30-6-2020-yyl-010.jpg

အီဂါလိုက မာစီယယ်ကို အထောင်တိုက်စစ်မှူး ဖြစ်လာအောင် ကူညီပေးနေ

မာစီယယ်ဟာ အထောင်တိုက်စစ်မှူးအဖြစ် ကစားနိုင်ဖို့အတွက် မန်ယူအသင်းမှာ အငှားလာရောက်ကစားနေတဲ့ အီဂါလိုဆီကနေ သင်ယူနေတယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ပြောပါတယ်။ မာစီယယ်ဟာ မိုနာကိုကနေ မန်ယူကို စတင်ပြောင်းရွှေ့လာခဲ့တဲ့ အစောပိုင်းနှစ်တွေမှာ တောင်ပံကစားသမားအဖြစ် ကစားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ နံပါတ်(၉)အဖြစ် ကစားနေပါတယ်။…

29-6-2020-yyl-005.jpg

ကစားသမား ဘဝကနေ အနားယူခဲ့တဲ့ ရော်ဘင်က ငယ်ဘဝကလပ်မှာ တစ်ကျော့ပြန် ကစားဖို့ စာချုပ်ချုပ်ဆို

ပြီးခဲ့တဲ့ရာသီမှာ ဘောလုံးသမားဘဝကနေ အနားယူခဲ့တဲ့ ဟော်လန်တောင်ပံကစားသမား ရော်ဘင်က ငယ်ဘဝကလပ် ဂရိုနင်ဂျန်အသင်းနဲ့ စာချုပ်ချုပ်ဆိုလိုက်ပါပြီ။ ချဲလ်ဆီး၊ ရီးရဲလ်၊ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ ကစားခဲ့တဲ့ ရော်ဘင်ဟာ ၂၀၀၀ ပြည့်နှစ်မှာ ဟော်လန်ကလပ် ဂရိုနင်ဂျန် လူငယ်အသင်းကနေ အသင်းကြီးမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး…

29-6-2020-yyl-004.jpg

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ မန်ယူ-ချဲလ်ဆီး၊ အာဆင်နယ်-မန်စီးတီး တွေ့ဆုံ

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်ယူနဲ့ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတွေ တွေ့ဆုံနေပါတယ်။ အဲဒီပွဲစဉ်တွေကို ဇူလိုင်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားမှာပါ။ မန်ယူဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ နောဝစ်ချ်ကို အချိန်ပိုသွင်းဂိုး (၁-၂)ဂိုးနဲ့ အနိုင်ရခဲ့ပြီး…

26-6-2020-yyl-010.jpg

မန်စီးတီးရဲ့ကစားဟန်က ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပဲလို့ ချဲလ်ဆီးနည်းပြ လမ်းပတ် ပြော

မန်စီးတီးအသင်းရဲ့ ကစားဟန်က ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဖြစ်တယ်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ချီးကျူးခဲ့ပါတယ်။ မန်စီးတီးကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ လမ်းပတ်က အခုလို ပြောခဲ့တာပါ။ ” ဒီပွဲက ခက်ခဲပါတယ်။ မန်စီးတီးလို အသင်းမျိုးနဲ့ ရင်ဆိုင်ရချိန်မှာ…

25-6-2020-yyl-019.jpg

ရီးရဲလ်ဘက်ကို ဒိုင်ကူနေတယ်ဆိုတဲ့ ပီကေးရဲ့ဝေဖန်မှုကို ရာမို့စ် တုံ့ပြန်

VAR စနစ်နဲ့ ဒိုင်တွေက ရီးရဲလ်အသင်းဘက်ပါနေလို့ ရီးရဲလ်အသင်း လာလီဂါချန်ပီယံမဖြစ်အောင် တားဆီးနိုင်ဖို့ ခက်ခဲတယ်လို့ ဝေဖန်ခဲ့တဲ့ ဘာစီလိုနာနောက်ခံလူ ပီကေးကို ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်က တုံ့ပြန်သွားခဲ့ပါတယ်။ ရီးရဲလ်ဟာ မာယော့ကာကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ ဘာစီလိုနာနဲ့…

25-6-2020-yyl-018.jpg

လာလီဂါပြိုင်ပွဲ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာတဲ့ ၁၅ နှစ်သား

ရီးရဲလ်ကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားခွင့်ရခဲ့တဲ့ မာယော့ကာ ကွင်းလယ်ဖန်တီးရှင် လူကာရိုမီယိုဟာ လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ အသက် ၁၅ နှစ်၊ ၂၁၉ ရက်ပဲ ရှိသေးတဲ့ လူကာရိုမီယိုဟာ လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး…

24-6-2020-yyl-059.jpg

ဘောက်ဆင်ကြိုးဝိုင်းထဲ ပြန်ဝင်လာဖို့ ရှိနေတဲ့ မက်ဂရီဂေါ်

UFC ပြိုင်ပွဲကနေ အနားယူပြီလို့ ကြေညာခဲ့တဲ့ အိုင်ယာလန် သိုင်းပေါင်းစုံ ကစားသမား မက်ဂရီဂေါ်က ဘောက်ဆင်ကြိုးဝိုင်းထဲ ပြန်ဝင်လာဖွယ်ရှိတယ်လို့ အရိပ်အမြွက်ဆိုခဲ့ပါတယ်။ အသက် ၃၁ နှစ်ရှိတဲ့ မက်ဂရီဂေါ်ဟာ အခုလအစောပိုင်းက ကျင်းပခဲ့တဲ့ UFC 250 ပြိုင်ပွဲအပြီး…

24-6-2020-yyl-058.jpg

အမ်ဘာပေနဲ့ ရက်ရှ်ဖို့ဒ်က အရည်အချင်း တန်းတူပဲလို့ ဆာဟာ ပြော

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေနဲ့ အရည်အချင်း တန်းတူပဲလို့ မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာက သုံးသပ်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ မန်ယူအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲ ကစားရာမှာ ၁၉ ဂိုးသွင်းပြီး ၆ ဂိုးဖန်တီးနိုင်ခဲ့သူပါ။…

24-6-2020-yyl-057.jpg

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့လာဘ်ကောင် ခေါင်းဖြူလင်းယုန်ငှက် သေဆုံး

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ လာဘ်ကောင်ဖြစ်တဲ့ ခေါင်းဖြူလင်းယုန်ငှက် ကေလာဟာ နှလုံးရောဂါကြောင့် သေဆုံးသွားခဲ့ပါပြီ။ ကေလာဟာ ပြီးခဲ့တဲ့လက သူ နေထိုင်တဲ့ Eagle Heights Wildlife Foundation မှာ ဖျားနာခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းပရိသတ်တွေက သူ့အသက်ကို ကယ်တင်ဖို့ GoFundMe…

24-6-2020-yyl-056.jpg

အမှားအယွင်းများနေတဲ့ နောက်ခံလူ ဒေးဗစ်လုဇ်ကို အာဆင်နယ်အသင်း တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆို

အာဆင်နယ်အသင်းဟာ ဘရာဇီးနောက်ခံလူ ဒေးဗစ်လုဇ်ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး အငှားကစားသမားတွေဖြစ်တဲ့ စီဒရစ်ဆိုးရက်စ်နဲ့ ပက်ဘလိုမာရီတို့ကိုလည်း အပြီးသတ်စာချုပ်တွေ ချုပ်ဆိုလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ အာဆင်နယ်နဲ့ ဒေးဗစ်လုဇ် ချုပ်ဆိုထားတဲ့စာချုပ်က အခုလကုန်ရင် သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဒေးဗစ်လုဇ်ရဲ့ခြေစွမ်းကလည်း အမှားအယွင်းတွေများနေလို့ သူ့ကို စာချုပ်သစ်…