bird03-3.jpg

အရွယ်အစားအကြီးဆုံး ကြက်တူရွေးမျိုးစိတ်ရဲ့ ရုပ်ကြွင်းကို နယူးဇီလန်မှာ တူးဖော်တွေ့ရှိ

ကြက်တူရွေးမျိုးစိတ်တွေထဲမှာ အရွယ်အစားအကြီးမားဆုံးလို့ ယူဆနိုင်တဲ့ကြက်တူရွေးမျိုးစိတ် တစ်ခုဟာ အခုနယူးဇီလန်နိုင်ငံလို့ဖြစ်လာမယ့် ဒေသဝန်းကျင်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၉) သန်းအကြာကာလအတွင်းက ကျက်စားခဲ့ဖူးကြောင်း ပြီးခဲ့တဲ့ အင်္ဂါနေ့ထုတ် The Journal Biology Letters က ဖော်ပြလိုက်ပါတယ်။ ဒီကြက်တူရွေးမျိုးစိတ်ရဲ့ရုပ်ကြွင်းကိုတော့ နယူးဇီလန်နိုင်ငံ၊…

67801966_473370786783580_6051003149286637568_n.jpg

အမှိုက်ကားလာရင်ထွက်လာပြီး သန့်ရှင်းရေးအလုပ်သမားတွေကို နှုတ်ဆက်လေ့ရှိတဲ့ကလေးလေး

ဥက္ကလာဟိုးမားပြည်နယ်က သန့်ရှင်းရေးအလုပ်သမားတစ်ယောက်ဟာ သူ သွားရာလမ်းကြောင်းက ကလေးလေးတစ်ယောက်နဲ့ မိတ်ဖွဲ့ဖြစ်ခဲ့ပါတယ်။ အဲ့ဒီကလေးလေးက အမှိုက်ကားလာရင် သူ့ရဲ့အိမ်ထဲက အပြင်ကိုထွက်ပြီး သန့်ရှင်းရေးအလုပ်သမားကို ပုံမှန်လိုလို နှုတ်ဆက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ သန့်ရှင်းရေးအလုပ်သမားက ကလေးလေးကို အခုလိုအိမ်ထဲကထွက်လာပြီး နှုတ်ဆက်လေ့ရှိတဲ့အတွက် ကျေးဇူးတင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သန့်ရှင်းရေးအလုပ်သမား…

5d501fdc240000a945937eaa.jpeg

အိန္ဒိယနိုင်ငံမှာ တစ်ရက်တည်းနဲ့ အပင်သန်းချီစိုက်ပျိုးခဲ့

အခုနောက်ပိုင်းမှာ နိုင်ငံတော်တော်များများဟာ ပူပြင်းခြောက်သွေ့တဲ့ဒေသတွေ ပြန်လည်စိမ်းလန်းစိုပြေလာအောင် အပင်တွေ စိုက်ပျိုးလာကြပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း လူ (၁) သန်းကျော်က တစ်ရက်တည်းနဲ့ သစ်ပင် သန်း (၂၂၀) စိုက်ပျိုးခဲ့ကြပါတယ်။ အခုလိုစိုက်ပျိုးတာက ရာသီဥတုပြောင်းလဲခြင်းကို လျော့ချဖို့နဲ့  ပတ်ဝန်းကျင်တိုးတတ်ပြောင်းလဲဖို့အတွက် အိန္ဒိယအစိုးရရဲ့…

17007534-0-image-a-10_1565197781700.jpg

မှတ်ဉာဏ်ချွတ်ယွင်းနေတဲ့အဘေးတော်စပ်သူကို အရွယ်နဲ့မလိုက်အောင် ဂရုစိုက်ပြုစုတဲ့(၆) နှစ်သားလေး

ဗာဂျီးနီးယားပြည်နယ်က ကော့တ်တန် ကိတ်သ် (Colton Keith) ဆိုတဲ့ (၆) နှစ်အရွယ်ကလေးလေးက သူ့ရဲ့အဘေးကို ဂရုတစိုက်နဲ့ ထမင်းကျွေးနေတဲ့ဗီဒီယိုလေးဟာ အွန်လိုင်းမှာ ပျံ့နှံ့လို့နေပါတယ်။ အဲ့ဒီဗီဒီယိုလေးမှာ “ဂေါ်ဖီလက်သုပ်လေးစားဖို့လား..။ ဒီမှာ” လို့ သူ့အဘေးကို မေးနေတာကိုလည်း တွေ့ရပါတယ်။…

67710992_2525289610835277_261335784865398784_n.jpg

အသီးအရွက်ကိုအဓိကထားစားသုံးပြီး ရာသီဥတုပြောင်းလဲမှုကိုတားဆီးနိုင်

အသီးအရွက် အဓိကထားစားသုံးတဲ့စားသောက်မှုပုံစံကို ပြောင်းလဲရင် ရာသီဥတုပြောင်းလဲမှုကိုတားဆီးဖို့ အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ အနောက်နိုင်ငံတွေမှာ အသားနဲ့ နို့ထွက်ပစ္စည်းစားသုံးမှုမြင့်မားလာတာဟာ ကမ္ဘာကြီးပူနွေးမှုကိုအထောက်အပံ့ဖြစ်စေနိုင်တယ်လို့ မြေယာအသုံးပြုမှုနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေက ကမ္ဘာတစ်ဝန်းမှာမှီတင်းနေထိုင်သူကြတွေကို သက်သက်လွတ်စားကြဖို့တိုက်ရိုက်တိုက်တွန်းခဲ့တာမျိုးတော့မရှိပါဘူး။ လူသားတွေက…

68296391_2525289224168649_3409310323344146432_n.jpg

အထူးအခွင့်အရေးရုပ်သိမ်းခံရပြီး အဆက်အသွယ်ပြတ်တောက်နေတဲ့ ကက်ရှ်မီးယားဒေသ

ကက်ရှ်မီးယားဒေသကို အထူးအခွင့်အရေးပေးအပ်ထားတဲ့ အခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေရုပ်သိမ်းလိုက်တာနဲ့ပတ်သက်ပြီး အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ကာကွယ်ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကစီမံခန့်ခွဲနေတဲ့ ကက်ရှ်မီးယားဒေသမှာ ခေတ်သစ်တစ်ခုစတင်ပြီ၊ တိုးတက်မှုကိုပိတ်ဆို့နေတဲ့အဟန့်အတားတွေကိုဖယ်ရှားလိုက်ပြီလို့ မိုဒီက ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်ကို အထူးအခွင့်အရေး ပေးထားတဲ့ အခြေခံဥပဒေပုဒ်မ (၃၇၀)…

68490887_2525289037502001_5296461877386149888_n.jpg

ရုပ်ရှင်ထဲမှာ ဗီလိန်၊ လက်တွေ့ဘဝမှာ သူရဲကောင်း

ဟောလိဝုဒ်သရုပ်ဆောင်မင်းသား ဒန်နီထရီဂျိုဟာ ယာဉ်မတော်တဆမှုကြောင့် ပက်လက်လန်နေတဲ့ကားထဲကကလေးငယ်ကို အသက်ကယ်ပေးနိုင်ခဲ့ပါတယ်။ ကားတစ်စီးက မီးနီဖြတ်မောင်းပြီး တခြားကားတစ်စီးကို ဝင်တိုက်ချိန်မှာ အတိုက်ခံရတဲ့ကားက ပက်လက်လန်တိမ်းမှောက်သွားခဲ့ပါတယ်။ အဲဒီကားထဲမှာ အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက်ပိတ်မိနေတာကို မြင်တွေ့လိုက်တဲ့ထရီဂျိုက သွားရောက်ကူညီခဲ့တာပါ။ ကားထဲမှာရှိနေတဲ့အမျိုးသမီးက ဒဏ်ရာရနေပေမဲ့ သူ့ကလေးကိုပဲကယ်ပေးပါလို့ အော်ဟစ်ခဲ့ပါတယ်။…

67796623_2525289867501918_3728934286204600320_n.jpg

ဆယ်လ်ဖီဗီဒီယိုရိုက်ပြီး သွေးပေါင်ချိန်တိုင်းနိုင်မယ့်နည်းပညာ

အနာဂတ်မှာ ဆယ်လ်ဖီဗီဒီယိုရိုက်ပြီး သွေးပေါင်ချိန်တိုင်းနိုင်မယ့်နည်းပညာကို သိပ္ပံပညာရှင်တွေကို စမ်းသပ်နေပါတယ်။ Transdermal Optical Imaging လို့ အမည်ရတဲ့နည်းပညာအရ စမတ်ဖုန်းနဲ့ ရိုက်ကူးပြီး မျက်နှာပုံပါတဲ့ဗီဒီယိုတွေရဲ့ သွေးစီးဆင်းပုံပြောင်းလဲမှုကိုဖော်ထုတ်ပြီး သွေးပေါင်ချိန်တိုင်းတာမှာပါ။ ပတ်ဝန်းကျင်မှာရှိပြီးသားမူလအလင်းရောင်က အရေပြားရဲ့ အပေါ်ဆုံးအလွှာကိုထိုးဖောက်ဝင်ရောက်နိုင်ပြီး စမတ်ဖုန်းထဲမှာရှိတဲ့ ဒီဂျစ်တယ်စက္ခုအာရုံခံဆင်ဆာတွေက…

67920375_2525289800835258_3522997472014106624_n.jpg

လက်ထပ်ဖို့ကတိမတည်တဲ့အမျိုးသားတွေကို ဒဏ်ရိုက်မယ့်ဥပဒေပြဋ္ဌာန်းမယ်လို့ တူနီးရှားသမ္မတရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း ပြော

လိင်စိတ်နှိုးဆွရာရောက်တယ်ဆိုတဲ့ကပွဲတွေကြောင့် နာမည်ကျော်ကြားတဲ့အကမယ် နာမင်းဆာကတော့ သူသာ တူနီးရှားသမ္မတဖြစ်ရင် လက်ထပ်မယ်ဆိုတဲ့ကတိ မတည်တဲ့အမျိုးသားတွေကို ဒဏ်ရိုက်မယ့်ဥပဒေ ပြဋ္ဌာန်း သွားမယ်လို့ ပြောပါတယ်။ အသက် (၂၁) နှစ်အရွယ်ရှိတဲ့ နာမင်းဆာဟာ စက်တင်ဘာလ (၁၅) ရက်နေ့မှာကျင်းပမယ့် တူနီးရှားသမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့စီစဉ်နေသူပါ။…

67913659_2525289147501990_5560523437476151296_n.jpg

မိန်းကလေးလိုဟန်ဆောင်ပြီး ထောင်ကလွတ်မြောက်ဖို့ကြိုးစားခဲ့တဲ့မူးယစ်ရာဇာ သေဆုံး

မိန်းကလေးလိုဟန်ဆောင်ပြီး ထောင်ကနေထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားခဲ့တဲ့ ဘရာဇီးအကျဉ်းသားဟာ သူ့အစီအစဉ်မအောင်မြင်ခဲ့တဲ့နောက် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တယ်လို့ ဘရာဇီးမီဒီယာတွေက ဖော်ပြ ပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ ထောင်ကျနေတဲ့ ဒါဆေးလ်ဗားဟာ သူ့ကိုထောင်ဝင်စာလာတွေ့တဲ့ သမီးဖြစ်သူလိုဟန်ဆောင်ပြီး ထောင်ထဲကနေ ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ အကျဉ်းထောင်အစောင့် အကြပ်တွေကို လှည့်စားနိုင်ခဲ့ခြင်းမရှိပါဘူး။ သူဟာ ဆံပင်တု၊…