intltoday005.jpg

မြောက်ကိုရီးယားနိုင်ငံမှာ COVID-19 ကူးစက်ခံရမှုမရှိဆိုတဲ့ ကြေညာချက်အပေါ် သံသယရှိနေ

မြောက်ကိုရီးယားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူတစ်ယောက်မျှ မရှိဘူးဆိုတဲ့ ထုတ်ပြန်ချက်ကို အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက သံသယရှိနေကြပါတယ်။ တင်းကျပ်တဲ့ ရောဂါထိန်းချုပ်ရေးစည်းမျဉ်းတွေ ချမှတ်ခဲ့ပြီး နယ်စပ်တွေကို ပိတ်ဆို့ခဲ့လို့ COVID-19 ကူးစက်ခံရသူမရှိတာလို့ မြောက်ကိုရီးယားအာဏာပိုင်တွေက ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ထုတ်ပြန်ချက်က မဖြစ်နိုင်လောက်ဘူး၊…

intltoday004.jpg

တရုတ်နိုင်ငံက မြို့တစ်မြို့မှာ ခွေးသားနဲ့ ကြောင်သား စားသုံးမှု၊ ရောင်းချမှု ပိတ်ပင်

ရှန်ကျန်းမြို့ဟာ တရုတ်နိုင်ငံမှာ ခွေးသားနဲ့ ကြောင်သား စားသုံးမှု၊ ရောင်းချမှုကို ပိတ်ပင်တဲ့ ပထမဆုံးမြို့ ဖြစ်လာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုက သားရဲတိရစ္ဆာန်တွေနဲ့ ဆက်နွှယ်နေတယ်လို့ တွေ့ရှိခဲ့ပြီးနောက် တရုတ်အာဏာပိုင်တွေက သားရဲတိရစ္ဆာန် ကုန်ကူးမှု၊ စားသုံးမှုတွေကို ပိတ်ပင်ထားပါတယ်။ ရှန်ကျန်းမြို့ကတော့…

intltoday003.jpg

COVID-19 ကူးစက်ခံရမှာ စိုးရိမ်လို့ မလေးရှားမျိုးနွယ်စုတစ်စု တောထဲထွက်ပြေး

မလေးရှားနိုင်ငံက တိုင်းရင်းသားမျိုးနွယ်တစ်စုဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာ စိုးရိမ်တဲ့အတွက် သူတို့ရဲ့ ရွာဝင်လမ်းကို သစ်လုံးတွေနဲ့ပိတ်ဆို့ထားပြီး အနီးပတ်ဝန်းကျင်က တောထဲကို ထွက်ပြေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဂျီမာရီရွာမှာ နေထိုင်တဲ့ အသက် ၃ နှစ်အရွယ် အိုရမ်အာစလီမျိုးနွယ်ဝင် ကလေးငယ်တစ်ယောက်မှာ COVID-19…

intltoday002.jpg

အမေရိကန်နိုင်ငံရဲ့ အလုပ်လက်မဲ့ဦးရေ ၁၀ သန်းနီးပါး ရှိလာပြီး ၂၀၀၈ ကမ္ဘာ့စီးပွားပျက်ကပ်ကာလထက် ပိုဆိုးနေ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်တက်လာပြီး စီးပွားရေးလောကအပေါ် ရိုက်ခတ်မှု ပြင်းထန်လာလို့ အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူအရေအတွက် ရက်သတ္တနှစ်ပတ်ဆက်တိုက် စံချိန်တင်ခဲ့ပါတယ်။ မတ်လ ၂၈ ရက် အဆုံးသတ်တဲ့ ရက်သတ္တပတ်က အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ ၆.၆ သန်းကျော်…

intltoday001.jpg

တရုတ်နိုင်ငံမှာ COVID-19 ကူးစက်ပျံ့နှံ့မှုကို ပထမဆုံး ဖော်ကောင်လုပ်ခဲ့တဲ့ ဒေါက်တာလီဝမ်လျံကို တရုတ်အစိုးရက အာဇာနည်ဘွဲ့ ပေးအပ်

တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ရင်ဆိုင်တွန်းလှန်ရင်း ကွယ်လွန်သွားခဲ့တဲ့ အာဇာနည်တွေအတွက် လာမယ့်စနေနေ့မှာ တရုတ်နိုင်ငံက ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်မယ်လို့ တရုတ်အစိုးရက ပြောပါတယ်။ အောက်မေ့တသခြင်း အခမ်းအနားပြုလုပ်နေချိန်မှာ တရုတ်နိုင်ငံ အလံတွေကို တစ်ဝက်ပဲ လွှင့်ထူမှာဖြစ်ပြီး နိုင်ငံတစ်ဝန်းမှာရှိနေသူတွေက ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်…

2-4-2020-yyl-054.jpg

3D Printer အကူအညီနဲ့ ဆရာဝန်တွေအတွက် အကာအကွယ်ပစ္စည်းတွေကို ပြုလုပ်လှူဒါန်းခဲ့တဲ့ ဖိလစ်ပိုင်ကျောင်းသားလေး

ဖိလစ်ပိုင်နိုင်ငံက မာကတ်စ် ချူဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့ဆုံးကနေ တိုက်ဖျက်နေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ကာကွယ်ပေးဖို့ ကြိုးစားအားထုတ်တဲ့အနေနဲ့ သူ့ရဲ့ 3D Printer အကူအညီနဲ့ ပလတ်စတစ်မျက်နှ ာအကာအကွယ်ပစ္စည်းတွေကို ပြုလုပ်နေတယ်လို့ သတင်းမီဒီယာအရ သိရပါတယ်။ အဲဒီကောင်လေးက…

2-4-2020-yyl-053.jpg

ခရီးသွားရာဇဝင်လိမ်ပြောခဲ့တဲ့ COVID-19 လူနာအမျိုးသားကို တရုတ်အာဏာပိုင်တွေက ထောင်ဒဏ် တစ်နှစ်ခွဲချမှတ်

အီတလီနိုင်ငံမြောက်ပိုင်းကို သွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင်ကို လိမ်ညာပြောဆိုခဲ့တဲ့အတွက် တရုတ်အာဏာပိုင်တွေက တရုတ်အမျိုးသားတစ်ယောက်ကို ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့ပါတယ်။ မျိုးရိုးအမည် ”ကွာ”လို့ ခေါ်တဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားဟာ မတ်လ ၁ ရက်မှာ…

2-4-2020-yyl-042.jpg

COVID-19 နဲ့ ပတ်သက်ပြီး ပထမဆုံးသွေးအတွင်းအသားဓာတ် စစ်ဆေးဖို့ အမေရိကန် FDA က ခွင့်ပြုလိုက်ပြီ

အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး (FDA) က တစ်စုံတစ်ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရလား၊ မရလားဆိုတာကို ဆုံးဖြတ်ပေးနိုင်တဲ့ ပထမဆုံးသွေးစမ်းသပ်စစ်ဆေးမှုကို လုပ်ပိုင်ခွင့်ပေးလိုက်ပြီလို့ သိရပါတယ်။ Serology Test လို့ လူသိများတဲ့ဒီစစ်ဆေးမှုအမျိုးအစားဟာ သွေးအတွင်းက အသားဓာတ်တွေကို ရှာဖွေမှာဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကို…

2-4-2020-yyl-019.jpg

တိရစ္ဆာန်ဥယျာဉ်မှာပဲ တိရစ္ဆာန်တွေကို စောင့်ရှောက်ရင်း သီးခြားနေထိုင်နေတဲ့ တိရစ္ဆာန်ဥယျာဉ်မှူးတွေ

လက်ရှိမှာ COVID-19 ကြောင့် ကမ္ဘာကြီးရဲ့နေရာတော်တော်များများကို အသွားအလာကန့်သတ်မှုတွေ၊ ပိတ်ဆို့တားမြစ်မှုတွေနဲ့ လုပ်ဆောင်နေကြရပါတယ်။ လူအများစုက COVID-19 အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် သူတို့ရဲ့အိမ်မှာပဲ နေထိုင်နေကြပေမဲ့ တချို့ကတော့ သူတို့ရဲ့အလုပ်ခွင်မှာပဲ သီးခြားနေထိုင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။ အိမ်ကနေပဲ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေ…

2-4-2020-yyl-001.jpg

ရှေ့တန်းတိုက်ပွဲဝင်နေတဲ့ ဆရာဝန်တွေကို သရုပ်ဖော်ပုံရေးဆွဲပြီး ဂုဏ်ပြုခဲ့တဲ့ အီရန်လူမျိုးပန်းချီပညာရှင်

၂၀၂၀ ပြည့်နှစ်မှာ COVID-19 ကပ်ရောဂါဖြစ်မယ်လို့ ဘယ်လိုမှထင်မှတ်ထားမှာ မဟုတ်ပါဘူး။ COVID-19 မကူးစက်ခံရအောင် မိမိကစကာကွယ်ရမှာဖြစ်တဲ့အတွက် အိမ်မှာ နေတာအကောင်းဆုံးဖြစ်ပါတယ်။ အိမ်မှာနေဖို့လည်း လူတွေကို အစိုးရကရော မီဒီယာတွေအားလုံးကပါ တိုက်တွန်းလို့နေပါတယ်။ COVID-19 ထိန်းချုပ်တားဆီးတဲ့အနေနဲ့ လူစုလူဝေးဖြစ်မယ့်နေရာတွေအားလုံးကို ပိတ်သိမ်းထားပါတယ်။…