65109567_2451200284910877_856823968139575296_n.jpg

ကန့်ကွက်မှုတွေကြောင့် ဆင် (၄) ကောင်ကို ရထားနဲ့ခေါ်ဆောင်မယ့်ခရီးစဉ် ဆိုင်းငံ့

ဘုရားလှည့်ရာမှာ ပါဝင်ဖို့ ဆင် (၄) ကောင်ကို မိုင် (၁၉၂၆) အကွာအဝေးအထိ ရထားနဲ့ ခေါ်ဆောင်မယ့် အစီအစဉ်အပေါ် ကန့်ကွက်မှုတွေ ရှိလာခဲ့ပြီးနောက်မှာ အာသံပြည်နယ် သားရဲတိရစ္ဆာန် အာဏာပိုင်တွေက အဲဒီအစီအစဉ်ကို ဆိုင်းငံ့လိုက်ပါတယ်။ ဆင် (၄)…

65626533_2451199058244333_1670676238726856704_n.jpg

မက္ကဆီနိုင်ငံရဲ့ နာမည်ကျော်ကယ်ဆယ်ရေးခွေး တာဝန်မှအနားယူ

မက္ကဆီနိုင်ငံရဲ့ နာမည်ကျော်ကယ်ဆယ်ရေးခွေးမလေးဟာ တာဝန်ကနေအနားယူသွားခဲ့ပါပြီ။ Golden Labrador မျိုးနွယ်ဝင်ခွေးမလေး ဖရီဒါကို ဂုဏ်ပြုဖို့ ပြီးခဲ့တဲ့တနင်္လာနေ့မှာ မက္ကဆီကိုရေတပ်ရဲ့ ခွေးတပ်ဖွဲ့က ဂုဏ်ပြုပွဲ ကျင်းပခဲ့ပါတယ်။ ဖရီဒါဟာ မက္ကဆီကို၊ ဟေတီ၊ ဂွာတီမာလာနဲ့ အီကွေဒေါနိုင်ငံတစ်ဝန်းက ကယ်ဆယ်ရေးလုပ်ငန်း (၅၃)…

65085508_2451199371577635_8612656708457594880_n.jpg

လာဘ်စားထားတဲ့ငွေတွေပြန်ပေးဖို့ နိုင်ငံရေးသမားတွေကို အိန္ဒိယပြည်သူတွေ တောင်းဆို

သူတို့ဆီက လာဘ်စားထားတဲ့ငွေတွေပြန်ပေးဖို့ အိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါပြည်နယ်မှာနေထိုင်တဲ့ ပြည်သူတွေက နိုင်ငံရေးသမားတွေကို တောင်းဆိုခဲ့ပါတယ်။ အစိုးရစီမံကိန်းတွေမှာပါဝင်ချင်လို့ ဒေသခံတွေ လာဘ်ထိုးခဲ့တဲ့ငွေတွေကိုပြန်ပေးဖို့ အနောက်ဘန်ဂေါပြည်နယ်ဝန်ကြီးချုပ် မာမာတာဘာနာဂျီက ဝန်ကြီးတွေကို တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ဘာနာဂျီရဲ့ပါတီဝင်ဖြစ်တဲ့ ဒေသခံခေါင်းဆောင်တစ်ယောက်ရဲ့နေအိမ်ကို ငွေပြန်လိုချင်တဲ့ ဒေသခံတွေက ဝိုင်းခဲ့ကြပါတယ်။…

65442550_2452436901453882_4847826885184323584_n.jpg

ပြတင်းပေါက်ကပြုတ်ကျလာတဲ့ကလေးငယ်ကို လေထဲမှာပွေ့ဖမ်းပြီး အသက်ကယ်ခဲ့တဲ့လူငယ်

ပြတင်းပေါက်ကနေပြုတ်ကျလာတဲ့ကလေးငယ်ကို ဆယ်ကျော်သက်လူငယ်တစ်ဦးက ပွေ့ဖမ်းပြီး အသက်ကယ်တင်ပေးခဲ့ပါတယ်။ အသက် (၁၇) နှစ်အရွယ် လူငယ်လေး ဇာဘတ်ဟာ ဇွန်လ (၂၇) ရက်နေ့က တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ လမ်းလျှောက်နေတုန်း ပြတင်းပေါက်မှာ (၂) နှစ်အရွယ် ကလေးငယ်တစ်ယောက် တွဲလောင်းဖြစ်နေတာကိုလှမ်းမြင်ခဲ့တာပါ။…

gsmarena_002.jpg

အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းမလိုဘဲ ဖုန်းပြော၊ စာပို့နိုင်မယ့်စနစ်ကို Oppo က ဖန်တီး

အင်တာနက်ဖွင့်စရာ၊ ဖုန်းပြောခကုန်စရာမလိုဘဲ သူများတွေဆီ ဖုန်းခေါ်လို့ရရင် ကောင်းမှာပဲလို့ တွေးဖူးပါသလား။ Oppo ကတော့ ဒီအကြံအစည်ကို အကောင်အထည်ဖော်ဖို့စဉ်းစားနေပါပြီ။ ကမ္ဘာပေါ်က ဖုန်းကုမ္ပဏီတွေနဲ့ တယ်လီဖုန်းအော်ပရေတာတွေက 4G ကနေ 5G ဖြစ်လာဖို့ကြိုးပမ်းနေကြချိန်မှာ Oppo ကတော့ စိတ်ဝင်စားစရာအစီအစဉ်တစ်ခုကိုထုတ်ပြလိုက်ပါပြီ။…

64641924_1366745986810477_7481185687866179584_n.jpg

ဟက်ကာတွေကြောင့် အွန်လိုင်း အရောင်းလုပ်ငန်းမှာ ဒေါ်လာသောင်းချီ ဆုံးရှုံးသွားတဲ့ စင်္ကာပူ လုပ်ငန်းရှင်

နာမည်ကြီး E-Commerce platform တစ်ခုဖြစ်တဲ့ Shopify ကို ဟက်ကာ (hackers) တွေ တိုက်ခိုက်ခဲ့တဲ့အတွက် ကမ္ဘာပေါ်က လုပ်ငန်းရှင် တော်တော်များများရဲ့ အကောင့်တွေလည်း ပါသွားခဲ့ပါတယ်။ ကနေဒါအခြေစိုက် အွန်လိုင်း ရောင်းဝယ်ရေး ပလက်ဖောင်းဖြစ်တဲ့ Shopify…

5d0d322b7dcbb-png__700.jpg

သားအတွက် ကျောပိုးအိတ်ဝယ်မပေးနိုင်လို့ ကိုယ်တိုင်ဖန်တီးပေးခဲ့တဲ့ ဖခင်

ပညာသင်ကြားခြင်းက ကလေးရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးရာမှာ အဓိကကဏ္ဍအနေနဲ့ ပါဝင်တဲ့ အရေးကြီးဆုံးမှတ်တိုင်တွေထဲက တစ်ခုပါပဲ။ ဒါပေမဲ့ ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်တွေအရ မူလတန်းအရွယ်ကလေး သန်း (၆၀) နီးပါးက ကျောင်းမတက်ကြဘူးလို့ သိရပါတယ်။ အဲဒီလို ကျောင်းမတက်ကြတဲ့အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ဆင်းရဲနွမ်းပါးမှုပါပဲ။ ကျောင်းသွားရမယ့်အစား…

65157080_2406996029343635_8672831742895194112_n.jpg

ကိုယ်လုံးပေါ်ဝတ်စုံကို ကီမိုနိုလို့အမည်ပေးခဲ့တဲ့ ကင်မ်ကာဒေးရှန်ကို ဂျပန်ပြည်သူတွေဒေါသထွက်နေ

ရုပ်သံကြယ်ပွင့် ကင်မ်ကာဒေးရှန်က အသစ်ထုတ်လုပ်ထားတဲ့ကိုယ်လုံးပေါ်ဝတ်စုံကို ကီမိုနိုအင်တီမိတ်(Kimono Intimates)လို့ အမည်ပေးထားလို့ ဂျပန်ပြည်သူတွေ ဒေါသထွက်နေကြပါတယ်။ ဒါဟာ ဂျပန်ရိုးရာဝတ်စုံအဖြစ် သတ်မှတ်ထားတဲ့ ကီမိုနိုဝတ်စုံအပေါ် လေးစားမှုကင်းမဲ့ရာရောက်တယ်လို့ ဂျပန်ပြည်သူတွေက လူမှုကွန်ရက်ပေါ်မှာ မှတ်ချက်ပေးထားပါတယ်။ (၁၅) ရာစုကတည်းက ဂျပန်တွေဝတ်ဆင်ခဲ့ကြတဲ့ ကီမိုနိုဝတ်စုံဟာ…

190625_python_unsplash.jpg

အလှမွေးစပါးအုံးမြွေကြောင့် အမျိုးသားတစ်ဦး သေဆုံး

အင်ဒိုးနီးရှားနိုင်ငံ၊ အနောက်ဘက် ဂျာဗားပြည်နယ်က ဂျာနာ (Jana) ဆိုတဲ့ (၄၂) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ့ရဲ့အလှမွေးစပါးအုံးမြွေကြောင့် ပြီးခဲ့တဲ့ သောကြာနေ့က သေဆုံးခဲ့ပါတယ်။ အဲဒီ စပါးအုံးမြွေက အလေးချိန် (၁၇) ကီလိုဂရမ် နဲ့ အရှည်…

250619_clawmachinegirl_weibo_1.jpg

Pikachu အရုပ်ကောက်ရင်း စက်ထဲပိတ်မိခဲ့တဲ့ သုံးနှစ်သမီးလေး

စာဖတ်ပရိသတ်တွေဆိုရင်ကော အရုပ်ကောက်စက်ထဲက အရုပ်တွေ ကောက်မရတဲ့အခါ စက်ထဲဝင်ပြီး ယူချင်စိတ်များဖြစ်မိကြလား။ တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်က သုံးနှစ်အရွယ်ကလေးမလေးကတော့ အရုပ်ကောက်စက်ထဲက အရုပ်တွေကို လက်နဲ့ယူတာ အားမရဖြစ်ပြီး စက်ထဲဝင်ရင်းနဲ့ စက်ထဲမှာ ပိတ်မိခဲ့တယ်လို့ သိရပါတယ်။ ဒုန်ကွမ်မြို့ရဲ့ရှော့ပင်းစင်တာတစ်ခုမှာ အဲဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။…