချေပဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်းအပြီး…

yyl-017-3.jpg

အာဖရိကတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို မာနေး ဆွတ်ခူး

၂၀၁၉ ခုနှစ်အတွက် ပေးအပ်တဲ့ အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လီဗာပူးတိုက်စစ်မှူး မာနေး ဆွတ်ခူးခဲ့ပါတယ်။ ဆီနီဂေါတိုက်စစ်မှူး မာနေးဟာ လီဗာပူးအသင်းဖော် ဆာလာ(အီဂျစ်)၊ မန်စီးတီးတောင်ပံကစားသမား မာရက်ဇ်(အယ်လ်ဂျီးရီးယား)တို့ကို ကျော်ဖြတ်ပြီး ဆုရခဲ့တာပါ။ အသက်(၂၇)နှစ်ရှိတဲ့ မာနေးဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား…

yyl-016-3.jpg

အီရတ်နိုင်ငံမှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို မဖြစ်မနေ ရွှေ့ပြောင်းဖို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

အီရတ်နိုင်ငံမှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို မဖြစ်မနေ ရွှေ့ပြောင်းကြဖို့ ဖိလစ်ပိုင်နိုင်ငံက အမိန့်ထုတ်ပြန်လိုက်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီကို အမေရိကန်နိုင်ငံက လုပ်ကြံခဲ့တဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အီရတ်နိုင်ငံမှာ စခန်းချနေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို…

8.jpg

သြစတြေးလျတောမီးကနေ ထွက်လာတဲ့ မီးခိုးတွေ ဘရာဇီးနိုင်ငံအထိ ပျံ့နှံ့

သြစတြေးလျ တောမီးကနေ ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ ဘရာဇီးနိုင်ငံအထိ ပျံ့နှံ့သွားတယ်လို့ အာကာသသုတေသနဆိုင်ရာ အမျိုးသားသိပ္ပံဌာန လက်အောက်ခံအဖွဲ့တစ်ဖွဲ့က တွစ်တာပေါ်မှာ ဖော်ပြခဲ့ပါတယ်။ တောမီးလောင်ကျွမ်းမှုကြောင့် ထွက်လာတဲ့ မီးခိုးငွေ့တွေဟာ ဘရာဇီးနိုင်ငံတောင်ဘက်စွန်းမှာရှိတဲ့ ရီယိုဂရန်ဒီဒိုဆူးလ်ပြည်နယ်အထိ ရောက်ရှိခဲ့တယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး ဝေးလံခေါင်သီတဲ့ဒေသတွေရဲ့…

yyl-015-3.jpg

အီရန်လေပိုင်နက်ထဲက လေကြောင်းခရီးစဉ်အားလုံးကို လမ်းကြောင်းပြောင်းလဲလိုက်ပြီလို့ စင်ကာပူ လေကြောင်းလိုင်း ကြေညာ

အီရန်လေပိုင်နက်ထဲက လေကြောင်းခရီးစဉ်အားလုံးကို လမ်းကြောင်းပြောင်းလဲလိုက်ပြီလို့ စင်ကာပူလေကြောင်းလိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီ လုပ်ကြံခံရမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဇန်နဝါရီလ ၈ ရက်အစောပိုင်းက အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ လေတပ်အခြေစိုက်စခန်းတွေကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အီရန်နိုင်ငံက ပြောခဲ့ပြီးနောက်မှာ စင်ကာပူလေကြောင်းလိုင်းက…

yyl-014-3.jpg

အမှိုက်ပုံးထဲက ဗုံးကို ကလေးငယ်က သံတိုသံစထင်ပြီး ကောက်ယူမိရာမှာ ဗုံးကွဲလို့ လူ ၉ ယောက် သေဆုံး

နိုင်ဂျီးရီးယား-ကင်မရွန်းနယ်စပ်ရှိ အမှိုက်ပုံးထဲကနေ ကလေးငယ်တစ်ယောက် ကောက်ယူလာတဲ့ ဗုံး ပေါက်ကွဲခဲ့လို့ ကလေးငယ်အပါအဝင် လူ ၉ ယောက် သေဆုံးခဲ့ပါတယ်။ နိုင်ဂျီးရီးယားနယ်စပ်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ ၂၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကင်မရွန်းအရာရှိတစ်ယောက်က ပြောပါတယ်။…

yyl-001-3.jpg

အီရတ်မှာရှိတဲ့ အမေရိကန်လေတပ်စခန်းတွေကို အီရန်က ဒုံးကျည် တစ်ဒါဇင်ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

အီရတ်နိုင်ငံရှိ အနည်းဆုံး အမေရိကန်လေတပ်စခန်းနှစ်ခုဟာ ပဲ့ထိန်းဒုံးကျည်တစ်ဒါဇင်ကျော်ဖြင့် ပစ်ခတ်ခံခဲ့ရတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီ လုပ်ကြံခံရမှုအတွက် လက်တုံ့ပြန်ခဲ့တာလို့ အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့ပါတယ်။ အာဘီနဲ့ အယ်အဆတ် ဒေသမှာရှိတဲ့ အနည်းဆုံးတည်နေရာ နှစ်ခုတိုက်ခိုက်ခံခဲ့ရတယ်လို့…