69135632_2548742098490028_6073511376372891648_n.jpg

ဆင်းဒ်ဝစ်ချ်လာပို့ဖို့အချိန်ကြာလွန်းလို့ စားပွဲထိုးကိုသေနတ်နဲ့ပစ်သတ်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာရှိတဲ့ ပီဇာနဲ့ ဆန်းဒဝစ်ချ်ဆိုင်မှာ ဆန်းဒဝစ်ချ်မှာထားပြီး စောင့်ရတာအချိန်ကြာလွန်းလို့ ဒေါသထွက်လာတဲ့စားသုံးသူက စားပွဲထိုးကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ ညနေပိုင်းက ပဲရစ်မြို့အရှေ့ပိုင်း နွယ်ဆီလိုဂဟွန်ဆင်ခြေဖုံးဒေသမှာ အခုလိုဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်ရပ်မှာ သံသယရှိသူကထွက်ပြေးနေပြီး အခုအချိန်အထိ ဖမ်းမမိသေးပါဘူး။ အသက် (၂၈)…

03.jpg

ရော့ခ်ကာကြီး ဘွန်ဂျိုဗီ ဖွင့်လှစ်ထားတဲ့ “Soul Kitchen” ပရဟိတစားသောက်ဆိုင်များ

ဂီတလောကရဲ့လွှမ်းမိုးနိုင်မှုအရှိဆုံးရော့ခ်ကာတွေထဲကတစ်ဦးဖြစ်သူ ဂျွန် ဘွန်ဂျိုဗီ (Jon Bon Jovi) က ဆွဲဆောင်မှုအရှိဆုံးအနုပညာရှင်စာရင်းထဲမှာအကြိမ်ကြိမ်ပါခဲ့ဖူးသလို နိုင်ငံရေးကိစ္စတွေမှာလည်း တက်ကြွလှုပ်ရှားတတ်သူတစ်ယောက်ဖြစ်ပါတယ်။ အများအကျိုးအတွက်လုပ်ဆောင်တဲ့အလုပ်တွေနဲ့ပတ်သက်လာရင်တော့ ဘွန်ဂျိုဗီက တခြားနာမည်ကျော်အနုပညာရှင်တွေထက်ကို ပိုပြီးထဲထဲဝင်ဝင်လုပ်နိုင်သူလို့ ပြောရမှာပါ။ ဒါပေမဲ့လည်း သူက သူ့ရဲ့ပရဟိတအလုပ်တွေနဲ့ပတ်သက်လို့ သိပ်ပြီးလူသိမခံလိုသူဖြစ်ပါတယ်။ ဘွန်ဂျိုဗီက…

intl_01.jpg

(၉၁) အရွယ်စစ်ပြန်ကြီးတစ်ဦးရဲ့အထီးကျန်ဆန်မှုကို ဖြေသိမ့်ပေးခဲ့တဲ့စားပွဲထိုးလူငယ်

ပင်ဆယ်ဗေးနီးယားပြည်နယ်က Eat’n Park စားသောက်ဆိုင်မှာ တစ်ယောက်တည်းထိုင်စားနေရတဲ့ အသက် (၉၁) နှစ်အရွယ် စစ်မှုထမ်းဟောင်းတစ်ဦးကို စားပွဲထိုးကောင်လေးက စကားစမြည်းပြောပြီးအဖော်ပြုပေးခဲ့တဲ့ ပုံတွေဟာ အင်တာနက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့သွားခဲ့ပြီး စားပွဲထိုးကောင်လေးက သူ့ရဲ့အကြင်နာတရားကြောင့် နာမည်ကြီးလို့နေပါတယ်။ အမျိုးသားတစ်ဦးကို အသက် (၂၄)…

parasite_01.jpg

အမျိုးသားတစ်ဦးရဲ့ဦးနှောက်ထဲမှာ နှစ် (၃၀) ကြာအောင် ရှိနေခဲ့တဲ့ ကပ်ပါးကောင်

တရုတ်နိုင်ငံ၊ လျန်ရှီပြည်နယ်မှာ နေထိုင်တဲ့ အသက် (၅၉) နှစ်အရွယ်အမျိုးသားတစ်ဦးဟာ နှစ် (၃၀) ကြာအောင် ခေါင်းကိုက်ဝေဒနာခံစားခဲ့ရပြီး တစ်ခါတရံ အကြောဆွဲပြီး သတိလစ်သွားတာတွေလည်း ရှိခဲ့ပါတယ်။ မကြာသေးခင်ကမှ ဘာကြောင့် အခုလိုဖြစ်ရလဲဆိုတဲ့ပြဿနာကို အဖြေရှာခဲ့တဲ့အခါမှာ (၁၀) စင်တီမီတာရှည်တဲ့…

sg_bus_01.jpg

မောင်းသူမဲ့ဘတ်စ်ကားလိုင်းစနစ်သစ်ကို စမ်းသပ်ပြေးဆွဲတော့မယ့် စင်္ကာပူ

စင်္ကာပူနိုင်ငံမှာတော့ ယာဉ်ကြောပိတ်ဆို့ကိုအထိုက်အလျောက်ပြေလည်စေမယ့် မောင်းသူမဲ့ဘတ်စ်ကားလိုင်းစနစ်တစ်မျိုးကို လာမယ့်သီတင်းပတ်အတွင်း စတင်စမ်းသပ်ပြေးဆွဲတော့မှာပါ။ နိုင်ငံတွင်းမှာ တီထွင်ဖန်တီးထားတဲ့ မောင်းသူမဲ့ယာဉ်လိုနည်းပညာသစ်တွေကို စမ်းသပ်နေတဲ့စင်္ကာပူဟာ ပြည်ပနည်းပညာသစ်တွေ လာရောက်စမ်းသပ်ကြရာနည်းပညာရပ်ဝန်းတစ်ခုလည်းဖြစ်လာနေပါတယ်။ စမ်းသပ်ပြေးဆွဲမယ့်ကာလကို သြဂုတ် (၂၆) ကနေ နိုဝင်ဘာ (၁၅) ရက်အထိသတ်မှတ်ထားပြီး ဆန်တိုဆာကျွန်းအပန်းဖြေစခန်းက (၃)…

6dce88d714f6b62c256e345a806ef077.jpg

အမေဇုံမိုးသစ်တောမှာ စံချိန်တင်တောမီးလောင်မှုဖြစ်ပွားနေ

ကမ္ဘာ့လေထုထဲမှာရှိနေသမျှ အောက်ဆီဂျင်ပမာဏစုစုပေါင်းရဲ့ (၂၀) ကိုထုတ်လုပ်ပေးနေတာကြောင့် ကမ္ဘာမြေရဲ့ အဆုတ်လို့ တင်စားခေါ်ကြတဲ့အမေဇုံမိုးသစ်တောကြီးထဲမှာတော့ တောမီးလောင်မှုတွေ အကြီးအကျယ် ဖြစ်ပွားနေပါတယ်။ စိမ်းစိုတဲ့သစ်ပင်အုပ်တွေကြားကနေ အုံကြွတက်လာတဲ့မီးခိုးလုံးကြီးတွေရဲ့ပုံတွေက လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့နေပြီး နေ့လယ်ဘက်အချိန်မှာတောင် ကောင်းကင်နဲ့နေကိုမမြင်ရစေလောက်တဲ့မီးခိုးတွေက ဆော်ပေါ်လိုမြို့ ထိတောင်ရောက်သွားခဲ့တာပါ။ အမေဇုံမိုးသစ်တောက တောင်အမေရိကနိုင်ငံအတော်များများနဲ့ ထိစပ်နေပေမဲ့…

chinese_kid_01.jpg

တစ်နေ့ကို (၁၀) နာရီကျော် ဖုန်းအသုံးပြုခဲ့တဲ့အတွက် မျက်စိစွေသွားခဲ့တဲ့ကလေးလေး

စာဖတ်ပရိသတ်တွေ တစ်ချိန်လုံးဖုန်းကိုင်နေရင် အိမ်က အမေက “ဖုန်းပဲကိုင်နေတယ်” လို့ အဆူခံရတယ်မလား။ တကယ်တော့ အဲဒီလို အဆူခံရတာ ဖုန်းကိုင်တာများရင် မျက်လုံးတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်လို့ပြောတာဖြစ်တဲ့အတွက် ဝမ်းသာရမှာပါ။ အခုဆို တရုတ်နိုင်ငံ၊ ဟဲပယ်မြို့က အသက် (၉) နှစ်အရွယ်ကလေးတစ်ယောက်က…

68664558_2222222074570371_5931526831378268160_n.jpg

အရည်ပျော်ပျောက်ကွယ်သွားခဲ့တဲ့ရေခဲစိုင်တစ်ခုရဲ့ဈာပန

သြဂုတ်လ (၁၈) ရက်နေ့က အိုက်စလန်နိုင်ငွံမှာပြုလုပ်တဲ့ဈာပနတစ်ခုကတော့ ပုံမှန်တဲ့မတူ တမူထူးခြားနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် လူသားတစ်ဦးကွယ်လွန်လို့ပြုလုပ်တဲ့ဈာပနမျိုးမဟုတ်လို့ပါပဲ။ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြီး အပူချိန်မြင့်တက်လာမှုကြောင့် အိုက်စလန်နိုင်ငံမှာရှိတဲ့ရာပေါင်းများစွာသောရေခဲစိုင်တွေထဲကတစ်ခုဖြစ်တဲ့ Okjokull ရေခဲစိုင်ကြီး အရည်ပျော်ပျောက်ကွယ်သွားခဲ့လို့ ဒီဈာပနကိုပြုလုပ်တာဖြစ်ပါတယ်။ ယခင်က Ok မီးတောင်ထိပ်မှာရှိခဲ့ဖူးတဲ့ ရေခဲစိုင်ကြီးဟာ အခုတော့…

68299118_2222118097914102_5347130246527188992_n.jpg

ဟာဝိုင်အီမှာကျင်းပခဲ့တဲ့ The Rock ရဲ့ လက်ထပ်ပွဲ

ဟောလိဝုဒ်အက်ရှင်မင်းသားကြီး ဒွိန်းဂျွန်ဆင် (Dwayne Johnson/ The Rock) ကတော့ အချိန်အကြာကြီးတွဲလာခဲ့တဲ့ချစ်သူ အသက် (၃၄) နှစ်အရွယ် လော်ရန် ဟရှီယန် (Lauren Hashian) နဲ့ လက်ထပ်လိုက်ပါပြီ။ လက်ထပ်ပွဲကို ပြီးခဲ့တဲ့ တနင်္လာနေ့က…

intl-pekan01.jpg

ကားပျက်တဲ့နေရာမှာပဲ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ကူးခဲ့ရတဲ့ ကြင်စဦးဇနီးမောင်နှံ

မလေးရှားနိုင်ငံက ပီကန် (Pekan) မြို့လေးက နိုနီ (Noni) နဲ့ နာကီ (Naqi) ဆိုတဲ့စုံတွဲက အခုမှ မင်္ဂလာပွဲကျင်းပပြီးလို့ ရှုခင်းလှလှလေးနဲ့ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့အတွက် ရိုက်ကူးမယ့်နေရာကို သွားတဲ့လမ်းမှာ ကားပျက်သွားခဲ့ပါတယ်။ အကောင်းနဲ့ အဆိုးဒွန်တွဲနေတယ်ဆိုတဲ့ စကားအတိုင်းပဲ…