24-11-2020-yyl-015.jpg

မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာတို့နဲ့ တွဲဖက်ကစားချင်လို့ ဘာစီလိုနာကို ပြောင်းရွှေ့ချင်ခဲ့တယ်လို့ ရွန်နီ ပြော

မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာတို့နဲ့ တွဲဖက်ကစားချင်လို့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့ဖူးတယ်လို့ မန်ယူတိုက်စစ်မှူးဟောင်း ရွန်နီက ပြောပါတယ်။ ရွန်နီဟာ ၂၀၁၀ ပြည့်နှစ်တုန်းက အသင်းပြောင်းခွင့်ရဖို့ တောင်းဆိုခဲ့ဖူးပြီး အဲဒီအချိန်တုန်းက ပရီးမီးယားလိဂ်ပြိုင်ဘက်တွေနဲ့ ဥရောပထိပ်တန်းအသင်းတွေက သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်ခဲ့ကြပါတယ်။…

19-11-2020-yyl-014.jpg

လီဗာပူးတိုက်စစ်မှူး ဆာလာနဲ့ အာဆင်နယ်ကွင်းလယ်လူ အယ်နီနီတို့ Positive ရလဒ် ထွက်နေသေးလို့ အီဂျစ်မှာ ဆက်နေရမယ်

လီဗာပူးတိုက်စစ်မှူး ဆာလာနဲ့ အာဆင်နယ်ကွင်းလယ်လူ အယ်နီနီတို့ ၂ ယောက်ကို ဒုတိယအကြိမ် စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိနေဆဲပဲလို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။ ဆာလာဟာ ပြီးခဲ့တဲ့သောကြာနေ့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက်ပိုင်း သီးသန့်ခွဲခြားနေထိုင်ခဲ့ရပြီး တိုဂိုနဲ့ ကစားခဲ့တဲ့…

19-11-2020-yyl-010.jpg

စပိန်ကို ၆ ဂိုးပြတ် ရှုံးနိမ့်တာ ဂျာမနီအသင်း အမှောင်ဖုံးခဲ့တဲ့နေ့ပဲလို့ နည်းပြဂျိုအာချင်လို ပြော

စပိန်အသင်းကို ၆ ဂိုးပြတ် ရှုံးနိမ့်မှုဟာ ဂျာမနီအတွက် အမှောင်ဖုံးတဲ့နေ့ ဖြစ်ခဲ့တယ်လို့ ဂျာမနီနည်းပြ ဂျာအာချင်လိုက ပြောခဲ့ပါတယ်။ စပိန်နဲ့ပွဲမှာ သရေတစ်မှတ်ရရင် Nations League ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမယ့် ဂျာမနီအသင်းဟာ ပထမပိုင်းမှာ ၃…

19-11-2020-yyl-006.jpg

ဖာဂူဆန်ခေတ်လွန်မှာ မန်ယူအသင်းက ကစားသမားသစ်တွေခေါ်ဖို့ ပေါင် ၁ ဘီလျံကျော် သုံးခဲ့ပေမဲ့ ဖလား (၃)လုံးပဲ ရခဲ့

မန်ယူအသင်းဟာ ဂန္ထဝင်နည်းပြ ဖာဂူဆန်နောက်ပိုင်း ၇ နှစ်အတွင်းမှာ နည်းပြ ၄ ယောက် အပြောင်းအလဲလုပ်ခဲ့ပြီး ကစားသမားသစ် (၃၇) ယောက် ခေါ်ယူဖို့အတွက် ပေါင် ၁.၀၇၄ ဘီလျံအထိ အသုံးပြုခဲ့ပေမဲ့ အက်ဖ်အေဖလား၊ ခရာဘောင်းဖလား (League…

12-11-2020-yyl-008.jpg

ဦးနှောက်ခွဲစိတ်မှုခံယူခဲ့ရတဲ့ မာရာဒိုနာ ဆေးရုံက ပြန်ဆင်းခွင့်ရဖို့ တောင်းဆို

အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာက ဆေးရုံကဆင်းချင်နေပြီး ဆရာဝန်တွေကလည်း သူ့ကို အိမ်ပြန် အနားယူခိုင်းဖို့ စဉ်းစားနေတယ်လို့ သူ့ရဲ့ဆရာဝန်က ပြောပါတယ်။ မာရာဒိုနာဟာ ပြီးခဲ့တဲ့တစ်ပတ်တုန်းက ဦးနှောက်ထဲမှာ သွေးခဲလို့ ခွဲစိတ်မှုခံယူခဲ့ရပြီး ဗျူနိုအေရိစ်မြို့ဆေးရုံမှာ စောင့်ကြည့်ကုသမှု ခံယူနေရပါတယ်။ မာရာဒိုနာကတော့ တတ်နိုင်ရင်…

12-11-2020-yyl-007.jpg

ဘာစီလိုနာက ခေါ်ချင်နေပေမဲ့ လိုင်ယွန်မှာပဲ ဒီပိုင်း ဆက်ရှိလိမ့်မယ်လို့ အသင်းဥက္ကဋ္ဌ ပြော

ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းက တောင်ပံကစားသမား ဒီပိုင်းကို ခေါ်ယူဖို့ အရှိန်မြှင့်ကြိုးပမ်းလာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ လိုင်ယွန်ဥက္ကဋ္ဌ အူလက်စ်ကတော့ လိုင်ယွန်မှာ ဒီပိုင်း ဆက်ရှိနေလိမ့်မယ်လို့ သေချာပေါက် ပြောခဲ့ပါတယ်။ ဒီရာသီမှာ ဘာစီလိုနာအတွက် ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့်…

21-10-2020-yyl-021.jpg

ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် ကစားသမားစာရင်းမှာ အနားယူသွားတဲ့ ဝါရင့်ဂိုးသမား ပီတာချက် ပါဝင်လာ

ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲ ကစားမယ့် ကစားသမား (၂၅) ယောက်စာရင်း ထုတ်ပြန်ကြေညာရာမှာ ဘောလုံးလောကကနေ အနားယူသွားခဲ့တဲ့ ဝါရင့်ဂိုးသမား ပီတာချက် ပြန်လည်ပါဝင်လာခဲ့ပါတယ်။ အသက် ၃၈ နှစ်ရှိတဲ့ ပီတာချက်ဟာ ချဲလ်ဆီးမှာ ၁၁ နှစ်ကြာ ကစားခဲ့တဲ့ကာလအတွင်း…

21-10-2020-yyl-020.jpg

ပီအက်စ်ဂျီကို အနိုင်ယူပြီး စံချိန်သစ်တစ်ခု စိုက်ထူလိုက်တဲ့ မန်ယူ

ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ပီအက်စ်ဂျီကို အနိုင်ရခဲ့တဲ့ မန်ယူဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အဝေးကွင်းပွဲစဉ် (၁၀)ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ စံချိန် စိုက်ထူနိုင်ခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီ ဦးဆောင်ဂိုး ရယူခဲ့တဲ့ မန်ယူဟာ ပွဲချိန်(၅၅)မိနစ်မှာ မာရှယ်ရဲ့ OG…

21-10-2020-yyl-019.jpg

ဆေးစစ်ချက်အဖြေမထွက်ခင် လေ့ကျင့်ခန်းဆင်းခဲ့တဲ့ ဂနာဘရီကြောင့် နောက်ထပ်အသင်းသားတွေ ရောဂါပိုး ကူးစက်ခံရမှာကို ဘိုင်ယန် စိုးရိမ်နေ

ဆေးစစ်ချက်အဖြေမထွက်ခင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းခဲ့တဲ့ တောင်ပံကစာသမား ဂနာဘရီကြောင့် နောက်ထပ်အသင်းသားတွေ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှာကို ဘိုင်ယန်မြူးနစ်အသင်း စိုးရိမ်နေရပါတယ်။ ဂနာဘရီဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပြီး နောက်ခံလူ အလာဘာနဲ့အတူ တစ်ယောက်ပခုံး တစ်ယောက်ကိုင်ပြီး အကြောလျော့လေ့ကျင့်ခန်းလုပ်နေတာ…

21-10-2020-yyl-018.jpg

မာဆေးဆိုက်ဒ်ဒါဘီပွဲမှာ VAR တာဝန်ယူခဲ့သူ ဒေးဗစ်ကူတေးကို လာမယ့်တစ်ပတ်မှာ စတုတ္ထဒိုင်အဖြစ်သာ တာဝန်ပေးမယ်

၂ ဂိုးစီသရေကျခဲ့ပြီး အငြင်းပွားစရာတွေ ဖြစ်ပေါ်ခဲ့တဲ့ မာဆေးဆိုက်ဒ်ဒါဘီပွဲမှာ VAR ဒိုင်အဖြစ် တာဝန်ယူခဲ့သူ ဒေးဗစ်ကူတေးကို လာမယ့်တစ်ပတ် ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ကွင်းလယ်ဒိုင်၊ စည်းကြပ်ဒိုင်၊ VAR ဒိုင်အဖြစ် တာဝန်ပေးတော့မှာမဟုတ်ဘဲ စတုတ္ထဒိုင်အဖြစ်ပဲ တာဝန်ပေးတော့မယ်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ရဲ့…