အမေရိကန် သံတမန် ၆၀ ကို နှင်ထုတ်ပြီး ကောင်စစ် ဝန်ရုံးပိတ်လိုက်တဲ့ ရုရှား
အမေရိကန်ရဲ့ လုပ်ဆောင်မှုကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံက အမေရိကန် သံတမန် ၆၀ ကို နှင်ထုတ်တဲ့အပြင် စိန့်ပီတာစဘတ်မို့က အမေရိကန် ကောင်စစ်ဝန်ရုံး ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားသံတမန်တွေကို နှင်ထုတ်ခဲ့တဲ့ အခြားနိုင်ငံတွေကိုလည်း အလားတူတုံ့ပြန်သွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

