ဒေါ်နယ်ထရမ့်က ၂ ကြိမ်တိုင်စွဲချက်တင်ခံရတဲ့ ပထမဆုံး အမေရိကန်သမ္မတဖြစ်လာ
ပြီးခဲ့တဲ့တစ်ပတ်က လွှတ်တော်စီးနင်းခံရမှုမှာ ဆူပူအုံကြွအောင် လှုံ့ဆော်ခဲ့တယ်ဆိုပြီး အမေရိကန်အောက်လွှတ်တော်က သမ္မတဒေါ်နယ်ထရမ့်ကို စွဲချက်တင်လိုက်ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဒီမိုကရက်တစ်ပါတီဝင်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်မှာ နာရီပေါင်းများစွာကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး လွှတ်တော်အတွင်း၊ အပြင် ၂ နေရာလုံးမှာ လက်နက်ကိုင်ထားတဲ့ အမျိုးသားသက်စောင့်တပ်ဖွဲ့ဝင်တွေက…

