ဥကမပေါက်ဖွားသေးတဲ့ငှက်သားလောင်းတွေရဲ့ ထူးခြားတဲ့အပြုအမူ
ငှက်ဆိုတဲ့သတ္တဝါတွေဟာ ဥကမပေါက်ခင်အရွယ်မှာကတည်းက အမျိုးချစ်တတ်လွန်းကြတဲ့ သတ္တဝါတွေပါ။ ဒါကို သိပ္ပံပညာရှင်တွေက ခြေဝါစင်ရော်ငှက်ဥတွေကို လေ့လာမှုပြုလုပ်ခဲ့ရာမှာ အံအားသင့်ဖွယ်သိခဲ့ရတာဖြစ်ပါတယ်။ ငှက်တွေရဲ့ သဘောသဘာဝကိုလေ့လာတဲ့သုတေသနတစ်ခုမှာ လေ့လာသူတွေက ငှက်မိဘတွေအထိတ်တလန့်ဖြစ်စဉ် အော်ဟစ်ကြတဲ့အသံမျိုးကို အသံဖမ်းယူထားပြီး ဥတချို့ရဲ့အနားမှာ ပြန်ဖွင့်ပြခဲ့ကြပါတယ်။ အဲဒီအသံထွက်ပေါ်လာပြီးမကြာခင်မှာပဲ အသံနဲ့ဝေးရာကဥတချို့လှုပ်ခါလာတာတွေ့ခဲ့ရပြီး ကပ်လျက်မှာရှိနေတဲ့ဥတွေကို…

