Lockdown လုပ်ထားချိန်မှာ မင်္ဂလာဆောင်ခဲ့တဲ့ စုံတွဲ အဖမ်းခံရ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် တောင်အာဖရိကနိုင်ငံတစ်ဝန်း လူစုလူဝေးမလုပ်ဖို့ တားမြစ်ပိတ်ပင်ထားချိန်မှာ မင်္ဂလာဆောင် ကျင်းပခဲ့လို့ သတို့သား၊ သတို့သမီးနဲ့ မင်္ဂလာပွဲ တက်ရောက်သူပရိသတ်အားလုံး ထိန်းသိမ်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကွာဇူးလူးနာတယ်မြို့မှာ ကျင်းပခဲ့တဲ့ မင်္ဂလာဆောင်ကို ရဲတွေ ရောက်ရှိလာပြီး ပူပူနွေးနွေး ဇနီးမောင်နှံနှစ်ယောက်နဲ့…

