yyl-018-5.jpg

ဟန်ဆောင်လှဲချမှုတွေ ဖြေရှင်းဖို့ VAR စနစ် အသုံးပြုဦးမှာမဟုတ်

ဟန်ဆောင်လှဲချမှုက ပရီးမီးယားလိဂ်မှာ ပြဿနာတစ်ရပ်ဖြစ်နေပေမဲ့ ဂိုးဧရိယာအတွင်း ဟန်ဆောင်လှဲချမှုတွေကို ဖြေရှင်းဖို့အတွက် VAR (ဗီဒီယိုလက်ထောက်ဒိုင်စနစ်)အသုံးပြုမှာမဟုတ်ဘူးလို့ ဘောလုံးလောကရဲ့ စည်းမျဉ်းရေးဆွဲသူတွေက ပြောပါတယ်။ အင်္ဂါနေ့နံနက်ပိုင်းက ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ဝက်စ်ဟမ်းတို့ ပွဲစဉ်မှာ ဟန်ဆောင်လှဲချတဲ့ဖြစ်ရပ် တော်တော်များများရှိခဲ့ပါတယ်။ ဝက်စ်ဟမ်းဘက်မှာ မက်ခ်နိုဘယ်၊…

yyl-017-3.jpg

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်က အေစီမီလန်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေ

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်က အေစီမီလန်အသင်းကို ပေါင်သန်း ၈၉၀ နဲ့ ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဘားနက်ဒ်အာနော့(Bernard Arnault)ဟာ နာမည်ကျော်ဖက်ရှင်ကုမ္ပဏီ လူးဝစ်ဗစ်တန်(Louis Vuitton)၊ ရှန်ပိန်ကုမ္ပဏီ ဒွန်ပီရစ်နန်နဲ့ တခြားကုန်အမှတ်တံဆိပ် ၆၈ မျိုးကို ပိုင်ဆိုင်သူပါ။…

yyl-016-4.jpg

ဂရစ်ဇ်မန်းကြောင့် အိမ်ကွင်းပိတ်ပင်ခံရဖွယ်ရှိနေတဲ့ ဘာစီလိုနာ

အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခွင့်ပြုချက်မရခင် ကြိုတင်သဘောတူညီချက် ရယူခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရင် ဘာစီလိုနာအသင်းအနေနဲ့ နျူးကမ့်ကွင်းကို ပိတ်ပစ်ရတဲ့အထိ အပြစ်ပေးခံရဖို့ ရှိနေတယ်လို့ စပိန်သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အက်သလက်တီကိုအသင်းနဲ့ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်အရ သူ့ရဲ့ ထွက်ခွာခွင့်လျော်ကြေးကို…

yyl-015-4.jpg

ခါဘီနဲ့ UFC ဥက္ကဋ္ဌက ပရဟိတဖောင်ဒေးရှင်းကို ဒေါ်လာ ၂ သန်း လှူဒါန်း

UFC လိုက်ဝိတ်ချန်ပီယံ ခါဘီနာမာဂိုမီဒေါ့ဗ်နဲ့ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်တို့က သူတို့ရဲ့ကတိအတိုင်း အမေရိကန်သိုင်းပေါင်းစုံ ကစားသမား ဒက်စတင်ပိုရာရဲ့ The Good Fight Foundation အတွက် အမေရိကန်ဒေါ်လာ ၂၀၀၀၀၀ လှူဒါန်းပေးခဲ့ပါတယ်။ ရုရှားသိုင်းပေါင်းစုံ ကစားသမား…

yyl-014-4.jpg

ဒဏ်ရာကို သွေးထွက်နည်းအောင် လုပ်ပေးခဲ့တဲ့ ကြိုးဝိုင်းအကူလူကို တိုင်ဆန်ဖျူရီ ဆုချီးမြှင့်

ဆွီဒင်လက်ဝှေ့သမား အော့တိုဝယ်လင်နဲ့ပွဲမှာ တိုင်ဆန်ဖျူရီ အနိုင်ရခဲ့တယ်ဆိုပေမဲ့ သူ့အခြေအနေက စိုးရိမ်စရာဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ တတိယအချီမှာကတည်းက အော့တိုဝယ်လင်ရဲ့ ပါဝါလက်သီးချက်ကြောင့် တိုင်ဆန်ဖျူရီ ညာဘက်မျက်ခုံးကွဲသွားခဲ့လို့ ကြိုးဝိုင်းဆရာဝန်ကို ပြခဲ့ရပါတယ်။ ဒီပွဲကို တိုင်ဆန်ဖျူရီ အနိုင်ရခဲ့တဲ့ အဓိကအကြောင်းရင်းတစ်ရပ်ကို ပြောရမယ်ဆိုရင် အကူလူ…

yyl11919010.jpg

ကစားသမားစုဖွဲ့မှုတန်ဖိုး ယူရိုတစ်ဘီလျံရှိတဲ့ ပထမဆုံး ဘောလုံးအသင်း သို့မဟုတ် မန်စီးတီး

ပရီးမီးယားလိဂ်ကလပ် မန်စီးတီးကတော့ ဘောလုံးသမိုင်းတစ်လျှောက်မှာ ယူရိုတစ်ဘီလျံတန် ကစားသမားစာရင်းရှိတဲ့ ပထမဆုံး ဘောလုံးအသင်းဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်လူ ရိုဒရီနဲ့ ညာနောက်ခံလူ ကန်ဆယ်လိုတို့ကို ပြောင်းရွှေ့ကြေးအများအပြားနဲ့ ခေါ်ယူခဲ့တဲ့ မန်စီးတီးအသင်းရဲ့ လက်ရှိကစားသမားစာရင်း တန်ဖိုးက ယူရို ၁.၀၁၄…

yyl11919009.jpg

၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဟော်လန်ရှုံးရတာ ကြီးလေးကြီးကြောင့်ပါလို့ ရိုင်ယန်ဘာဘယ် စွပ်စွဲ

ဟော်လန်အသင်းရဲ့ ကြီးလေးကြီးဖြစ်တဲ့ ရှနိုက်ဒါ၊ ဗန်ပါစီ၊ ရော်ဘင်နဲ့ ဗန်ဒါဗတ်တို့ရဲ့ အတ္တရှေ့တန်းတင်မှုကြောင့် ၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဟော်လန်အသင်း ရှုံးနိမ့်ခဲ့ရတာလို့ ဟော်လန်ကစားသမား ရိုင်ယန်ဘာဘယ်က ပြောပါတယ်။ တောင်အာဖရိကနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ အင်နီယေစတာရဲ့…

yyl11919008.jpg

အန်သိုနီဂျိုရှုအာရဲ့ ထိုးလုံးသတ်ပေါက်က သူ့အကြိုက်ဖြစ်နေလို့ ထပ်နိုင်ဦးမယ်လို့ အန်ဒီရုဇ် ပြော

အန်သိုနီဂျိုရှုအာရဲ့ ထိုးလုံးသတ်ပေါက်က သူ့အကြိုက်ဖြစ်နေလို့ ဆော်ဒီမှာ ထိုးသတ်မယ့် စိတ်မကျေပွဲမှာလည်း သူပဲ အနိုင်ရလိမ့်မယ်လို့ မက္ကဆီကို လက်ဝှေ့သမား အန်ဒီရုဇ်ဂျူနီယာက ပြောပါတယ်။ အရင်တုန်းက ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ ရှုံးပွဲမရှိခဲ့တဲ့ ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှုအာဟာ လွန်ခဲ့တဲ့ (၃)လက အန်ဒီရုဇ်ဂျူနီယာကို…

yyl11919007.jpg

လျှို့ဝှက်ကုသမှုလုပ်ဖို့ မိုက်ကယ်ရှူးမေချာကို ပြင်သစ်ဆေးရုံ တင်ပို့

ဖော်မြူလာဝမ်း ဂန္တဝင် ကားမောင်းသမားဟောင်း မိုက်ကယ်ရှူးမေချာဟာ လျှို့ဝှက်ကုသမှုခံယူဖို့အတွက် ပြီးခဲ့တဲ့တနင်္လာနေ့ညက ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆေးရုံကို သွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အသက် (၅၀)ရှိတဲ့ ဖော်မြူလာဝမ်း ချန်ပီယံဟောင်း မိုက်ကယ်ရှူးမေချာဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၉…

yyl11919006.jpg

ခါဘီကို UFC ဂန္တဝင် ဂျော့စိန့်ပါရီနဲ့ ပွဲတည်ဖို့ UFC ဥက္ကဋ္ဌ ဆန္ဒရှိနေ

ပွဲတိုင်းနိုင် သိုင်းပေါင်းစုံကစားသမား ခါဘီနာမာဂိုမီဒေါ့ဗ်ကို UFC ဂန္တဝင် ကစားသမားဟောင်း ဂျော့စိန့်ပါရီနဲ့ ပွဲတည်ဖို့ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်က ထောက်ခံထားပါတယ်။ အသက် ၃၀ အရွယ်ရှိတဲ့ UFC လိုက်ဝိတ်ချန်ပီယံ ခါဘီဟာ ဂျော့စိန့်ပါရီကို လေးစားအားကျခဲ့သူဖြစ်ပြီး…