67462394_2483412161689689_6394842807776837632_n.jpg

ဂရစ်ဇ်မန်းကို ပေါင် (၇၁၇) သန်းတန် လျော်ကြေးစာချုပ်ချုပ်ဆိုခဲ့တဲ့ဘာစီလိုနာ

အက်သလက်တီကိုအသင်းကနေပြောင်းရွှေ့လာတဲ့ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းမှာ ကျောနံပါတ် (၁၇) ဂျာစီကို ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုကနေ ဘာစီလိုနာကို ပေါင် (၁၀၈) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး (၅) နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဲဒီစာချုပ်မှာ ဘာစီလိုနာအသင်းက ဂရစ်ဇ်မန်းအတွက်…

66857667_2483411778356394_1344380623992651776_n.jpg

လာမယ့်ရာသီအတွက် စည်းမျဉ်းပြောင်းလဲမှုကို ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ကြေညာ

လာမယ့်ရာသီကစပြီး အသင်းတွေကိုအဆင့်သတ်မှတ်ရာမှာ အသင်း(၂) သင်းကြား ထိပ်တိုက်တွေ့ဆုံမှုကို ထည့်သွင်းစဉ်းစားသွားမယ်လို့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။ အသင်း (၂) သင်းကြား အမှတ်တူ၊ ဂိုးကွာခြားချက်တူ၊ သွင်းဂိုးတူနေရင် သူတို့(၂)သင်းရဲ့ အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ဖို့ အသင်း (၂)…

66735001_2483412148356357_2708909772794494976_n.jpg

ကမ္ဘာ့အကောင်းဆုံးအသင်းစာရင်းမှာ မန်ယူအသင်း အဆင့် (၃၄) နေရာရပ်တည်

FiveThirtyEight အဖွဲ့ရဲ့ ဘောလုံးကျွမ်းကျင်ပညာရှင်တွေက အညွှန်းကိန်းတန်ဖိုးတွက်ချက်ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးအသင်းကိုရွေးချယ်ရာမှာ မန်စီးတီးက အဆင့် (၁) နေရာမှာရပ်တည်ခဲ့ပါတယ်။ Soccer Power Index (SPI)လို့ အမည်ပေးထားတဲ့အညွှန်းကိန်းအရ အသင်းတွေကို တိုက်စစ်စွမ်းရည်နဲ့ ခံစစ်စွမ်းရည်အဆင့်သတ်မှတ်ပြီး အမှတ်ပေးတာဖြစ်ပါတယ်။ ကြားကွင်းမှာသွင်းယူတဲ့ ပျမ်းမျှသွင်းဂိုးကိုကြည့်ပြီး…

66633509_2471849679512604_475915542134259712_n.jpg

မက်ဆီအပေါ် တုံ့ပြန်လိုက်တဲ့ ဘာစီလိုနာအသင်းဖော်ဟောင်း ဒန်နီအဲလ်ဗက်စ်

ကိုပါအမေရိကပြိုင်ပွဲမှာ အိမ်ရှင်ဘရာဇီးအသင်း ဗိုလ်စွဲအောင် အကွက်ချစီစဉ်ထားတယ်ဆိုတဲ့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီရဲ့ စွပ်စွဲမှုကို ဘာစီလိုနာအသင်းဖော်ဟောင်း ဒန်နီအဲလ်ဗက်စ်က တုံ့ပြန်ခဲ့ပါတယ်။ မက်ဆီဟာ ချီလီကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ တတိယနေရာလုပွဲမှာ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံရလို့ ဒေါသထွက်ခဲ့ပြီး…

66236397_2471849909512581_241716009185050624_n.jpg

သူ့ခွေးလေးကို ပြန်ပေးရင် ပေါင် ၃၀၀၀၀ ဆုချမယ်ဆိုတဲ့ စတာရစ်ချ်

လပ်ကီးလက်စီလို့ ခေါ်တဲ့ သူ့ခွေးလေးကို ပြန်လာပေးရင် ဆုကြေးငွေ ပေါင် ၃၀၀၀၀ ချီးမြှင့်မယ်လို့ လီဗာပူးတိုက်စစ်မှူးဟောင်း စတာရစ်ချ်က ကြေညာထားပါတယ်။ လော့စ်အိန်ဂျလိစ်မြို့က စတာရစ်ချ်ရဲ့တိုက်ခန်း အနောက်ဘက်မှန်တံခါးကို ရိုက်ခွဲပြီး သူခိုးတွေက ဝင်ရောက်မွှေနှောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စတာရစ်ချ်က သူ့ရဲ့အင်စတာဂရမ်ပေါ်မှာ…

66695110_2471849306179308_6666157785945735168_n.jpg

ထိုက်သင့်တဲ့ ကမ်းလှမ်းမှုရရင် နေမာကို ရောင်းမယ်လို့ ပီအက်စ်ဂျီဥက္ကဋ္ဌ ပြော

ထိုက်သင့်တဲ့ကမ်းလှမ်းမှုရရင် နေမာကို အသင်းပြောင်းခွင့်ပေးမယ်လို့ ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လီယိုနာဒိုက ပြောပါတယ်။ ပီအက်စ်ဂျီက နေမာအပေါ် သည်းခံနိုင်စွမ်း နည်းလာပြီဆိုတာကို လီယိုနာဒိုရဲ့စကားလုံးတွေက သက်သေခံနေပါတယ်။ ” အားလုံးအတွက် ထိုက်သင့်တဲ့ကမ်းလှမ်းမှုရရင် ပီအက်စ်ဂျီကနေ နေမာ ထွက်ခွာနိုင်ပါတယ်။ လောလောဆယ်တော့…

66180718_2471849416179297_7591339435661197312_n.jpg

ကစားသမားဘဝရဲ့ ဆုဖလားစံချိန်ကို မြှင့်တင်လိုက်တဲ့ ဒန်နီအဲလ်ဗက်စ်

မာရာကာနာကွင်းမှာ ပီရူးကို အနိုင်ကစားပြီး ဘရာဇီးအသင်းနဲ့အတူ ဆွတ်ခူးနိုင်ခဲ့တဲ့ ကိုပါအမေရိကဖလားက နောက်ခံလူ ဒန်နီအဲလ်ဗက်စ်အတွက် ကစားသမားဘဝရဲ့ (၄၀) မြောက် ဆုဖလားဖြစ်ပါတယ်။ ဒန်နီအဲလ်ဗက်စ်ဟာ ကစားသမားဘဝမှာ ဆုဖလားအများဆုံး ဆွတ်ခူးနိုင်တဲ့ ကစားသမားအဖြစ် စံချိန်တင်ထားသူပါ။ (၁၈) နှစ်ကြာမြင့်တဲ့…

66270114_2471849749512597_34784819871219712_n.jpg

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကွင်းထဲဝင်ပြေးခဲ့သူက ကိုပါဗိုလ်လုပွဲမှာလည်း ကွင်းထဲဝင်ပြေးဖို့ ကြံစည်

လီဗာပူးနဲ့ စပါးအသင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရေကူးဝတ်စုံဝတ်ပြီး ကွင်းထဲဝင်ပြေးခဲ့သူက ကိုပါအမေရိကဗိုလ်လုပွဲမှာ ကွင်းထဲဝင်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့ရဲ့အစီအစဉ် တားဆီးခံခဲ့ရပါတယ်။ ဝိုလန်စကီးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ရုရှားအဖော်အချွတ် ဝက်ဘ်ဆိုက်နာမည် ရေးသားထားတဲ့ ရေကူးဝတ်စုံဝတ်ပြီး ကွင်းထဲဝင်ပြေးခဲ့တာပါ။ ဝိုလန်စကီးရဲ့ချစ်သူ…

66111496_2461134567250782_2268110235459649536_n.jpg

ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး အန်ဒွန်ဘီလီကို စပါး ခေါ်ယူ

လိုင်ယွန်ကွင်းလယ်လူ အန်ဒွန်ဘီလီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၆၅) သန်းနဲ့ ခေါ်ယူလိုက်ပြီလို့ စပါးအသင်းက ကြေညာခဲ့ပါတယ်။ အသက် (၂၂) နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူ အန်ဒွန်ဘီလီဟာ ပြီးခဲ့တဲ့ရာသီက လိုင်ယွန်အတွက် ခြေစွမ်းပြခဲ့သူဖြစ်ပြီး သူ့ရဲ့ကစားပုံက ချဲလ်ဆီးကစားသမားဟောင်း မိုက်ကယ်အက်ဆီယန်နဲ့…

66054522_2461134467250792_1591086259894222848_n.jpg

နယူးကာဆယ်နည်းပြဟောင်း ဘင်နီတက်ဇ်ကို တရုတ်စူပါလိဂ်ကလပ် နည်းပြခန့်အပ်

တရုတ်စူပါလိဂ်ကလပ် ဒါလျံယီဖန်အသင်းဟာ နယူးကာဆယ်နည်းပြဟောင်း ရာဖေးလ်ဘင်နီတက်ဇ်ကို နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။ ဘင်နီတက်ဇ်ဟာ နယူးကာဆယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးချိန်မှာ အသင်းနဲ့ လမ်းခွဲခဲ့သူပါ။ ဘင်နီတက်ဇ်ဟာ လီဗာပူး၊ ချဲလ်ဆီး၊ ဗလင်စီယာ၊ ရီးရဲလ်၊ နာပိုလီအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး ဒါလျံယီဖန်က…