15-7-2020-yyl-011.jpg

ရီးရဲလ်ကို အမီလိုက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆွာရက်ဇ် ဝန်ခံ

လာလီဂါအမှတ်ပေးဇယားမှာ ရီးရဲလ်ကို အမီလိုက်ဖို့ မဖြစ်နိုင်သလောက်ရှိနေပြီလို့ ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က ဝန်ခံခဲ့ပါတယ်။ လာလီဂါရာသီသိမ်းဖို့ ပွဲစဉ်(၂)ပွဲပဲ ကျန်ရှိတော့ချိန်မှာ ရီးရဲလ်က ဘာစီလိုနာကို ၄ မှတ်ဖြတ်ထားသလို ထိပ်တိုက်တွေ့ဆုံမှုအရလည်း အသာရနေလို့ နောက်ထပ် ၂ မှတ်ရရင် လာလီဂါချန်ပီယံဖြစ်တော့မှာပါ။…

14-7-2020-yyl-008.jpg

ပြင်သစ်နိုင်ငံမှာ စပါးနောက်ခံလူ ဆာ့ဂျ်အူရီရာရဲ့ညီ ပစ်သတ်ခံရ

စပါးနောက်ခံလူ ဆာ့ဂျ်အူရီရာရဲ့ ညီဖြစ်သူဟာ ပြင်သစ်နိုင်ငံ တူးလု့စ်မြို့ရဲ့ ညကလပ်အပြင်ဘက်မှာ ပစ်သတ်ခံခဲ့ရပါတယ်။ ဗိုက်ကို သေနတ်မှန်ထားတဲ့ ခရစ္စတိုဖာအူရီရာကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဆေးရုံတင်ပို့ခဲ့ပေမဲ့ ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာပါ။ သူ့ကို ပစ်ခတ်ခဲ့တယ်လို့ သံသယရှိသူကတော့ အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ယောက်က…

13-7-2020-yyl-013.jpg

၁၆ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တစ်ကျော့ပြန်ရောက်လာဖို့ အလွန်နီးစပ်နေတဲ့ လိဒ်ယူနိုက်တက်

ဆွမ်ဆီးကို ဝ-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ လိဒ်အသင်းဟာ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် တန်းတက်ခွင့်ရဖို့ လက်တစ်ကမ်းအကွာ ရောက်ရှိလာခဲ့ပါပြီ။ ၂၀၀၁ ခုနှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကစားခွင့်ရခဲ့ပေမဲ့ ၂၀၀၄ ခုနှစ်မှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့ လိဒ်အသင်းဟာ…

9-7-2020-yyl-012.jpg

နယူးကာဆယ်နဲ့ပွဲမှာ ရခဲလှတဲ့ ဂိုးသွင်းစံချိန်သစ် တစ်ရပ်ကို မန်စီးတီး ရေးထိုး

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ရာသီအတွင်း ၁၀ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ကစားသမား ၅ ယောက်ရှိတဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။ နယူးကာဆယ်ကို ၅ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မာရက်ဇ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၀…

9-7-2020-yyl-011.jpg

လီဗာပူးသမိုင်းမှာ ပရီးမီးယားလိဂ်ဂိုး (၁၀၀) အမြန်ဆုံး စွမ်းဆောင်နိုင်သူ အဖြစ် ဆာလာ စံချိန်တင်

ဘရိုက်တန်ကို ၁-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးနိုင်ခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး ဆာလာဟာ အသင်းအတွက် ပရီးမီးယားလိဂ် ဂိုး (၁၀၀) အမြန်ဆုံး စွမ်းဆောင်နိုင်သူ( သွင်းဂိုး+ ဂိုးဖန်တီးမှု)အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဆာလာဟာ လီဗာပူးအတွက်…

8-7-2020-yyl-009.jpg

ရာသီအစကတည်းကသာ သူ့ကိုခေါ်ခဲ့ရင် အေစီမီလန်အသင်း စီးရီးအေဖလား ရနိုင်တယ်လို့ အီဘရာဟီမိုဗစ် ပြော

အေစီမီလန်အသင်းသာ သူ့ကို စောစောစီးစီး ခေါ်ယူခဲ့ရင် စီးရီးအေဖလား ဆွတ်ခူးနိုင်လောက်တယ်လို့ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပြောပါတယ်။ စီးရီးအေအမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ဂျူဗင်တပ်အသင်းကို ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ အီဘရာဟီမိုဗစ်က အခုလို ပြောခဲ့တာပါ။ ၂၀၁၁…

8-7-2020-yyl-008.jpg

လက်စတာတိုက်စစ်မှူး ဗာဒီ အနီကတ်မထိခဲ့လို့ အာဆင်နယ်နည်းပြ ဒေါသထွက်နေ

လက်စတာနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ အန်ကက်တီယာ ထုတ်ပယ်ခံရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး VAR စည်းမျဉ်းတွေကို နားမလည်နိုင်အောင်ဖြစ်မိတယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။ အန်ကက်တီယာဟာ လူစားဝင်ကစားပြီး ၄ မိနစ်အကြာမှာပဲ ဂျိမ်းစ်ဂျက်စတင်ကို ခြေထောက်နဲ့နင်းဝင်သလိုဖြစ်ခဲ့လို့ VAR ပြန်ကြည့်ပြီး အနီကတ်ပြ…

7-7-2020-yyl-004.jpg

နေအိမ်ဖောက်ထွင်းခံရလို့ ဖီအိုရင်တီးနားမှာ ရစ်ဘာရီ ဆက်ကစားဖို့ မသေချာ

ပြီးခဲ့တဲ့အားလပ်ရက်မှာ သူ့ရဲ့နေအိမ် ဖောက်ထွင်းခံရပြီးနောက် သူ့မိသားစုရဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရတဲ့အတွက် ဖီအိုရင်တီးနားမှာ ဆက်ကစားဖြစ်ဖို့ မသေချာသေးဘူးလို့ ပြင်သစ်တောင်ပံကစားသမား ရစ်ဘာရီက ပြောပါတယ်။ ဖီအိုရင်တီးနားနဲ့ ပါးမားအသင်း ပွဲကစားနေတုန်း ရစ်ဘာရီရဲ့နေအိမ် ဓားပြတိုက်ခံခဲ့ရတာပါ။ ပြင်သစ်တောင်ပံကစားသမား ရစ်ဘာရီဟာ ပြီးခဲ့တဲ့နွေရာသီမှာ…

7-7-2020-yyl-006.png

ဆွန်ဟောင်မင်နဲ့ အချင်းများခဲ့တဲ့ အကြောင်းရင်းကို စပါးဂိုးသမား ထုတ်ပြော

အဲဗာတန်နဲ့ပွဲမှာ အသင်းဖော် ဆွန်ဟောင်မင်နဲ့ အချေအတင်ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို စပါးအသင်းခေါင်းဆောင် ဟူဂိုလိုရစ်က ထုတ်ပြောခဲ့ပါတယ်။ အဲဒီပွဲစဉ် ပထမပိုင်းအပြီး ကွင်းထဲကထွက်လာချိန်မှာ ဟူဂိုလိုရစ် က အပြေးအလွှား နောက်ကလိုက်ပြီး ဆွန်ဟောင်မင်ကို ဆောင့်တွန်းခဲ့လို့ အသင်းဖော်တွေ ကြားဝင်ဖျန်ဖြေခဲ့ရပါတယ်။ ဆွန်ဟောင်မင်က…

6-7-2020-yyl-017.jpg

လိဂ်ပြိုင်ပွဲမှာ အဝေးကွင်း ၃ ပွဲဆက်ရှုံးနိမ့်မှု ကြုံတွေ့ခဲ့တဲ့ မန်စီးတီး

ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ မန်စီးတီးနည်းပြ ဂွာဒီယိုလာအတွက် မှတ်တမ်းဆိုးတစ်ရပ် ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဂွာဒီယိုလာဟာ နည်းပြဘဝမှာ ပထမဆုံးအကြိမ်အဖြစ် လိဂ်ပြိုင်ပွဲမှာ အဝေးကွင်းပွဲစဉ် ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းပိုင်ဆိုင်ခဲ့တာပါ။ မန်စီးတီးဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပြိုင်ပွဲတွေ မရပ်နားခင် မန်ချက်စတာဒါဘီပွဲမှာ…