တရုတ်နိုင်ငံမှာပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် ဂျပန်အထိ ကူးစက်
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်(Coronavirus)ဟာ ဂျပန်နိုင်ငံအထိ ကူးစက်ခဲ့တယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ တိုကျိုမြို့နဲ့ ဘေးကပ်လျက်တည်ရှိတဲ့ ကာနာဂါဝါစီရင်စုမှာ အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။…

