yyl-007-4.jpg

သင်္ဘောသား ၁၅ ယောက်ကို သတ်ခဲ့တယ်လို့ သံသယရှိရတဲ့ မြောက်ကိုရီးယားသား ၂ ယောက်ကို တောင်ကိုရီးယား လွှဲပြောင်းပေး

ငါးဖမ်းသင်္ဘောပေါ်က ကပ္ပတိန်နဲ့ သင်္ဘောအမှုထမ်း ၁၅ ယောက်ကို သတ်ခဲ့တယ်လို့ သံသယရှိတဲ့ မြောက်ကိုရီးယားနိုင်ငံသား ၂ ယောက်ကို တောင်ကိုရီးယားနိုင်ငံက မိခင်နိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ သူတို့ ၂ ယောက် လိုက်ပါလာတဲ့ ငါးဖမ်းသင်္ဘောဟာ ပြီးခဲ့တဲ့ စနေနေ့က…

yyl-006-5.jpg

ကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ရေးသားဖော်ပြခဲ့တဲ့ ဂျာနယ်လစ် ပစ်သတ်ခံရ

ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကို လူတွေသတိထားမိအောင် ရေးသားဖော်ပြခဲ့တဲ့ ဂျာနယ်လစ်တစ်ဦးဟာ သူ့ရဲ့နေအိမ်မှာ အသတ်ခံခဲ့ရပါတယ်။ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ အရှေ့မြောက်ပိုင်း အိုင်တူရီပြည်နယ်မှာရှိတဲ့ ဂျာနယ်လစ် မာဟမ်ဘာရဲ့အိမ်ကို ဘယ်အဖွဲ့ကမှန်း မသိရသေးတဲ့ လက်နက်ကိုင်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံဟာ…

yyl-005-5.jpg

နယူးဒေလီမြို့မှာ လေထုညစ်ညမ်းမှု ဆိုးရွားနေလို့ ကားတွေကို အလှည့်ကျစနစ်နဲ့ မောင်းနှင်ဖို့သတ်မှတ်

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ လေထုညစ်ညမ်းမှု အရမ်းဆိုးရွားနေလို့ ကားတွေကို အလှည့်ကျစနစ်နဲ့ မောင်းနှင်ဖို့ သတ်မှတ်လိုက်ပါတယ်။ နိုဝင်ဘာလ ၄ ရက်ကနေ ၁၅ ရက်အထိ နယူးဒေလီမြို့မှာ အိမ်စီးကားတွေကို ကားနံပါတ် စုံ၊ မအလိုက် တစ်လှည့်စီပဲ မောင်းနှင်ခွင့်ပေးထားပါတယ်။…

yyl-004-5.jpg

မြေယာပိုင်ဆိုင်မှု အငြင်းပွားရာကနေ အကောက်ခွန်ဌာန အရာရှိကို ရုံးခန်းထဲဝင်ပြီး အရှင်လတ်လတ် မီးရှို့သတ်

အိန္ဒိယနိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ်မှာ နေထိုင်တဲ့ အကောက်ခွန်ဌာန အရာရှိတစ်ဦးဟာ မြေယာပိုင်ဆိုင်မှု အငြင်းပွားတဲ့ဖြစ်ရပ်ကြောင့် ရုံးခန်းထဲမှာ အရှင်လတ်လတ် မီးရှို့သတ်ခံခဲ့ရပါတယ်။ ဝိဇယရက်ဒီလို့ အမည်ရတဲ့ အကောက်ခွန်ဌာန အရာရှိအမျိုးသမီးဟာ မီးလောင်ဒဏ်ရာတွေကြောင့် အခင်းဖြစ်ပွားရာနေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ သူ့ကို ကယ်တင်ဖို့…

yyl-003-5.jpg

မျက်နှာကြက်မှာ အပေါက်ဖောက်ပြီး ထောင်ဖောက်ထွက်ပြေးခဲ့သူ (၂)ယောက်ကို ပြန်ဖမ်းမိ

လူသတ်မှုနဲ့ စွဲချက်တင်ခံထားရပြီး ကယ်လီဖိုးနီးယားအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရသူ (၂)ယောက်ဟာ ရေချိုးခန်းမျက်နှာကြက်မှာ အပေါက်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမဲ့ (၂)ရက်အကြာမှာပဲ ပြန်အဖမ်းခံခဲ့ရပါတယ်။ အသက် ၂၁ နှစ်ရှိတဲ့ ဖွန်ဆီကာနဲ့ အသက် ၂၀ ရှိတဲ့ ဆလဇာတို့ဟာ အကျဉ်းထောင် အစောင့်အကြပ်တွေ…

yyl-002-5.jpg

တိုင်ဖွန်းမုန်တိုင်းကြောင့် ရေမြုပ်ခဲ့တဲ့ ကျည်ဆန်ရထား ၁၀ စင်းကို ရထားလိုင်းကနေ ဖယ်ရှား

ပြီးခဲ့တဲ့လက တိုင်ဖွန်းမုန်တိုင်း ဟာဂျီဘစ်ကြောင့် ရေကြီးရေလျှံခဲ့ချိန်မှာ တစ်စိတ်တစ်ပိုင်း ရေနစ်မြုပ်ခဲ့တဲ့ ကျည်ဆန်ရထား ၁၀ စင်းကို ဂျပန်နိုင်ငံက ပြေးဆွဲမယ့် ရထားစာရင်းကနေ ဖယ်ရှားခဲ့ပါတယ်။ ကျည်ဆန်ရထားတွေရဲ့ တချို့အစိတ်အပိုင်းတွေကို ပြန်အသုံးပြုဖွယ်ရှိပေမဲ့ ကျည်ဆန်ရထား ၁၀ စင်းကို ပြေးဆွဲမှု…

yyl-001.png

ရော်ဘာလှေဖြင့် ပင်လယ်ထဲ (၂)ရက် မျောပါခဲ့တဲ့ အမျိုးသမီး သကြားလုံးစားပြီး အသက်ရှင်

ဂရိနိုင်ငံနားက ပင်လယ်ပြင်မှာ ရော်ဘာလှေနဲ့ (၂)ရက်ကြာ မျောပါခဲ့တဲ့ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးဟာ သကြားလုံးတွေစားပြီး အသက်ရှင်ခဲ့ပါတယ်။ အသက် ၄၅ နှစ်ရှိတဲ့ နယူးဇီလန်နိုင်ငံသူ ကူရှီလာစတိန်းကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ခရိ(တ်)ကျွန်းမြောက်ပိုင်း အေဂျီယန်ပင်လယ်ထဲကနေ ကယ်တင်နိုင်ခဲ့တာပါ။ ရွက်လွှင့်သွားရာမှာ အတွေ့အကြုံရှိတဲ့…

yyl-008-6.jpg

လက်တွန်းလှည်းနဲ့ မက္ကဆီကိုအနှံ့လျှောက်သွားပြီး လမ်းဘေးခွေးလေးတွေကို ကယ်တင်နေတဲ့ အမျိုးသား

လွန်ခဲ့တဲ့လအနည်းငယ်က စတောက်တ် ဝီလျံဆိုတဲ့အမျိုးသားက အိုဟွာကွာမြို့ကို သွားတဲ့အချိန်မှာ ကားပေါ်ကနေ မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ခွေးတွေဝန်းရံပြီး တွန်းလှည်းတွန်းနေတဲ့ အမျိုးသားတစ်ဦးကို တွေ့ခဲ့တာပါ။ အဲဒီအမျိုးသားရဲ့တွန်းလှည်းပေါ်မှာ ခွေးတွေရှိတဲ့အပြင် သူ့နောက်ဘက်နဲ့ ရှေ့ဘက်၊ ဘေးဘက်တွေမှာလည်း ခွေးတွေရှိနေပါတယ်။ ခွေးတွေက…

yyl-026-4.jpg

၂၀၂၀ခုနှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရမယ့် စင်ကာပူနိုင်ငံရဲ့ အငယ်ဆုံး သေနတ်ပစ်အားကစားမယ်

တတ်စ်ဆာ နီယို (Tessa Neo) ဆိုတဲ့ အသက် (၂၁) နှစ်အရွယ် သေနတ်ပစ်အားကစားသူလေးက ၂၀၂၀ခုနှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ စင်ကာပူနိုင်ငံရဲ့ အငယ်ဆုံး အားကစားသမားဖြစ်လာခဲ့ပါတယ်။ သူဟာ နိုဝင်ဘာ (၅) ရက်နေ့ ကာတာနိုင်ငံ၊…

yyl-015-4.jpg

ပုံဆွဲပညာအစွမ်းကြောင့် စားသောက်ဆိုင်ကို အလှဆင်ပေးခဲ့ရတဲ့ (၉) နှစ်သားလေး

မိဘတွေက ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သတ်ပြီး မိမိတို့ရဲ့ကလေးတွေကို အမြဲတမ်းပံ့ပိုးပေးသင့်ပါတယ်။ (၉) နှစ်အရွယ်ကောင်လေး ဂျို ဝေးလ် (Joe Whale) ရဲ့မိဘတွေကတော့ စာသင်ခန်းထဲမှာ ဂျို ဝေးလ် ပုံတွေလျှောက်ခြစ်လို့အဆင်မပြေဖြစ်ခဲ့တာတောင် ဆက်ပြီးတော့ ပုံဆွဲဖို့ သူတို့ရဲ့သားကို အားပေးခဲ့ပါတယ်။ သူတို့က…